ဒီဇင်ဘာ (၂၅) မှ ဒီဇင်ဘာ (၃၁)
Thinzar Win

မိဿရာသီဖွား

---

အခက်အခဲနည်းနည်းကြုံတွေ့ရနိုင်သည်။ ဖြတ်ထိုးဉာဏ်သုံး၍ အခက်အခဲများကြားထဲမှ ရုန်းထွက်နိုင်လိမ့်မည်။ အခက်အခဲများဖြေရှင်းရာတွင် စိတ်ကိုရှင်းရှင်းထားကာ စဉ်းစားဆုံးဖြတ်ပါ။ နောက်ဆုံးတွင် ပျော်ရွှင်စရာများ ရောက်ရှိလာလိမ့်မည်။


ပြိဿရာသီဖွား

----

မိမိလုပ်ခဲ့သော ကောင်းမွန်တဲ့အရာတွေမှ ရောင်ပြန်ဟပ်လာလိမ့်မည်။ ကြိုးကြိုးစားစားနေထိုင်တတ်သော စိတ်ကိုဆက်လက်ထိန်းသိမ်းပြီး နေထိုင်သွားပါ။ အချစ်ရေးမှာလည်း အဆင်ပြေနေလိမ့်မည်။ ဖွင့်ပြောရမယ့်သူ ရှိနေရင်လည်း ချက်ချင်းပဲ ဖွင့်ပြောလိုက်ပါ။


မေထုန်ရာသီဖွား

----

အထင်လွဲစရာများ ကြုံရတတ်သည်။ မိမိသော်လည်းကောင်း မိမိကိုသော်လည်းကောင်း အထင်လွဲမှားစရာများ ကြုံလာလိမ့်မည်။ အထင်လွဲစရာများကို အချိန်ယူကာ အေးအေးဆေးဆေးဖြေရှင်းပါ။ အလျင်မလိုပါနှင့်။


ကရကဋ်ရာသီဖွား

----

မိမိဆုံးဖြတ်ချက်တွေအပေါ် တွေဝေနေရတတ်သည်။ နောင်တရစရာများလည်း ကြုံတွေ့နေရတတ်သည်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောင်ပြီး အကောင်းဆုံးကျော်ဖြတ်လိုက်ပါ။


သိဟ်ရာသီဖွား

----

ငွေရေးကြေးရေး ကံကောင်းနေမည်။ ငွေဝင်ကိန်းများရှိသည်။ တစ်ဖက်ကဝင်ပြီး တစ်ဖက်ကနေလည်း ငွေထွက်ကိန်းများရှိနေတတ်တာကြောင့် သတိထားကာ ပြုမူလုပ်ဆောင်ပါ။ 


ကန်ရာသီဖွား

----------

ချစ်ခင်ရသူတွေနဲ့ စကားများရန်ဖြစ်နေရတတ်သည်။စိတ်ဆိုးစိတ်ကောက်ခြင်းတွေက အချိန်ကြာမြင့်ပြီး ရင်းနှီးမှုတွေကိုပင် ထိခိုက်လာနိုင်တာကြောင့် အချိန်ယူကာသေချာဖြေရှင်း ညှိနှိုင်းပါ။


တူရာသီဖွား

----

ယှဉ်ပြိုင်စရာများ များနေမည်။ အားလုံးကိုကျော်ဖြတ်ကာ အောင်မြင်မှုတွေရယူနိုင်ဖို့ စိုးရိမ်ပူပန်နေရတတ်သည်။ အချစ်ရေးမှာလည်း စိတ်ညစ်စရာများ ဖြစ်နေတတ်သည်။ စိတ်ညစ်စရာများကို သည်းခံကာ အားလုံးကို ရင်ဆိုင်ကျော်ဖြတ်လိုက်ပါ။


ဗြိစ္ဆာရာသီဖွား

-----

ကိုယ့်ကိုကိုယ် ယုံကြည်မှုပျောက်ဆုံးနေတတ်သည်။ သို့သော်လည်း ကံတရားကသင့်ဘက်မှာ ရှိနေပါတယ်။ သင်ဖြစ်ချင်သော ဆန္ဒတွေကို တဖြည်းဖြည်းချင်းဆီ လုပ်ဆောင်လိုက်ပါ။ အောင်မြင်မှုတွေက သင့်ကိုစောင့်ကြိုနေပါတယ်။


ဓနုရာသီဖွား

----

အရာရာအဆင်ပြေနေမယ့် ကာလလေးပဲဖြစ်ပါတယ်။ လုပ်ကိုင်သမျှ ကိစ္စရပ်တွေကို သင်စိတ်တိုင်းကျနေမယ့် အချိန်လေးပဲဖြစ်ပါတယ်။ အချိန်ရေးမှာလည်း အဆင်ပြေနေမယ့် ကာလပါပဲ။


မကာရ ရာသီဖွား

----

အပြောင်းအလဲများဖြစ်နိုင်သည်။ ကောင်းသောပြောင်းလဲခြင်းလား ဆိုးသောပြောင်းလဲခြင်းလားဆိုတာတော့ သင့်ရဲ့ရွေးချယ်မှုပါပဲ။ ရွေးချယ်စရာများ ကြုံတွေ့လာပါက ယုံကြည်ရသူတွေနဲ့တိုင်ပင်ပြီး စဉ်းစားဆုံးဖြတ်ပါ။


ကုမ်ရာသီဖွား

------

သစ္စာ ဖောက်ခံရသလို ခံစားချက်များ ခံစားနေရမည်။ တစ်ယောက်တည်း အထီးကျန်နေတတ်သည်။ ခင်မင်ရသူတစ်ယောက်ယောက်ကို ရင်ဖွင့်ပြီး ခံစားချက်တွေကို ရင်ဖွင့်ပြောပြလိုက်ပါ။


မိန်ရာသီဖွား

----

ပျောက်နေတဲ့ ပစ္စည်းများပြန်ရနိုင်သည်။ ပျောက်ဆုံးနေသော အိပ်မက်များ အကောင်အထည်ပေါ်လာလိမ့်မည်။ သင်ဆုံးရှုံးသွားပြီးထင်သော အရာများ သင့်ထံပြန်လည်ရောက်ရှိလာနိုင်သည်။


က္က