ကိုယ့်ရဲ့ အရည်အချင်းကို အချိန်ပြည့်မြှင့်တင်နေမှသာ အပြောင်းအလဲမြန်တဲ့ခေတ်ကြီးထဲမှာရှင်သန်ရပ်တည်နိုင်မှာဖြစ်ပါတယ်။
Phyo Min Thant

၂၁ ရာစုဟာ သမိုင်းတစ်လျှောက်ဘယ်တုန်းကမှ မကြုံဖူးတဲ့ အရှိန်နှုန်းမျိုးနဲ့ ပြောင်းလဲနေတဲ့ခေတ်ဆိုတာ အားလုံးအသိပါပဲ။ ဒီလိုခေတ်ကြီးမှာ ရပ်တံ့နေတဲ့သူဟာ ခနလေးနဲ့အားလုံးရဲ့နောက်မှာ ကျန်နေရစ်ခဲ့ရမှာပဲ ဖြစ်ပါတယ်။ အရင်ခေတ်ကလို အလုပ်အကိုင်တစ်ခုအတည်တကျဖြစ်နေပြီဆိုရုံနဲ့ ဘဝအာမခံချက်ရှိပြီလို့ ပြောလို့မရတော့ပါဘူး။ ကိုယ့်ရဲ့ အရည်အချင်းကို အချိန်ပြည့်မြှင့်တင်နေမှသာ အပြောင်းအလဲမြန်တဲ့ခေတ်ကြီးထဲမှာရှင်သန်ရပ်တည်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းချဲ့ထွင်နိုင်ဖို့နဲ့ ပိုမိုမြင့်မားတဲ့ ဝင်ငွေနဲ့ရာထူးတွေရရှိနိုင်ရေးအတွက် ကိုယ့်ရဲ့လက်ရှိ ပညာအရည်အချင်းကို နောက်တစ်ဆင့်မြှင့်တင်ဖို့ စိတ်ကူးနေတဲ့ ဘွဲ့ရလူငယ်တွေအတွက် စင်္ကာပူနိုင်ငံရဲ့ ထိပ်တန်း ပုဂ္ဂလိက ကျောင်းတစ်ကျောင်းဖြစ်တဲ့ PSB Academy ရဲ့ Post Graduate အတန်းတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

နှစ်ပေါင်း ၅၀ တိုင်အောင်အောင်မြင်မြင် ရပ်တည်လာခဲ့တဲ့ PSB Academy ဟာ Academy of The Future အဖြစ်ခံယူပြီး အမှန်တကယ်အရေးကြီးတဲ့ အရာတွေကို လက်တွေ့နဲ့ ပေါင်းစပ် သင်ကြားပေးတဲ့ နည်းစနစ်ကိုအသုံးပြုခြင်းဖြင့် ကျောင်းပြီးတာနဲ့ လုပ်ငန်းခွင်ကို အသင့်ဝင်ရောက်နိုင်သူတွေ မွေးထုတ်ပေးလျက်ရှိတဲ့ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ်။

PSB Academy ဟာ ဗြိတိန်၊ သြစတြေးလျ စတဲ့နိုင်ငံတကာမှ ထိပ်တန်းတက္ကသိုလ်ကြီးတွေနဲ့ချိတ်ဆက်ထားတဲ့ကြောင့် မြန်မာလူငယ်တွေအနေနဲ့ အဲဒီလိုကမ္ဘာ့အဆင့်တက္ကသိုလ်ကြီးတွေကချီးမြှင့်တဲ့ Master ဘွဲ့တွေကို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ စင်္ကာပူနိုင်ငံမှာတင် သင်ယူခွင့်ရနိုင်မှာပဲ ဖြစ်ပါတယ်။

PSB Academy မှာဆိုရင် ဗြိတိန်၊ သြစတြေးလျ နဲ့ နယူးဇီလန်တို့မှ ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ Master Program တွေကို ၁၆ လကနေ ၂၄ လအတွင်းပြီးမြောက်အောင် တက်ရောက်သင်ယူနိုင်မှာပါ။ အဲဒီလိုက်တက်ရောက်နိုင်မယ့် Master Program တွေထဲကမှ မြန်မာလူငယ်တွေအတွက် သင့်လျော်မယ့် Program ၆  ခုအကြောင်းကို ပြောပြပေးသွားပါမယ်။

(၁) Master of Business Administration In Global Business (Coventry University, UK)

စီးပွားရေးနယ်ပယ်မှာ ကိုယ်ပိုင်လုပ်ငန်းထူထောင်ဖို့ ရည်မှန်းထားတဲ့သူတွေပဲဖြစ်ဖြစ်၊ နိုင်ငံတကာကုမ္ပဏီကြီးတွေမှာ ခေါင်းဆောင်ပိုင်းရာထူးနဲ့လုပ်ကိုင်ဖို့စိတ်ကူးရှိသူတွေပဲဖြစ်ဖြစ် တက်ရောက်သင့်တာကတော့ Master of Business Administration In Global Business Program ပါပဲ။

ဒီပရိုဂရမ်မှာဆိုရင် အရှိန်အဟုန်နဲ့ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ အနာဂတ်အတွက်လိုအပ်မယ့် ခေါင်းဆောင်မှုအရည်အချင်း တွေ၊ မဟာဗျူဟာမြောက် စီးပွားရေးစဉ်းစားတွေးခေါ်မှုတွေ၊ သုတေသနနဲ့ အများပြည်သူဆက်ဆံရေးအရည်အချင်းတွေကို စာတွေ့၊လက်တွေ့ထိထိရောက်ရောက်သင်ကြားပေးမှာ ဖြစ်ပြီး ပြီးဆုံးတဲ့အချိန်မှာ သတ်မှတ်ထားတဲ့အရည်အချင်း ပြည့်မီတယ်ဆိုရင် ဗြိတိန်ရဲ့ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်တဲ့ Coventry University ကချီးမြှင့်တဲ့ Master of Business Administration In Global Business ဘွဲ့ကို ရရှိမှာပဲ ဖြစ်ပါတယ်။ ဒီပရိုဂရမ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုရင် အောက်ပါလင့်ခ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ => https://www.psb-academy.edu.sg/coventry-university/master-of-business-administration-in-global-business

(၂) Master Of Science In Engineering Business Management (Coventry University,UK)

ဒီပရိုဂရမ်ကတော့ အင်ဂျင်နီယာနယ်ပယ်မှာလုပ်ကိုင်နေပြီး အုပ်ချုပ်မှုအဆင့်ကို တက်ဖို့မျှော်မှန်းနေတဲ့သူတွေ တက်ရောက်သင့်တဲ့ ပရိုဂရမ်ပဲ ဖြစ်ပါတယ်။

လက်တွေ့ဘဝမှာအမှန်တကယ်အသုံးဝင်တဲ့ စီးပွားရေးစီမံခန့်ခွဲမှု သီအိုရီတွေရဲ့ အဓိကနယ်ပယ်တွေကို သုတေသနတွေ၊ Case Studies တွေနဲ့လက်တွေ့အသုံးချအလုပ်တွေကနေတစ်ဆင့် သင်ကြားရမှာပါ။ပရိုဂရမ်ပြီးဆုံးတဲ့အချိန်မှာ အရည်အချင်းပြည့်မီတဲ့ကျောင်းသားတွေဟာ Coventry University ကချီးမြှင့်တဲ့ Master Of Science In Engineering Business Management ဘွဲ့ကို ရရှိပြီး နိုင်ငံတကာကုမ္ပဏီကြီးတွေမှာ အုပ်ချုပ်မှုအဆင့်ရာထူးတွေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ အခွင့်အလမ်းတွေပွင့်လမ်းလာမှာပဲ ဖြစ်ပါတယ်။ ဒီပရိုဂရမ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုရင် အောက်ပါလင့်ခ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ => https://www.psb-academy.edu.sg/coventry-university/master-of-science-in-engineering-business-management 

(၃) Master Of Cyber Security (Edith Cowan University, Australia)

မျက်မှောက်ခေတ်နဲ့ အနာဂတ်အတွက် မရှိမဖြစ်ပညာရပ်တစ်ခုဖြစ်တဲ့ ဆိုက်ဘာလုံခြုံရေးနယ်ပယ်မှာ Master ဘွဲ့ယူနိုင်ဖို့ ရည်မှန်းချက်ရှိသူတွေအတွက် ၂၄ လကြာတက်ရောက်ပြီး သြစတြေးလျထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Edith Cowan University ကချီးမြှင့်မယ့် Master Of Cyber Security ဘွဲ့ကိုရရှိနိုင်မယ့် ပရိုဂရမ်ပဲဖြစ်ပါတယ်။

ဒီပရိုဂရမ်ဟာဆိုရင် အိုင်တီပညာရှင်အဖြစ်လက်ရှိလုပ်ကိုင်နေပြီး ဆိုက်ဘာလုံခြုံရေးနယ်ပယ်ကို ပိုမိုမြင့်မားတဲ့အဆင့်နဲ့ ဝင်ရောက်လိုသူတွေအတွက် အထူးပဲသင့်လျော်ပါတယ်။ ဒီပရိုဂရမ်ကနေတစ်ဆင့် Cyber Security ရဲ့ နယ်ပယ်ခွဲတွေဖြစ်တဲ့ ကွန်ရက်လုံခြုံရေး၊ ကွန်ပြူတာမှုခင်းပညာ အစရှိတဲ့ နယ်ပယ်ကဏ္ဍတွေထဲက မိမိအားသန်ရာနယ်ပယ်ကို ဝင်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီပရိုဂရမ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုရင် အောက်ပါလင့်ခ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ => https://www.psb-academy.edu.sg/edith-cowan-university/master-of-cyber-security

(၄) Master Of Science International Business Management (Edinburgh Napier University - Scotland)

နိုင်ငံတကာစီးပွားရေးစီမံခန့်ခွဲမှုနယ်ပယ်ကို ဝင်ရောက်မယ့်သူတွေအတွက် လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာတွေကို သင်ကြားပေးမယ့် ပရိုဂရမ်ပဲဖြစ်ပါတယ်။ အချိန်ပြည့်ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်မှာ စိန်ခေါ်မှုတွေကို တီထွင်ဖန်တီးမှု ရှိရှိ ရင်ဆိုင်ဖြေရှင်းနိုင်စေမယ့် လက်တွေ့ကျတဲ့နည်းလမ်းတွေနဲ့အတူ Globalization ခေတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၊ ကမ္ဘာလုံးဆိုင်ရာမားကတ်တင်း အစရှိတဲ့သဘောတရားတွေကို စာတွေ့၊လက်တွေ့နားလည်တတ်မြောက်လာမှာပဲ ဖြစ်ပါတယ်။ စကော့တလန်တက္ကသိုလ်တစ်ခုဖြစ်တဲ့ Edinburgh Napier University ကချီးမြှင့်တဲ့ Master Of Science International Business Management ဘွဲ့ရရှိမယ့် ဒီပရိုဂရမ်နဲ့ပတ်သက်လို့ အသေးစိတ်သိရှိလိုတယ်ဆိုရင် => https://www.psb-academy.edu.sg/edinburgh-napier-university/master-of-science-international-business-management

ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

(၅) Master Of Business Administration (The University of Newcastle - Australia)

ဒီ MBA ပရိုဂရမ်ကတော့ သြစတြေးလျနဲ့ နိုင်ငံတကာမှ ဆုတံဆိပ်တွေများစွာရရှိထားတဲ့ The University of Newcastle က ဖွင့်လှစ်တဲ့ ပရိုဂရမ်ဖြစ်တာကြောင့် သာမန် MBA တွေထက် တတ်မြောက်မှုအပိုင်းအရရော၊ ချီးမြှင့်တဲ့ဘွဲ့အရပါ အဘက်ဘက်ကသာလွန်တဲ့ပရိုဂရမ်လို့ဆိုရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာစီးပွားရေးအသိုင်းအဝိုင်းမှာ ကျင်လည်ရာမှာ လိုအပ်မယ့် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာအရည်အချင်းတွေကို ထိထိရောက်ရောက်သင်ကြားပေးမှာ ဖြစ်တာကြောင့် MBA တက်ရောက်ဖို့ စဉ်းစားနေသူတိုင်းအတွက် သင့်လျော်တဲ့ပရိုဂရမ်ပဲဖြစ်ပါတယ်။ ဒီပရိုဂရမ်နဲ့ပတ်သက်လို့ အသေးစိတ်သိရှိလိုတယ်ဆိုရင် => https://www.psb-academy.edu.sg/edinburgh-napier-university/master-of-science-international-business-management

ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

(၆) Master of Analytics ( MASSEY University - Newzeland)

ယနေ့ခေတ်ကမ္ဘာအတွက် မရှိမဖြစ်ပညာရပ်တစ်ခုလို့ပြောရမယ့် စျေးကွက်အချက်အလက်လေ့လာဆန်းစစ်သုံးသပ်မှု ပညာရပ်ကို နှစ်ပေါင်း ၈၀ တိုင်ခိုင်ခိုင်မာမာရပ်တည်လာခဲ့တဲ့ နယူးဇီလန် နိုင်ငံ MASSEY University ရဲ့ နည်းစနစ်နဲ့ သင်ရိုးတွေအတိုင်းသင်ကြားပြီး Master of Analytics ဘွဲ့ကိုရရှိနိုင်မယ့် ပရိုဂရမ်ဖြစ်ပါတယ်။

ဒီပရိုဂရမ်မှာဆိုရင် များပြားလှတဲ့စျေးကွက်အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာလေ့လာပြီး ကိုယ့်အဖွဲ့အစည်းအတွက် အကျိုးရှိမယ့်ဆုံးဖြတ်ချက်တွေချမှတ်နိုင်မယ့် ထိုးထွင်းသိမြင်စဉ်းစားတွေးခေါ်နည်းတွေကိုလေ့လာသင်ကြားရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပရိုဂရမ်မှာ စီးပွားရေးလေ့လာဆန်းစစ်သုံးသပ်မှုတွေအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသိအမှတ်ပြုအသုံးချလျက်ရှိတဲ့ SAS ဆော့ဖ်ဝဲကိုအသုံးပြုသင်ကြားသွားမှာဖြစ်တဲ့အတွက် ဘွဲ့ရရှိတဲ့အခါမှာ တစ်ကမ္ဘာလုံး အသိအမှတ်ပြုတဲ့ SAS Certificate ကိုပါရရှိနိုင်ဦးမှာဖြစ်လို့ နိုင်ငံတကာကုမ္ပဏီကြီးတွေမှာ စီးပွားရေး၊ စျေးကွက် လေ့လာဆန်းစစ်မှုပိုင်းဆိုင်ရာ ရာထူးတွေနဲ့ဝင်ရောက်လုပ်ကိုင်လိုသူတွေ မဖြစ်မနေတက်ရောက်သင့်တဲ့ ပရိုဂရမ်ပဲ ဖြစ်ပါတယ်။ ဒီပရိုဂရမ်အကြောင်းကို https://www.psb-academy.edu.sg/massey-university/master-of-analytics မှာအသေးစိတ်ဝင်ရောက်လေ့လာနိုင်ပါတယ်။

(ဒီဆောင်းပါးကို PSB Academy မှပံ့ပိုးကူညီထားပါတယ်)


က္က