မိဿရာသီဖွား
---
တစ်ခုခုအတွက် တိုက်ခိုက်အနိုင်ယူနေရမည်။ စိတ်ဓာတ်မာကျောအောင် ပြင်ဆင်ပြီး အရာရာကို ရင်ဆိုင်လိုက်ပါ။ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေရမည်။ ချစ်ခင်ရသူတွေအတွက် စိတ်ပူပန်နေရတတ်သည်။
ပြိဿရာသီဖွား
----
အချစ်ရေးမှာ ကံကောင်းနေတတ်သည်။ ဖွင့်ပြောမယ့်ချစ်ရသူရှိနေရင် ဒီတစ်ပတ်အတွင်း ဖွင့်ပြောလိုက်ပါက ကံကောင်းစေနိုင်သည်။ သို့သော် အလုပ်နဲ့ပတ်သက်၍ စိတ်ရှုပ်စရာ များနေတတ်သည်။
မေထုန်ရာသီဖွား
----
ဖြစ်လာသမျှလက်ခံနိုင်အောင် ပြင်ဆင်ထားပါ။ ကိုယ်ကြိုးစား၍ ရရှိသော အောင်မြင်မှုများအတွက် ဂုဏ်ယူလိုက်ပါ။ ကိုယ်ပေးသလောက် ပြန်မရနိုင်တာတွေလည်း များနေတတ်သည်။
ကရကဋ်ရာသီဖွား
----
မသေချာ မရေရာတဲ့လုပ်ငန်းများ လုပ်မိနေတတ်သည်။ တွေဝေစိတ်တွေများနေတတ်သည်။ အချစ်ရေးမှာတော့ မျှော်လင့်ထားသည်များ ဖြစ်လာနိုင်သည်။ ပျော်ရွှင်ရလိမ့်မည်။
သိဟ်ရာသီဖွား
----
အလုပ်တွေကို စိတ်အေးအေးဖြင့် စဉ်းစားတွေးတောကာ လုပ်ဆောင်ပါ။ စိတ်ကို အရှင်းဆုံးဖြစ်အောင် နေထိုင်နိုင်ခြင်းက သင့်ရဲ့လုပ်ငန်းတွေအတွက် အကောင်းဆုံးဦးဆောင်မှုပေးနိုင်လိမ့်မည်။
ကန်ရာသီဖွား
----------
လူလိမ်ခံရနိုင်သည်။ မိမိနဲ့ရင်းနှီးသူတွေမှ မိမိအပေါ် နောက်ကျောဓားထိုးသွားတဲ့ ခံစားချက်မျိုး သင့်မှာဖြစ်လာနိုင်သည်။ သတိနဲ့ပြုမူနေထိုင်ပါ။ ယုံကြည်မလွယ်ပါနဲ့။
တူရာသီဖွား
----
အကောင်းမြင်စိတ်မွေးမြူပါ။ အပြုသဘောဆောင်တဲ့ အတွေးတွေက သင့်ထံ အခွင့်အရေးကောင်းတွေ သယ်ဆောင်လာနိုင်လိမ့်မည်။ သူငယ်ချင်းတစ်ဦးကြောင့်လည်း သင်ပျော်ရွှင်ရလိမ့်မည်။
ဗြိစ္ဆာရာသီဖွား
-----
ငွေကြေးကိစ္စများ ကံကောင်းနေမည်။ ငွေနဲ့ပတ်သက်၍ ရွေးချယ်မှုများ မှန်ကန်နေမည်။ ဒီလိုရက်တွေမှာ ထီထိုးထားပါ။ မိမိနဲ့သိကျွမ်းသူတစ်ဦးနဲ့ ထီစပ်တူထိုးခြင်းကလည်း သင့်ကို ပိုမိုကံကောင်းစေနိုင်မှာပါ။
ဓနုရာသီဖွား
----
မကာရ ရာသီဖွား
----
လောင်းကစား ကိစ္စများအတွက် အချိန်ကုန်နေလိမ့်မည်။ လောင်းကစားအတွက် ကုန်ရင်းသုံးရင်းနဲ့ပဲ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးရတတ်သည်။ ဒီလိုနေ့တွေမှာ ကိုယ့်စိတ်ကို အလိုမလိုက်ပါနဲ့
ကုမ်ရာသီဖွား
------
ကိုယ်ပိုင် အတွေးအခေါ်ဖြင့်သာ စဉ်းစားဆင်ခြင်လုပ်ကိုင်ပါ။ သူတပါးအတွေးတွေကို ဂရုစိုက်မိခြင်းကြောင့် စိတ်ညစ်ရတတ်သည်။ သူများတွေအတွက် ရှင်သန်နေရတတ်သည်။
မိန်ရာသီဖွား
------
လက်လျှော့ထားသော ပြဿနာများ ၊ ငွေကြေးကိစ္စများ ပြန်အဆင်ပြေနိုင်သည်။ သင်မသိတဲ့ သူစိမ်းတစ်ဦးက သင့်ကို အကူအညီများစွာ ပေးလိမ့်မည်။ သင့်ကိုအကူအညီပေးသူများနဲ့ တွေ့ဆုံနေရတတ်သည်။