နိုဝင်ဘာလ (၁၃) ရက်နေ့မှ (၁၉) ရက်နေ့
Thinzar Win

မိဿရာသီဖွား 

---

လက်တွေ့ဆန်ခြင်းနဲ့ စိတ်ကူးယဉ်ခြင်း ဒီစိတ်နှစ်မျိုးလုံးက သင့်စိတ်ထဲ တစ်လှည့်စီဖြစ်ပေါ်နေတတ်သည်။ သင်လုပ်ဆောင်မယ့် ကိစ္စရပ်တွေက သင့်ထံရောက်ပြန်ဟပ်သလို ပြန်ရောက်ရှိလာနိုင်သည်ကို သေချာသိ၍ လုပ်ဆောင်ခြင်းက ပိုမိုအဆင်ပြေစေလိမ့်မယ်။ သူငယ်ချင်းလိုလို မိတ်ဆွေလိုလို လုပ်ဖော်ကိုင်ဖက်လိုလို လူတချို့ဆီမှ အကြံဉာဏ်တွေကလည်း သင့်အတွက် အကျိုးဖြစ်ထွန်းစေနိုင်သည်။

ပြိဿရာသီဖွား

----

စွန့်စားစရာများ ကြုံလာမည်။ အနီးနားမှ သင်တန်ဖိုးထားရသူတွေကို ဆုံးရှုံးရသကဲ့သို့ စိတ်ပင်ပန်းမှုတွေဖြစ်လာနိုင်သည်။ သို့သော်လည်း သင့်ဘက်က မေတ္တာတရားတွေသာ မပျက်ကွက်ပါနဲ့ အားလုံးပြန်လည်အဆင်ပြေသွားနိုင်သည်။

မေထုန်ရာသီဖွား

----

ပြန်လည်ဖွဲ့စည်းခြင်း ပြင်ဆင်ခြင်း ပြန်လည်ပေါင်းစည်းခြင်းစတဲ့ ပြန်လည်ပြုလုပ်ရမယ့် ကိစ္စတွေက သင့်အတွက် အသင့်တော်ဆုံးပါပဲ။ ဒီလိုအချိန်မှာ အဆက်ဟောင်းနဲ့တောင် ပြန်လည်အဆင်ပြေစေနိုင်တာကြောင့် စုံတွဲတွေအတွက်ကတော့ သတိထားရမယ့် အချိန်လေးပါပဲ။

ကရကဋ်ရာသီဖွား

----

ပျော်ရွှင်စရာ ကိစ္စတွေနဲ့အတူ ကံကောင်းခြင်းတွေရရှိမည်။ သို့သော်သင့်ရဲ့ လုံ့လဝီရိယကိုတော့ လုံးဝမလျှော့လိုက်ပါနှင့်။ မထင်မှတ်ထားတဲ့ ခရီးတွေလည်း ထွက်ခွင့်ရလိမ့်မည်။

သိဟ်ရာသီဖွား

----

ရိုးရှင်းခြင်းက သင့်ရဲ့အလှတရားပါပဲ။ ဘယ်အရာကိုမှ အများကြီးမမျှော်လင့်သလို ဘယ်အရာကိုမှလည်း မကောင်းတဲ့ဘက်မှ မချဉ်းကပ်ပါနဲ့ ။ဒါမှသာ သင့်ရဲ့ အရည်းအချင်းတွေ ဖော်ထုတ်ခွင့်ရရှိလာလိမ့်မည်။

ကန်ရာသီဖွား

----------

ခွင့်လွှတ်ခြင်းက သင့်အတွက်စိတ်အေးချမ်းရာကို ရှာဖွေပေးပါလိမ့်မယ်။ အစွဲအလမ်းကြီးခြင်းက သင့်ရဲ့အားနည်းးချက်ဖြစ်စေနိုင်တာကြောင့်  ဘယ်အရာကိုမှ အလွန်အကျူးမတွေးတောပဲ ဖြစ်လာသမျှတွေလက်ခံလာနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

တူရာသီဖွား

---- 

မကောင်းတဲ့ အတွေးတွေကြောင့် သင့်စိတ်ကိုအမှောင်ထဲ ဆွဲချသလိုဖြစ်နေတတ်သည်။ ဒီလိုအတွေးတွေကြောင့် သင့်ရဲ့လုပ်ပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ သူများလက်ထဲရောက်တဲ့အထိ ဖြစ်စေနိုင်တာမို့ သတိထားပါ။ 

ဗြိစ္ဆာရာသီဖွား

-----

အပြောင်းအလဲကြီးနဲ့ ကြုံတွေ့ရလိမ့်မည်။ အရင်က မိမိပြုလုပ်ခဲ့တဲ့ ကောင်းမှု၊မကောင်းမှု နှစ်ခုစလုံးနဲ့ သက်ဆိုင်တဲ့ ပြောင်းလဲမှုမျိုး ဖြစ်လာလိမ့်မည်။ ထိုပြောင်းလဲမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ မိမိလိုချင်သော ပန်းတိုင်သို့ ရောက်ရှိလိမ့်မည်။ အရာရာအဆင်ပြေစေဖို့ မိတ်ဆွေတစ်ဦးကို လက်ဖက်သုပ်ဝယ်ကျွေးပါ။ 

ဓနုရာသီဖွား

----

သင့်ဘဝအတွက် ကံအကောင်းဆုံး ရက်သတ္တပတ်လို့တောင် ဆိုနိုင်ပါတယ်။ ကံကောင်းခြင်းတွေ တည်မြဲစေဖို့ ဘာသာတရားကိုတော့ မမေ့လျော့ဖို့ အကြံပေးလိုက်ချင်ပါတယ်။

မကာရ ရာသီဖွား

----

သင်မမျှော်လင့်ထားတဲ့ သူများထံမှ အကူအညီတွေရရှိမည်။ အခုချိန်မှာ မှန်ကန်တဲ့စကားတွေကို ပြောဆိုခြင်းကသာ သင့်ကိုပြဿနာတွေထဲကနေ ဖယ်ထုတ်နိုင်လိမ့်မည်။  

ကုမ်ရာသီဖွား

------

အရင်က သင်ကြိုးစားခဲ့သောအရာတွေရဲ့ အကျိုးတွေ ခံစားနေရမယ့်အချိန်ဖြစ်သည်။ချစ်ခင်စုံမက်ရသူ ရှိသူများအဖို့တော့ အခုချိန်အခါက နှလုံးသားတွေပိုမိုရင်နှီးမှုရစေမယ့် အချိန်ကာလပဲဖြစ်ပါတယ်။ အခွင့်အလမ်းကောင်းတွေလည်း ရရှိနိုင်တာဖြစ်လို့ အမိအရစုပ်ကိုင်ဖို့သာ ပြင်ဆင်ထားလိုက်ပါ။

မိန်ရာသီဖွား

----

ခန္ဓာကိုယ်မှာ ထိခိုက်နာကျင်မှုတွေဖြစ်နိုင်သည်။ ကုန်းလမ်းခရီးသွားသူများအတွက် အထူးသတိထားသွားလာပါ။ အစုအဖွဲ့နဲ့လုပ်ကိုင်ရတဲ့ ကုမ္ပဏီတွေမှာ လုပ်ကိုင်နေသူများအဖို့တော့ နေရာကောင်းတွေရရှိဖို့ အခွင့်အရေးတွေ ရောက်ရှိလာနိုင်ပါတယ်။


က္က