မိဿရာသီဖွား >> လက်လျော့ထားသောအရာများ ပြန်လည်အဆင်ပြေနေလိမ့်မည်။
ပြိဿရာသီဖွား >> ဦးခေါင်းနဲ့ပတ်သတ်တဲ့ ရောဂါဝေဒနာတွေ ခံစားရတတ်သည်။
မေထုန်ရာသီဖွား >> ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ကြက်မောက်သီး ကပ်လှူပါ။
ကရကဋ်ရာသီဖွား >> မိသားစုနဲ့ (သို့) ခင်မင်သူတွေနဲ့ ဝေးကွာနေရလိမ့်မည်။
သိဟ်ရာသီဖွား >> အချစ်ရေးမှာ အသစ်တစ်ယောက် ထပ်တွေ့တတ်သည်။
ကန်ရာသီဖွား >> အချစ်ရေးကြောင့် စိတ်ရှုပ်စရာတွေ ကြုံတွေ့နေရတတ်သည်။
တူရာသီဖွား >> မိသားစုနဲ့ စကားများ ရန်ဖြစ်ရတတ်သည်။
ဗြိစ္ဆာရာသီဖွား >> ကိုယ့်ထက်ငယ်ရွယ်သူတွေနဲ့ စကားများရန်ဖြစ်ရတတ်သည်။
ဓနုရာသီဖွား >> မထင်မှတ်ဘဲ အိမ်ထောင်ကျသွားတတ်သည်။
မကာရ ရာသီဖွား >> နောင်ရေးအတွက် စိတ်ပူပန်နေရတတ်သည်။
ကုမ်ရာသီဖွား >> ဝမ်းဗိုက်နဲ့ ဆိုင်တဲ့ရောဂါ ခံစားရတတ်သည်။
မိန်ရာသီဖွား >> အချစ်ရေးမှာ ကတောက်ကဆဖြစ်တတ်သည်။