လုပ်ငန်းခွင်ဆိုတာ လူတွေရဲ့အရည်အချင်းကို အမြဲစစ်နေတဲ့ ရှည်လျားလှတဲ့ လက်တွေ့ စာမေးပွဲကြီးပါပဲ။

လုပ်ငန်းခွင်ဆိုတာ လူတွေရဲ့အရည်အချင်းကို အမြဲစစ်နေတဲ့ ရှည်လျားလှတဲ့ လက်တွေ့ စာမေးပွဲကြီးပါပဲ။ အလုပ်မှာ ပျော်ရွှင်အောင်မြင်ဖို့ဆိုတာ ကိုယ့်စိတ်ကို ဘယ်လိုထားလဲ ဆိုတဲ့အပေါ်ပဲ မူတည်ပါတယ်။



၁။ ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်ပါ

သူများရဲ့လစာနဲ့ နှိုင်းယှဉ်တာမျိုးမလုပ်ပါနဲ့။ သူများရဲ့လူမှုရေးကိစ္စတွေနဲ့လည်း အာရုံနောက်ခံပါနဲ့။ ကိုယ့်ကိစ္စကိုယ်လုပ်ဖို့ပဲ အာရုံထားပါ။

၂။ အတွေးမခေါင်နဲ့

သူများတွေရဲ့ ဖေ့စ်ဘွတ်စတေးတပ်တွေ၊ အမှတ်တမဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်း စတာတွေက ငါ့ကို စောင်းပြောသလား ဘာညာတွေတွေးမနေပါနဲ့။ ကိုယ့်အလုပ်ကို အကောင်းဆုံးလုပ်ပြီး အားလပ်ချိန်မှာ အပြည့်အဝအနားယူပါ။ အဲဒီအတွေးတွေကြောင့် စိတ်ရော လူရောပင်ပန်းတာကလွဲလို့ ဘာအကျိုးမှ မထူးပါဘူး။

၃။ ကိုယ့်ကိုယ်ကို ဘယ်လို ရယ်မောရမလဲသိပါ

ဘဝဆိုတာ တိုတိုလေးပါ။ ရတဲ့အချိန်လေးမှာ ပျော်ပျော်နေတတ်ဖို့ လိုပါတယ်။ အရာရာကို ရယ်စရာအဖြစ်တွေးပါ။ တခါတလေ အလွဲတွေလုပ်တတ်တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်ဘဲ ရယ်မောပစ်လိုက်ပါ။

၄။ ပျော်ပါးနိုင်ဖို့ အလုပ်ကြိုးစားလုပ်ပါ

အလုပ်မှာ ပျင်းရိပြီး အမြဲတမ်း ခရီးထွက်ဖို့ပဲ စိတ်ကူးနေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ဝင်ငွေက မတည်မြဲနိုင်ပါဘူး။ ဆိုတော့..ကိုယ်ရွေးချယ်ထားတဲ့အလုပ်ကို ချစ်ခင်စွာနဲ့ စိတ်နှစ်ပြီးလုပ်။ အဲဒါဆို အလုပ်လုပ်ရတာလည်း ပျော်စရာကောင်းမယ်။ ကိုယ်နှစ်သက်တဲ့ တခြားစိတ်အပန်းပြေစရာတွေကိုလည်း ပျော်ပျော်ကြီး လုပ်နိုင်ပါလိမ့်မယ်။

၅။ အတင်းတွေ မပြောနဲ့

အတင်းပြောခြင်းဆိုတာ ဘာအကျိုးမှ မရှိပါဘူး။ ပြဿနာတွေကို ဖိတ်ခေါ်နေသလိုပဲ ဖြစ်တာပါ။ ရုံးရဲ့အားလပ်ချိန်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရယ်စရာမောစရာလေးတွေပဲပြောပြီး စိတ်အပန်းဖြေလိုက်ပါ။

၆။ တခြားသူကို အပြစ်မတင်နဲ့

တခြားသူကို အပြစ်တင်တဲ့အတွက် အဆိုးဆုံးရလဒ်ကို ရရှိတာကို ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို အပြစ်မြင်နေတာနဲ့ ကိုယ့်မှာ ပူလောင်လို့ပါ။

တခြားသူတွေကို နားလည်အောင်ကြိုးစားခြင်းက အလုပ်မှာ အောင်မြင်မှုရရှိစေမယ့် အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။

၇။ စိတ်ခံစားချက်တွေ မများနဲ့

အလုပ်ထဲမှာ စိတ်ခံစားချက်တွေ အရမ်းများလွန်းနေတာ မရင့်ကျက်လို့ပါပဲ။ အရာရာကို Professional ဆန်တဲ့ အတွေးတွေနဲ့ ရင်ဆိုင်မှသာ အလုပ်ခွင်မှာ ပျော်ရွှင်ပြီး ကိုယ့်ရဲ့ရာထူး၊ နေရာတွေလည်း တိုးတက်လာနိုင်တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က