မိဿရာသီဖွား >> လုပ်ငန်းခွင်ထဲတွင် ရာထူးတိုးသတင်းကြားရတတ်သည်။
.
ပြိဿရာသီဖွား >> မိသားစုနှင့်အတူ ခရီးထွက်ရတတ်သည်။
.
မေထုန်ရာသီဖွား >> စာမေးပွဲဖြေဆိုမယ့် သူများ ယခင်ကထက်ပို၍ လုံ့လ ဝရိယစိုက်ကာ ကြိုးစားအားထုတ်သင့်သော အချိန်ဖြစ်သည်။လွယ်လွယ်နှင့် မအောင်မြင်နိုင်သော ကံအခြေအနေမျိုးဖြစ်သည်။
.
ကရကဋ်ရာသီဖွား >>လုပ်ငန်းခွင်ထဲတွင် မိမိအဖွဲ့ထဲမှ လူတစ်ယောက် နှုတ်ထွက်တတ်သည်။
.
သိဟ်ရာသီဖွား >> မိမိဖြစ်ချင်သည်က တစ်မျိုး၊ ဖြစ်နေသည်က တစ်မျိုး ဆန္ဒနှင့် ဘဝ ထပ်တူမကျဖြစ်နေတတ်သည်။
.
ကန်ရာသီဖွား >> ရွှေ၊ငွေ အစရှိသဖြင့် လာဘ်ဝတ်ရတနာများ ဝင်တတ်သည်။
.
တူရာသီဖွား >> ပညာရေးတွင် ထူးထူးချွန်ချွန်အောင်မြင်နိုင်သော အနေအထားမျိုးရှိနေတတ်သည်။နိုင်ငံရပ်ခြားအထိ သွားရောက်လေ့လာရတတ်သည်။
.
ဗြိစ္ဆာရာသီဖွား >> မိသားစုဝင်တစ်ဦး ကျန်းမာရေး ချူချာနေတတ်သည်။
.
ဓနုရာသီဖွား >> အချစ်ရေးတွင် မိမိ၏ ချုပ်ချယ်မှုများကြောင့် ချစ်သူမှာ စိတ်ကုန်သွားတတ်သည်။
.
မကာရ ရာသီဖွား >> ရေလမ်းခရီး သတိပြုပါ။
.
ကုမ်ရာသီဖွား >> မိမိက အေးဆေးနေတတ်သလောက် ချစ်သူမှာ သောကများဖြင့်ပူလောင်နေတတ်သူ တစ်ဦးဖြစ်မည်။
.
မိန်ရာသီဖွား >> စပ်တူလုပ်ငန်းလုပ်ရန် အချိန်ကောင်းဖြစ်သည်။
.