• Reviews
    တစ်ပတ်စာ ဗေဒင်ဟောစာတမ်း - ဒီဇင်ဘာ (၁၁) မှ ဒီဇင်ဘာ (၁၇)
Thinzar Win
[Unicode Version]
Duwun ပရိတ်သတ်တွေ အတွက် တစ်ပတ်စာ ဟောစာတမ်းတွေ လာပြီနော်...
ဒီဇင်ဘာ (၁၁) မှ ဒီဇင်ဘာ (၁၇) ရက်နေ့ ထိ တစ်ပတ်စာ ဟောစာတမ်းများ ကတော့...
မိဿရာသီဖွား
---
စီးပွားရေးတွေ အဆင်ပြေလာလိမ့်မည်၊ ဆုံးရှုံးဖူးသောအရာများပြန်လည်ရရှိလာလိမ့်မည်၊ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့်နည်းလမ်းတွေ တွေ့ရှိဖို့ စိတ်ခွန်အားပေးတဲ့ စာတွေသာ ဖတ်ပါ။ အားလုံးအပေါ် မေတ္တာတရားဖြင့်သာ ပြောဆိုဆက်ဆံပါ။
ပြိဿရာသီဖွား
----
ကြံတိုင်းအောင် လုပ်သမျှကိစ္စတိုင်းမှာ အဆင်ပြေနေလိမ့်မည်။ စကားအရာအောင်မယ့် ကာလပါပဲ၊ မနာလိုသူတွေလည်း ရှိတတ်တာကြောင့် သတိနဲ့နေထိုင်ခြင်းက ပိုမိုအဆင်ပြေစေလိမ့်မည်၊ လုပ်သမျှကိစ္စတိုင်းအောင်မြင်စေဖို့ ဘုရား၊တရားမမေ့ပါနဲ့။
မေထုန်ရာသီဖွား
----
လူမှုဆက်ဆံရေးမှာ အဆင်ပြေသည်မဟုတ် မပြေသည်လည်းမဟုတ် ဖြစ်နေတတ်သည်။ အထီးကျန်နေသည်ဟု ခံစားရသည်မှစကာ တွေဝေစိတ်တွေဝင်ရောက်ပြီး စိတ်ဓာတ်ကျနေရတတ်သည်။ ခင်မင်သူ သူငယ်ချင်းနဲ့ ရင်တွင်းစကားတွေပြောဆိုလိုက်ပါ။
ကရကဋ်ရာသီဖွား
----
ကံကောင်းမှုတွေ ဆက်လက်ထိန်ထားနိုင်ပေလိမ့်မည်။ သို့သော်လည်း တခါတလေဆိုသလို ကံညံ့လေးတွေ ဝင်လာနေတတ်သည်။ လုပ်ဆောင်တဲ့ကိစ္စတိုင်းမှာ ဒုတိယအစီအစဉ်ဆိုတဲ့ အစီအစဉ်တစ်ခုကို အမြဲထည့်သွင်းစဉ်းစားထားပါ။
သိဟ်ရာသီဖွား
----
အချစ်ရေးမှာ မိမိချစ်ခင်ရသူက မိမိအပေါ် နားလည်မှုတွေ ပေးလာလိမ့်မည်။ အချစ်ရေးကံကောင်းစေဖို့ကတော့ မိမိကိုယ်တိုင်ဖန်တီးရမှာပါပဲ။ အချစ်ရေးမဟုတ်တဲ့ ကျန်တဲ့ကိစ္စတွေမှာတော့ အခြေအနေတွေက အသင့်အတင့်ကောင်းမွန်နေပါတယ်။
ကန်ရာသီဖွား
----------
မသေချာတဲ့ လုပ်ငန်းများလုပ်မိနေတတ်သည်။ မိမိလုပ်ကိုင်ရမယ့် အလုပ်ကတစ်ဖက်၊ မလိုအပ်သည့်အလုပ်တွေက တစ်ဖက် လုပ်မိနေတတ်သည်။ ဗျာများခြင်းက သင့်အတွက် အဆင်မပြေမှုတွေရဲ့လမ်းစပါပဲ။ ဒါကြောင့် အလုပ်တွေကို စိတ်အေးအေးဖြင့် စဉ်းစားတွေးတောကာ လုပ်ဆောင်ပါ။
တူရာသီဖွား
----
အချစ်ရေးကေတော့ ကောင်းနေတုန်းပါပဲ။ သို့သော် တတိယလူပေါ်လာတတ်သည်။ ချစ်သူနှစ်ဦးခြား နားလည်မှုခိုင်မာမှသာ ဒီအခြေအနေကို ကျော်ဖြတ်နိုင်လိမ့်မည်။ လုပ်ငန်းတွေမှာလည်း သင့်အတွက် စိတ်ရှုပ်စရာလေးတွေ ပေါ်လာတတ်သည်။
ဗြိစ္ဆာရာသီဖွား
-----
ဖြစ်လာတဲ့ ပြဿနာတွေကို မြန်ဆန်စွာ တန့်ပြန်နိုင်စွမ်းက သင့်ရဲ့ခွန်အားပါပဲ။ ဒီခွန်အားတွေ ရရှိဖို့ စိတ်တည်ငြိမ်အောင် တရားများများထိုင်ပါ။ ခွန်အားတွေ ရရှိဖို့က အခြေအနေများတာကြောင့် နည်းနည်းကြိုးစားလိုက်ရုံနဲ့ ဖြစ်သမျှပြဿနာတွေကို ရင်ဆိုင်အနိုင်ယူနိုင်လိမ့်မည်။
ဓနုရာသီဖွား
----
လူလိမ်တွေနဲ့ကတော့ တွေ့ဆုံနေရဦးမှာပါပဲ။ လူလိမ်လည်းခံရနိုင်ပါသေးတယ်၊ ပိုက်ဆံလိမ်ယူမယ်၊ ရာထူးနေရာ လိမ်လည်မယ်၊ အချစ်ကိုတောင် လိမ်ယူသူတွေနဲ့ တွေ့ဆုံနေရဦးပါမယ်၊ တစ်ဖက်လူမှ ပြောသမျှစကားတိုင်းကို ချင့်ချိန်ယုံကြည့်ခြင်းကသာ သင့်အတွက်အကောင်းဆုံးနည်းလမ်းပါ။
မကာရ ရာသီဖွား
----
ဝင်ငွေကောင်းမယ့် ကာလပါပဲ။ငွေရွှင်တာကြောင့် သင့်နားမှာ အပေါ်ယံလူတွေ ကပ်နေတတ်ပါတယ်။ ဒီလိုလူတွေအပေါ် သင်ဘယ်လိုဆက်ဆံမယ်ဆိုတာကတော့ သင့်ရဲ့ရွေးချယ်မှုပါပဲ။ ရွေးချယ်မှုတွေက နောင်အချိန်မှာ စကားပြောလာမယ်ဆိုတာတော့ မမေ့လိုက်ပါနဲ့။
ကုမ်ရာသီဖွား
------
ဘာပဲလုပ်လုပ် အကောင်းမြင်စိတ်ဖြင့်သာ လုပ်ကိုင်ပါ။ အကောင်းမြင်စိတ်က သင့်ဘဝတစ်ခုလုံးကို ကောင်းမွန်တဲ့လမ်းကြောင်းပေါ် တွန်းပို့ပေးနိုင်လိမ့်မည်။ သူငယ်ချင်းမိတ်ဆွေတွေလည်း တိုးပွားလာလိမ့်မည်။
မိန်ရာသီဖွား
----
ကြိုးကြိုးစားစား နေထိုင်ခြင်းက သင့်ရဲ့ပုံစံဖြစ်နေတတ်ပါတယ်။ သင်လိုအပ်တာတွေကို အလွယ်နည်းလမ်းမဟုတ်ဘဲ တကယ့်ကိုကြိုးစားယူခြင်းဖြင့်သာ ရရှိနေပေလိမ့်မည်။ တက်က်ကြွကြွလည်းရှိနေလိမ့်မည်။
[Zawgyi Version]
မိဿရာသီဖွား
---
ပြိဿရာသီဖွား
----
မေထုန်ရာသီဖွား
----
ကရကဋ်ရာသီဖွား
----
သိဟ်ရာသီဖွား
----
ကန်ရာသီဖွား
----------
တူရာသီဖွား
----
ဗြိစ္ဆာရာသီဖွား
-----
ဓနုရာသီဖွား
----
မကာရ ရာသီဖွား
----
ကုမ်ရာသီဖွား
------
မိန်ရာသီဖွား
----
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us