ဒီဇင်ဘာ (၁၈) မှ ဒီဇင်ဘာ (၂၄)
Thinzar Win

Duwun ပရိသတ်တွေ အတွက် တစ်ပတ်စာ ဟောစာတမ်းတွေ လာပြီနော်...



ဒီဇင်ဘာ (၁၈) မှ ဒီဇင်ဘာ (၂၄) ရက်နေ့ ထိ တစ်ပတ်စာ ဟောစာတမ်းများ ကတော့...


မိဿရာသီဖွား

---

အဆင်ပြေသည့်ကာလအတွင်းသို့ရောက်ရှိနေမည်။ အတိုက်အခံ အတားအဆီးတွေကို အောင်မြင်စွာဖြတ်ကျော်နိုင်ပြီး ဘယ်အရာကိုမဆို ဇွဲမလျော့ပဲ ကြိုးစားခြင်းက သင့်ရဲ့ပုံစံ ဖြစ်နေမည်။သို့သော်လည်း ချစ်ခင်သူတွေကို အနိုင်ယူမိနေခြင်းကြောင့် စိတ်ထိခိုက်နေရတတ်သည်။



ပြိဿရာသီဖွား

----

ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေတတ်သည်။ စိတ်ပင်ပန်းစရာများ ကြုံလာပါက ချက်ချင်းဖြေရှင်းချင်းထက် စိတ်အေးအေးထား၍ဖြေရှင်းပါ။ မလိုအပ်ပဲ စိတ်ပူပန်ခြင်းတွေလည်း လျော့ပြီး မှန်မှန်နဲ့မြန်မြန် လုပ်ကိုင်ခြင်းက သင့်အတွက်အဆင်အပြေဆုံးဖြစ်နိုင်မည်။



မေထုန်ရာသီဖွား

----

တန်ဖိုးထားရသော ပစ္စည်းများ ပျောက်တတ်သည်။ ပစ္စည်းပျောက်ခြင်းကြောင့် မလိုအပ်တဲ့ ပြဿနာတွေ ဖြေရှင်းနေရတတ်သည်။ ကိုယ့်အတွက် အရေးပါသည့် ဥစ္စာပစ္စည်းများကို သေသေချာချာထိန်းသိမ်းခြင်းကသာ ပြဿနာများမှ ကင်းဝေနိုင်လိမ့်မည်။



ကရကဋ်ရာသီဖွား

----

ချင်ခင်ရသူများကြောင့် သင့်ဘဝအတွက် အရေးပါသည့် ကိစ္စရပ်များကို အောင်မြင်စွာဆောင်ရွက်နိုင်လိမ့်မည်။ မိသားစု သို့မဟုတ် သင်ချစ်ခင်ရသူတွေနဲ့ ပျော်ရွှင်နေရမယ့် ကာလလေးပဲဖြစ်ပါတယ်။



သိဟ်ရာသီဖွား

----

စောင့်မျှော်နေရခြင်းက သင့်နဲ့ရင်းနှီးလို့နေပါမယ်။ ဘယ်လိုပြဿနာတွေနဲ့ ကြုံကြုံ အချိန်ကိုသာ ခေတ္တစောင့်ဆိုင်းလိုက်ပါ အားလုံးအဆင်ပြေသွားနိုင်ပါတယ်။ အချိန်ရေးမှာလည်း စောင့်ဆိုင်းဖို့မမေ့ပါနဲ့။



ကန်ရာသီဖွား

----------

ငွေကြေးနဲ့ပတ်သက်ပြီး ကံကောင်းနေတတ်သည်။ အကြွေးများပြန်ရနိုင်သလို ဆုံးရှုံးသွားပြီထင်သော ပိုက်ဆံများ ပြန်ရသကဲ့သို့ ငွေဝင်ကိန်းများ ရှိသည်။ အဆင်မပြေသူများအပေါ် မေတ္တာတရားအပြည့်ဖြင့် လှူဒါန်းခြင်းကလည်း သင့်ကံကို ပံ့ပိုးပေးနိုင်သည်။



တူရာသီဖွား

----

အချစ်ရေးမှာ ဆက်လက်ပြီး ကံကောင်းနေတတ်သည်။ အိမ်ထောင်ကျကိန်းပင် ရှိနေသည်။ ငယ်ရွယ်သူများအဖို့တော့ အချစ်ရေးမှာ နစ်မျောပြီး ပညာရေးမှာ ထိခိုက်နိုင်သည်။ အထူးသတိထားပါ။



ဗြိစ္ဆာရာသီဖွား

-----

ရာထူးတက်ခြင်း၊ အလုပ်ပြောင်းရခြင်း စတဲ့အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိနိုင်သည်။ မိမိအပေါ် အကောက်ကြံသူများလည်း ရှိတတ်တာကြောင့် အသွားအလာအပြုအမူက အစအထူးသတိထားပါ။ အခွင့်အရေးတွေကို လက်လွတ်မခံပါနဲ့။



ဓနုရာသီဖွား

----

ရေမြေခြားကို ခရီးထွက်ရနိုင်သည်။ ဒါနဲ့ပတ်သက်ပြီးလည်း တွေဝေနေရတတ်သည်။ မိမိအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ကို သေသေချာချာစဉ်းစားပြီးမှသာ ဆုံးဖြတ်ချက်တွေ ချမှတ်ပါ။


မကာရ ရာသီဖွား

----

အေးအေးဆေးဆေး အနားယူနေရမယ့် ကာလပါပဲ။ ပုံမှန်လုပ်ရိုးလုပ်စဉ် ကိစ္စရပ်တွေနဲ့ပဲ အေးအေးဆေးဆေး ဒီတစ်ပတ်ကို ဖြတ်ကျော်နေရမည်။



ကုမ်ရာသီဖွား

------

ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို ဖြစ်ပြီး တွေဝေစိတ်တွေ များနေမည်။ နေရာတစ်ခုမှ နေရာတစ်ခုဆို ပြောင်းရွှေ့နေရတတ်သည်။ အကောင်းဆုံးဖြစ်လာဖို့ကိုသာ တွေးပြီးနေထိုင်ခြင်းက သင့်အတွက် အဆင်အပြေဆုံးဖြစ်နိုင်မည်။



မိန်ရာသီဖွား

----

ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ပူပန်နေရတတ်သည်။ မိမိသော်လည်းကောင်း မိသားစုရဲ့ ကျန်းမာရေးအတွက်သော်လည်းကောင်း ဗျာများနေရတတ်သည်။




က္က