ကမ္ဘာတဝမ်းမှာပါ သုံးစွဲသူတွေအကြိုက်တွေ့တဲ့အမှတ်တံဆိပ်ပါ
Phyo Min Thant

အိမ်သုံးလျှပ်စစ်ပစ္စည်းဆိုရင် ဥရောပနိုင်ငံတွေကထုတ်တဲ့ပစ္စည်းတွေက မာကြောခိုင်ခံ့မှု၊ ခံ့ညားမှုနဲ့ လက်တွေ့အသုံးဝင်ပြီး ဆန်းသစ်တဲ့နည်းပညာတွေပါဝင်တာကြောင့် မြန်မာနိုင်ငံမှာသာမက ကမ္ဘာတဝမ်းမှာပါ သုံးစွဲသူတွေအကြိုက်တွေ့လေ့ ရှိကြပါတယ်။

ဥရောပထုတ် လျှပ်စစ်ကုန်ပစ္စည်းအမှတ်တံဆိပ်တွေထဲကမှ ဆွီဒင်နိုင်ငံထုတ် Electrolux(အီလက်ထရိုလက်စ်) အမှတ်တံဆိပ်အိမ်သုံးလျှပ်စစ်ကုန်ပစ္စည်းတွေဟာဆိုရင် ဥရောပနဲ့ကမ္ဘာတဝမ်းမှာ နှစ် ၁၀၀ တိုင် ထိပ်တန်းက ရပ်တည်နေနိုင်တဲ့ အမှတ်တံဆိပ်တစ်ခုပါပဲ။ မြန်မာနိုင်ငံမှာလည်း ဆွီဒင်နိုင်ငံထုတ် Electrolux(အီလက်ထရိုလက်စ်) အမှတ်တံဆိပ်ဟာ လက်ရှိမှာဈေးကွက်အခိုင်အမာရရှိထားပြီး ဖြစ်ပါတယ်။

Electolux ကို ၁၉၁၉ ခုနှစ်မှာ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ စတင်တည်ခဲ့ပါတယ်။ တည်ထောင်စမှ ဆွီဒင်အခြေစိုက် အသေးစားလုပ်ငန်းလေးသာဖြစ်ပေမယ့် Electolux တည်ထောင်သူ Axel-Wenner-Gren က ရှိပြီးသားနည်းပညာတွေကို တည်ထွင်ဆန်းသစ်ကာကမ္ဘာ့ပထမဆုံးရွေ့လျားနိုင်တဲ့ ဖုန်စုပ်စက် Lux Model 5 ကိုစတင်တည်ထွင်ခဲ့ပြီးတဲ့နောက်မှာ တော့ အရာရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်။ ယင်းဖုန်းစုပ်စက်ဟာ ၁၉၂၅ ခုနှစ်မှာ ကမ္ဘာတဝမ်းအလုံးရေ ၂၅၀၀၀၀ အထိရောင်းချခဲ့ရကာ အဲဒီအောင်မြင်မှုကနေတစ်ဆင့် Electrolux ဟာလည်းကမ္ဘာတဝမ်းကို ဈေးကွက်ချဲ့ထွင်ခဲ့ပါတော့ တယ်။


အဲဒီနောက်မှာတော့ မိသားစုတွေနေထိုင်ရာ နေအိမ်တွေကို ပိုမိုသန့်ရှင်းအောင်နဲ့ကျန်းမာအောင်ပြုလုပ်ဖို့ဆိုတဲ့ ရိုးရှင်းပြီးနွေးထွေးတဲ့ရည်ရွယ်ချက်နဲ့အညီ ဖုန်စုပ်စက်တွေအပြင် တီထွင်ဆန်းသစ်ပြီး လက်တွေ့အသုံးဝင်တဲ့ နည်းပညာတွေပါဝင်တဲ့ အဝတ်လျှော်စက်၊ အခြောက်ခံစက်၊ ရေခဲသေတ္တာ၊ Oven ၊ ကြိတ်စက် စတဲ့ မီးဖိုချောင်သုံးနဲ့ အိမ်သုံးလျှပ်စစ် ပစ္စည်းအမျိုးမျိုးကိုပါတီထွင်ထုတ်လုပ်ကာ ဈေးကွက်ဦးဆောင်လာနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာဆိုရင် Electrolux ဟာ ဥရောပ၊ အမေရိက၊ အာရှနိုင်ငံအများအပြားမှာ စက်ရုံတွေနဲ့ အရောင်းပြခန်း တွေဖွင့်လှစ်ကာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဈေးကွက်ကို ဦးဆောင်ထားနိုင်နေပါပြီ။

ပိုမိုကောင်းမွန်တဲ့လူနေမှုဘဝတွေဆီသို့ဆိုတာက Electrolux ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တာကြောင့် အသစ်တီထွင် လိုက်တဲ့ကုန်ပစ္စည်းတိုင်းကို လူနေမှုတိုးတက်ရေးအတွက်ရည်ရွယ်ထုတ်လုပ်ထားတာကိုတွေ့ရပါတယ်။

Electrolux ဟာ Freon မပါဝင်တဲ့ရေခဲသေတ္တာ၊ စွမ်းအင်ချွေတာပေးနိုင်တဲ့ရေခဲသေတ္တာကစလို့ တပ်ရ၊ဖြုတ်ရလွယ်ကူတဲ့ မီးဖို၊ အသံနဲ့ထိန်းချုပ်နိုင်တဲ့ Oven တွေအထိတီထွင်ဆန်းသစ်မှုတွေပြုလုပ်ထားပြီးလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီဇိုင်းပိုင်းသေသပ်ခံ့ညားပြီး မာကျောအကြမ်းခံသလို လူနေမှုဘဝကိုအဆင့်မြင့်စေနိုင်တဲ့ နည်းပညာတွေ ပါဝင်ပြီး စိတ်ချယုံကြည်ရမယ့် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကိုမှသုံးချင်သူတွေအနေနဲ့ နှစ် ၁၀၀ တိုင် ဥရောပနဲ့ ကမ္ဘာ့ဈေးကွက်ကိုဦးဆောင်ထားနိုင်တဲ့ ဆွီဒင်နိုင်ငံထုတ် Electrolux(အီလက်ထရိုလက်စ်) အမှတ်တံဆိပ်ကို ရွေးချယ်သုံးစွဲဖို့ အကြံပြုတင်ပြလိုက်ရပါတယ်။


က္က