မိဿရာသီဖွား >> စပ်တူလုပ်ငန်းလုပ်ရန် အချိန်ကောင်းဖြစ်သည်။
ပြိဿရာသီဖွား >> ရွှေ၊ငွေ အစရှိသဖြင့် လာဘ်ဝတ်ရတနာများ ဝင်တတ်သည်။
မေထုန်ရာသီဖွား >> အချစ်ရေးတွင် မိမိ၏ ချုပ်ချယ်မှုများကြောင့် ချစ်သူမှာ စိတ်ကုန်သွားတတ်သည်။
ကရကဋ်ရာသီဖွား >> မိသားစုဝင်တစ်ဦး ကျန်းမာရေး ချူချာနေတတ်သည်။
သိဟ်ရာသီဖွား >> စာမေးပွဲဖြေဆိုမယ့် သူများ ယခင်ကထက်ပို၍ လုံ့လ ဝရိယစိုက်ကာ ကြိုးစားအားထုတ်သင့်သော အချိန်ဖြစ်သည်။
ကန်ရာသီဖွား >> လုပ်ငန်းခွင်ထဲတွင် မိမိအဖွဲ့ထဲမှ လူတစ်ယောက် နှုတ်ထွက်တတ်သည်။
တူရာသီဖွား >> မိမိဖြစ်ချင်သည်က တစ်မျိုး၊ ဖြစ်နေသည်က တစ်မျိုး ဆန္ဒနှင့် ဘဝ ထပ်တူမကျဖြစ်နေတတ်သည်။
ဗြိစ္ဆာရာသီဖွား >> လုပ်ငန်းခွင်ထဲတွင် ရာထူးတိုးသတင်းကြားရတတ်သည်။
ဓနုရာသီဖွား >> ပညာရေးတွင် ထူးထူးချွန်ချွန်အောင်မြင်နိုင်သော အနေအထားမျိုးရှိနေတတ်သည်။နိုင်ငံရပ်ခြားအထိ သွားရောက်လေ့လာရတတ်သည်။
မကာရ ရာသီဖွား >> မိသားစုနှင့်အတူ ခရီးထွက်ရတတ်သည်။
ကုမ်ရာသီဖွား >> ရေလမ်းခရီး သတိပြုပါ။