မိဿရာသီဖွား
---
အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာမယ့် ကာလလေးပဲဖြစ်ပါတယ်။ မိမိလျှောက်ထားသော (သို့) မိမိအင်တာဗျူးဖြေဆိုထားသော နေရာများမှ သတင်းကောင်းကြားရတတ်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများအနေနဲ့ လုပ်ငန်းချဲ့ထွင်နိုင်မယ့် အခွင့်အရေးတွေ ပေါ်ပေါက်လာနိုင်သည်။ ကံကောင်းစေဖို့ ပန်းရောင်ပစ္စည်းတစ်ခု သွားလေရာ ယူသွားပါ။
ပြိဿရာသီဖွား
----
တက်တက်ကြွကြွနဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုးတွေနဲ့ အကျိုးပေးမည်။ ကုန်သည် ၊ အိမ်ပွဲစား ၊ ခြံပွဲစား လုပ်ငန်းတွေနဲ့ အကျိုးပေးနေမည်။ ထိုလုပ်ငန်းမျိုးတွေမှာ အလုပ်အရမ်းများနေတတ်သည်။ ထိုလုပ်ငန်းတွေမှ အကျိုးအမြတ်များစွာရရှိမည်။ အဆင်ပြေတာတွေရောက်ရှိလာအောင် ပြောင်းဖူးတစ်ဖူးကို အခြားသူကို ဝယ်ကျွေးပါ။
မေထုန်ရာသီဖွား
----
ကျန်းမာရေး ချူချာနေတတ်သည်။ အရင်ကဖြစ်ခဲ့ဖူးတဲ့ ဝေဒနာတွေပြန်ဖြစ်လာနိုင်သည်။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျ များနေရတတ်သည်။ ကျန်းမာရေးကောင်းမွန်စေဖို့ လက်ဖက်ခြောက် လက်ဆောင်ပေးပါ။
ကရကဋ်ရာသီဖွား
----
ဟိုဟာလုပ်ရမလို ၊ ဒီဟာ လုပ်ရမလိုဖြစ်နေတတ်သည်။ ရွေးချယ်စရာ တွေများနေပြီး ရွေးချယ်မှုမှားယွင်းတတ်သည်။ တစ်ခုခုစဉ်းစားရ ခက်နေချိန်တွင် စိတ်ကို ခဏလောက်ဖြေလျှော့ပြီးမှ ဆုံးဖြတ်ပါ။
သိဟ်ရာသီဖွား
----
ရန်များနေမည့် အချိန်ကာလလေးပဲဖြစ်ပါတယ်။ မိမိပြောလိုက်သောစကားတစ်ခွန်း၊ မိမိပြုမူလိုက်သော အပြုအမူတစ်ခုကြောင့် အမုန်းခံရတတ်၊ စကားများရတတ်သည်။ ထို့ကြောင့် ဒီတစ်ပတ်အတွင်းမှာ စကားအပြောဆို ၊ အသွားအလာ၊အနေအထိုင် ဂရုပြုဆင်ခြင်ပါ။
ကန်ရာသီဖွား
----------
ချစ်သူစုံတွဲတွေအတွက် ပျော်ရွှင်စရာတွေနဲ့အပြည့်ရှိနေမယ့် အချိန်ကာလလေးပါပဲ။ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့ ချစ်သူလေးကြောင့် စိတ်ချမ်းမြေ့နေရမည်။ ဖွင့်ပြောထားသူတွေအတွက်ကတော့ အချိန်အနည်းငယ် စောင့်ဆိုင်းနေရဦးမည်။ ချစ်သူကို နှင်းဆီပန်း လက်ဆောင်ဝယ်ပေးပါ။
တူရာသီဖွား
----
အကောင်းအဆိုးဒွန်တွဲနေတတ်သည်။ တချို့နေရာများတွင် ပျော်ရွှင်နေရပြီး အခြားနေရာတွင် စိတ်ပင်ပန်းစရာများ ကြုံတွေ့နေရတတ်သည်။ သို့သော်လည်း ငွေကြေးကိစ္စများအတွက်မှာတော့ အဆင်ပြေတာတွေပဲ ကြုံတွေ့နေရပါမည်။ ကံကောင်းစေဖို့ အပြာရောင်ဝတ်ဆင်ပါ။
ဗြိစ္ဆာရာသီဖွား
-----
မိသားစုနဲ့ စိတ်အခန့်မသင့်စရာ ကိစ္စတွေဖြစ်နိုင်သည်။ ဝမ်းနည်းစရာတွေ ကြုံတွေ့ရတတ်သည်။ ကိုယ့်ဘက်မှ အနိုင်ယူချင်စိတ်ကြောင့် စိတ်ပင်ပန်းနေရတတ်သည်။ မိသားစုအပေါ် နားလည်မှုအပြည့်အဝပေးပြီး ပြောဆိုဆက်ဆံပါ။
ဓနုရာသီဖွား
----
ဘဝတိုးတက်ပြောင်းလဲဖို့ အခွင့်အရေးကောင်းတွေ ကြုံလာလိမ့်မည်။ အကောင်းဆုံး ကြိုးစားဆောင်ရွက်ပါ။ မိမိကို ကူညီထောက်ပံ့ပေးသူတွေလည်း ရရှိလာလိမ့်မည်။ အချစ်ရေးမှာလည်း တည်ငြိမ်ရင့်ကျက်နေလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ အဖြူရောင် ဝတ်ဆင်ပါ။
မကာရ ရာသီဖွား
----
ငွေကြေး အကုန်အကျများနေတတ်သည်။ မိမိမသုံးလိုက်ရဘဲ အခြားသူတွေအတွက် ငွေကုန်ကြေးကျ ပိုများနေတတ်သည်။ စုဆောင်းထားသော ငွေကြေးများ ထုတ်ယူသုံးစွဲရသည်အထိ ဖြစ်တတ်လို့ သေချာစီစစ်ပြီး သုံးစွဲပါ။
ကုမ်ရာသီဖွား
------
အခက်အခဲတွေကြားထဲ ကြိုးစားရှင်သန်နေရမည်။ မိမိလိုချင်သော ရလဒ်ကောင်းများရရှိဖို့ အပူတပြင်း ကြိုးစားလုပ်ဆောင်နေရတတ်သည်။ သို့သော်လည်း မိမိအားစိုက်ထုတ်ထားသော ဝီရိယ ကြောင့် အကျိုးကျေးဇူးကောင်းများ ရရှိနိုင်သည်။
မိန်ရာသီဖွား
----
ကံကောင်းနေမည့် အချိန်ကာလလေးပါပဲ။ လုပ်ဆောင်သမျှ ကိစ္စတိုင်းမှာ အဆင်ပြေချောမွေ့နေတတ်သည်။ သို့သော်လည်း မိမိအပေါ် မကောင်းကြံသူများနဲ့ ဆုံတွေ့ရနိုင်သည်။ အရေးကြီးသော ကိစ္စများ ဆောင်ရွက်ခါနီးတွင် ရတနာသုံးပါးကို အာရုံပြုပြီး ဆောင်ရွက်ပါ။