ချစ်သူနှစ်ဦး ကြားမှာ နားလည်မှုကိုယ်စီရှိမှသာ Relationship တစ်ခု တည်ဆောက်လို့ရတာပါ။
Saint Sandy Htet

ချစ်သူနှစ်ဦး ကြားမှာ နားလည်မှုကိုယ်စီရှိမှသာ Relationship တစ်ခု တည်ဆောက်လို့ရတာပါ။ အခုပြောပြပေးချင်တာလေးကတော့ ချစ်ရသူအတွက် လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်လာစေမယ့် Tip အချို့ပါ။

Photo - Freepik

(၁) ပွင့်လင်းမှုရှိပါ

Relationship တိုင်းမှာ အမြဲတမ်း တွေ့ရတဲ့ ပြဿနာမျိုးက မိန်းကလေးက ဘာလိုအပ်တယ် သူ့စိတ်အခြေအနေဘယ်လိုဆိုတာ ယောကျာ်းလေးကို မပြောဘဲ တန်းသိစေချင်တယ်။ ယောက်ျားလေးတွေကလည်း တော်ရုံကိစ္စဆိုရင် မိန်းကလေးတွေကို ပြောမပြတတ်ပါဘူး။

အဲဒီလိုပွင့်လင်းမှုမရှိတာများလာရင် နှစ်ယောက်ကြားမှာ ပျော်ရွှင်မှုနည်းသွားနိုင်ပါတယ်။ ဒီတော့ အချစ်ရေးမှာ ပွင့်လင်းမှုရှိပေးဖို့ လိုပါတယ်။ ကိစ္စတစ်ခုခုရှိလာပြီဆိုရင် ကွေ့ဝိုက်မနေဘဲ တိုက်ရိုက် ပြောပြဖို့ အကြံပေးချင်ပါတယ်။ ကိုယ့်ဘက်က ပွင့်လင်းမှုရှိမှ သူ့ဘက်ကလည်း ကိုယ့်ကို နားလည်ပေးနိုင်မှာပါ။

Photo - Freepik

(၂) အသိအမှတ်ပြုပေးပါ။

လူတိုင်း ကိုယ့်ချစ်သူက ချီးကျူးတာ၊ အသိအမှတ်ပြုတာကို ကြိုက်ပါတယ်။ ကိုယ့်ကို စားသောက်ဆိုင်ကြီးမှာ Date လုပ်ပေးတာကနေစလို့ ကော်ဖီဝယ်တိုက်တာ၊ ကိုယ် စိတ်ညစ်နေချိန်အားပေးစကားပြောပေးတာ၊ Morning Text ပို့ပေးတာ စတဲ့ အသေးအမွှားလေးတွေက အစ အသိအမှတ်ပြုပေးလိုက်ပါ။ ကိုယ့်အတွက် သူလုပ်ပေးတာတိုင်းအတွက် မဟုတ်ရင်တောင် တစ်ခါတစ်ရံမှာ ကျေးဇူးတင်စကားပြောပေးပါ။ သူလည်း စိတ်ကြည်နူးရပြီး ကိုယ်လည်းပိုပြီး ပျော်ရွှင်ရမှာပါ။

(၃) ကိုယ်ပိုင်ဘဝနဲ့ ချစ်သူရည်းစားဘဝကို ခွဲထားပါ။

အပြင်လျှောက်လည်ရင်လည်း သူနဲ့မှ Coffee ဆိုင်ထိုင်လည်း သူနဲ့မှ ဘယ်သွားသွား ဘာလုပ်လုပ်သူနဲ့မှ ဖြစ်နေရင် အချိန်ကြာလာတဲ့အခါ နှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေဖြစ်လာနိုင်ပါတယ်။

ဥပမာ သောကြာနေ့လို နေ့မျိုးမှာ မိန်းကလေးက သူ့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာမျိုးလုပ်ချင်သလို ၊ သူကလည်း သူ့ဘော်ဒါတွေနဲ့ ပျော်ပါးချင်တာမျိုး ရှိမှာပါ။ချစ်ရသူနဲ့အတူ အချိန်တွေကို ကုန်ဆုံးတာအပြင် ကိုယ်နည်းကိုယ့်ဟန်နဲ့ ကိုယ်ပိုင်ဘဝကို သီးသန့် ရှင်သန်နေထိုင်ပါလို့ အကြံပေးချင်ပါတယ်။သူ့ကိုလည်း ကိုယ်ပိုင်အချိန်ပေးပါ။ ကိုယ်တိုင်လည်း ကိုယ်ပိုင်အချိန်ထားပါ။


ဒီအချက်လေးတွေကို လိုက်နာရင်း အားလုံးပဲ သာယာပျော်ရွှင်ရတဲ့ အချစ်ရေးပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။


က္က