၆ပတ်တာအတွင်း အဆီပိုတွေကို ဖယ်ရှားပေးနိုင်ခဲ့တဲ့ Mission Slim Possible 2 ပြိုင်ပွဲကြီးကတော့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။
Thin Nu Swe

Madi ၊ Yangon 365 Wellfit Movement နဲ့ Infinity Fitness Center တို့ ပူးပေါင်းကျင်းပခဲ့တဲ့ Mission Slim Possible ပွဲကြီးကတော့ ၆ပတ်တာပြီးမြောက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီပြိုင်ပွဲကာလ ၆ပတ်တာအတွင်းမှာ ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ စိတ်ကူး၊အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ခဲ့ကြသူတွေကို ဆုကြေးငွေ ချီးမြှင့်ပေးခဲ့တဲ့ပွဲအခမ်းအနားကို စက်တင်ဘာလ ပထမပတ်မှာ ကျင်းပခဲ့ပါတယ်။

ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုနဲ့ ဇွဲ၊လုံ့လတွေနဲ့ ကြိုးစားခဲ့ကြရတဲ့ ဒီစိန်ခေါ်ပွဲကြီးမှာ Winner အဖြစ် ကိုချမ်းမြေ့အောင်က ဆုကြေးငွေ (၅)သိန်းနဲ့ (၁)နှစ် free ကစားခွင့်၊ ဒုတိယဆုအဖြစ် Thomas ခေါ် ကိုလင်းထက်နိုင်က ဆုကြေးငွေ (၃)သိန်း နဲ့ ၆လ free ကစားခွင့် ၊ တတိယဆုအဖြစ် Steven က ဆုကြေးငွေ ၁သိန်း နဲ့ ၃လကစားခွင့် အသီးသီး ရရှိခဲ့ကြပါတယ်။ Trainer ကိုချမ်းဟာလည်း PT Winner ဆုနဲ့ Group PT Trainer ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ 

တတိယဆုရှင် Steven က အဆီပိုတွေ ဘယ်လိုဖယ်ရှားခဲ့သလဲဆိုတဲ့ နည်းလမ်းကို မျှဝေပါတယ်။

“အလုပ်နဲ့ ခရီးအမြဲသွားနေရတဲ့ ကျွန်တော့်အတွက် Gym မှာနေ့စဉ်ဆော့ဖို့ဆိုတာ မလွယ်ကူဘူး။ ဒါပေမယ့် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မညှာဘဲ ရောက်တဲ့နေရာတိုင်းမှာ Gym ရအောင် ဆော့တယ်၊ ပေးထားတဲ့ Meal Plan အတိုင်း ရအောင်စားတယ်။ ကျွန်တော်တို့ လူတွေက ကိုယ့်ကိုယ်ကိုယ် အရမ်းညှာတယ်။ ကျွန်တော်တို့ ကိုယ်လုံးထဲမှာ စိတ်ရယ်၊ ခန္ဓာရယ် နှစ်မျိုးရှိတယ်။ ကျွန်တော်တို့ ဦးနှောက်က မင်းမလုပ်နဲ့တော့ ၊ မင်းနာနေပြီ။ မင်းအားမရှိတော့ဘူးလို့ ပြောနေတယ်။ ဒါပေမယ့် တကယ်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်က လုပ်နိုင်တယ်။ ကျွန်တော်တို့ Gym ကို တစ်နာရီ ရောက်အောင်လာတယ်။ တစ်နာရီအတွင်းရအောင် ဆော့တယ်။ ဒီနေ့ တစ်နေ့တာလုပ်ရမယ့် Workout ကိုပါ လုပ်နိုင်လာတယ်။ တကယ်က စိတ်စွမ်းအင်ပဲ လိုအပ်တာ၊ တကယ်သာ စိတ်စွမ်းအင်ကို မြှင့်တင်ပြီး လုပ်မယ်ဆိုရင် အရာအားလုံး လုပ်နိုင်တယ်။ Gym ဆော့ရင် ခန္ဓာကိုယ်ကို လှပစေရုံသာမက စိတ်စွမ်းအင်ကို ပါ မြှင့်တင်ပေးနိုင်တယ်" 

၆ပတ်တာ အချိန်တိုအတွင်း ခန္ဓာကိုယ်အတွင်းက အဆီပိုတွေကို ဖယ်ရှားပေးနိုင်ခဲ့တဲ့ Mission Slim Possible စိန်ခေါ်ပွဲကြီးကတော့ ပြီးဆုံးမသွားသေးပါဘူး။ နောက်ထပ်လည်း Mission Slim Possible 3 ပြိုင်ပွဲကြီးက မကြာခင် ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားကို မကျေနပ်ဘဲ အဆီပိုတွေကို ချချင်တဲ့သူတွေအတွက် Mission Slim Possible ပြိုင်ပွဲမှာ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကြဖို့ PT Winner ဆုရှင် ကိုချမ်းက ပြောပါတယ်။

“အဆီအရမ်းတက်နေလို့ ၊ အရမ်းဝနေလို့ စိတ်ဓာတ်ကျနေစရာမလိုပါဘူး။ ဝိတ်ချလို့ရတဲ့ အားကစားနည်းတွေကလည်း အများကြီးပါ။ တကယ်သာ ဝိတ်ကျချင်တယ်ဆိုရင် ဒီကိုသာ လာခဲ့ပါ။ မှန်ကန်တဲ့ နည်းစနစ်တွေနဲ့ ဝိတ်ချချင်တယ်ဆိုရင်တော့ Infinity ကိုသာလာခဲ့ပါ။ ဝိတ်ကျသွားအောင် Train ပေးလို့ရပါတယ်။ Mission Slim Possible 3 ပြိုင်ပွဲကလည်း လာတော့မှာဆိုတော့ လာ Join ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”

မဒီရဲ့ Madi's Challenge အတွင်းပါဝင်ခဲ့ကြတဲ့ အဖွဲ့ဝင်တွေဟာလည်း တစ်ဦးချင်းစီအလိုက် ဆုမရရှိခဲ့ပေမယ့် အဖွဲ့လိုက် အဆီကျအများဆုံးဆု Trainer ဆုကိုတော့ Trainer ကိုချမ်းက ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။ Mission Slim Possible ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲချင်သူတွေအတွက် Mission Slim Possible 3 ကို အောက်တိုဘာလ ၁၂ ရက်မှာ ပြန်လည်စတင်မှာဖြစ်တဲ့အတွက် နီးစပ်ရာ Branch မှာ စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။


က္က