မိဿရာသီဖွား
---
အဆင်မပြေမှုများ ပြန်လည်အဆင်ပြေမည့်ကာလဖြစ်သည်။ ပျော်ရွှင်စရာများ ရောက်ရှိလာလိမ့်မည်။ မလိုအပ်တဲ့ပစ္စည်းများကို စွန့်လွှတ်လိုက်ပါ သင်လိုအပ်သော အရာများ သင့်ထံရောက်ရှိလာလိမ့်မည်။
ပြိဿရာသီဖွား
----
အချစ်ရေးမှာ ပျော်ရွှင်နေရမည်။ ကျန်းမာရေး ချူချာနေတတ်သည်။ မိသားစုအတွက်သော်လည်းကောင်း မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း ကျန်းမာရေးအတွက် စိတ်ပူပန်နေရမည်။ ကလေးတစ်ဦးကို လက်ဆောင်ပစ္စည်းဝယ်ပေးလိုက်ပါ။
မေထုန်ရာသီဖွား
----
မိတ်ဆွေတစ်ဦးထံမှ မမျှော်လင့်ထားတဲ့ အကူအညီတွေရရှိနိုသည်။ မိမိကို လူချင်လူခင်ပေါလာပြီး တစ်ဖက်မှာလည်း လူမုန်းများနေတတ်သည်။ မိမိပြောလိုက်သော စကားမှ မိမိအပေါ်အကျိုးသက်ရောက်မှု များစွာဖြစ်စေနိုင်သည်။
ကရကဋ်ရာသီဖွား
----
ဘဝအတွက် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ သေသေချာချာ စဉ်းစားဆင်ခြင်ပြီးမှ ဆုံးဖြတ်ချက်ချပါ။ အမှားများတတ်သည်။ သင်ယုံကြည်ရသော သူတစ်ဦးရဲ့ အကူအညီ လိုအပ်နေပေမည်။
သိဟ်ရာသီဖွား
----
ခင်မင်ရသူတွေနဲ့ အငြင်းပွားနေရတတ်သည်။ အချင်းများရန်ဖြစ်နေရတတ်သည်။ အထင်လွဲခံရနိုင်သည်။ သို့သော်လည်း အဆင်မပြေမှုများကြားမှ သင့်အတွက် သတင်းကောင်းတွေလည်း ကြားနေရမည်။
ကန်ရာသီဖွား
----------
ငွေရေးကြေးရေးကြောင့် အလုပ်များနေရတတ်သည်။ သင်ပိုင်ဆိုင်တဲ့ ငွေကြေးကိစ္စမဟုတ်ခဲ့သည်တိုင် အခြားသူတွေအတွက် ကူညီပေးရတတ်သည်။အာမခံသည့် ကိစ္စမျိုးတွေ ရှောင်ရှားပါ။ သင်နဲ့လုံး၀ မအပ်ဆက်သည့် လုပ်ငန်းများပင်ဖြစ်သည်။
တူရာသီဖွား
----
ဖြစ်လာသမျှလက်ခံနိုင်အောင် ပြင်ဆင်ထားပါ။ ကြိုတင်ပြင်ဆင်ခြင်းက သ့င်ကိုအကောင်းမွန်ဆုံးဖြစ်အောင် ထောက်ပံ့ပေးပါလိမ့်မယ်။ လူလိမ်လူကောက်များနဲ့လည်း တွေ့ဆုံနိုင်တာဖြစ်လို့ သွားလေရာနေရာမှာ သတိကပ်၍သာ နေထိုင်ပြောဆိုပါ။
ဗြိစ္ဆာရာသီဖွား
-----
ပျောက်နေသော ပစ္စည်းတွေကို လိုက်ရှာနေရတတ်သည်။ မိမိတန်ဖိုးထားသော အရာများ ပျောက်ဆုံးရတတ်သည်။ ချစ်ရသူကပင် မိမိအနားကနေ ပျောက်ဆုံးသွားသလို ခံစားနေရတတ်သည်။ ရေလမ်းခရီးသတိထားပါ သင့်အတွက် ဘေးဖြစ်စေနိုင်သည်။
ဓနုရာသီဖွား
----
မိမိဆုံးဖြတ်ချက်တွေအပေါ် တွေဝေနေရတတ်သည်။ နောင်တရစရာများလည်း ကြုံတွေ့နေရတတ်သည်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်ယုံကြည်မှုတည်ဆောင်ပြီး အကောင်းဆုံးကျော်ဖြတ်လိုက်ပါ။
မကာရ ရာသီဖွား
----
ဆုံးရှုံးဖူးသော ငွေကြေးများပြန်လည်ရရှိနိုင်သည်။ ပြန်မရနိုင်တော့ဘူး ထင်မှတ်ထားတဲ့ အကြွေးတွေပင် ပြန်လည်ရရှိနိုင်သည်။ သို့သော်လည်း ကိုယ်မှပြန်လည်ပေးကမ်းစွန့်ကြဲခြင်းကို မမေ့လျော့ နေပါနဲ့။
ကုမ်ရာသီဖွား
------
မိတ်ဆွေတွေနဲ့ စိတ်ဆိုး၊ဒေါသထွက်ရမယ့် အချိန်ဖြစ်နေတတ်ပါတယ်။ ယုံကြည်လွယ်တဲ့ စိတ်ရှိသူများအနေနဲ့ကတော့ အထူးသတိထားရပါလိမ့်မယ်။ အရမ်းလည်း မယုံကြည်သလို၊ မိတ်ဆွေတွေအပေါ် ဥပေက္ခာလည်းအလွန်မပြုပါနှင့်။
မိန်ရာသီဖွား
----
ငွေရေးကြေးရေး ကံကောင်းနေမည်။ ငွေဝင်ကိန်းများရှိသည်။ တစ်ဖက်ကဝင်ပြီး တစ်ဖက်ကနေလည်း ငွေထွက်ကိန်းများရှိနေတတ်တာကြောင့် သတိထားကာ ပြုမူလုပ်ဆောင်ပါ။