မိဿရာသီဖွား
---
လက်လျှော့ထားသော ပြဿနာများ ၊ ငွေကြေးကိစ္စများ ပြန်အဆင်ပြေနိုင်သည်။ သင်မသိတဲ့ သူစိမ်းတစ်ဦးက သင့်ကို အကူအညီများစွာ ပေးလိမ့်မည်။ သင့်ကိုအကူအညီပေးသူများနဲ့ တွေ့ဆုံနေရတတ်သည်။ စိတ်ညစ်စရာတွေ ကြုံလာတဲ့အခါ စံပယ်ပန်းပင်ကို ရေငါးခွက်လောင်းပါ။
ပြိဿရာသီဖွား
----
ကိုယ်ပိုင် အတွေးအခေါ်ဖြင့်သာ စဉ်းစားဆင်ခြင်လုပ်ကိုင်ပါ။ သူတပါးအတွေးတွေကို ဂရုစိုက်မိခြင်းကြောင့် စိတ်ညစ်ရတတ်သည်။ သူများတွေအတွက် ရှင်သန်နေရတတ်သည်။ တစ်ခုခုဆုံးဖြတ်ခါနီးတွင် ရေသုံးငုံသာက်ပြီးမှ ဆုံးဖြတ်ပါ။
မေထုန်ရာသီဖွား
----
လောင်းကစား ကိစ္စများအတွက် အချိန်ကုန်နေလိမ့်မည်။ လောင်းကစားအတွက် ကုန်ရင်းသုံးရင်းနဲ့ပဲ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးရတတ်သည်။ ဒီလိုနေ့တွေမှာ ကိုယ့်စိတ်ကို အလိုမလိုက်ပါနဲ့၊ ဝင်ငွေရွှင်စေရန် ဘုရားမှာ ငွေပန်းကပ်လှူပါ။
ကရကဋ်ရာသီဖွား
----
အခက်အခဲတွေကြား ရှင်သန်နေရမည်။ သို့သော်လည်း သင့်ရဲ့စိတ်ရှည်သည်းခံခြင်းက အောင်မြင်မှုတွေဆီ တွန်းပို့ပေးနိုင်လိမ့်မည်။ဒီတပတ်တော့ အရာရာကို သည်းခံစိတ် မွေးမြူထားလိုက်ပါ။ သည်းမခံနိုင်တဲ့ကိစ္စတွေနဲ့ ရင်ဆိုင်ရလာတဲ့အခါ မြစ်ကမ်းဘေးနားမှာ အလှူတစ်ခုပြုလုပ်ပါ။
သိဟ်ရာသီဖွား
----
ငွေကြေးကိစ္စများ ကံကောင်းနေမည်။ ငွေနဲ့ပတ်သက်၍ ရွေးချယ်မှုများ မှန်ကန်နေမည်။ ဒီလိုရက်တွေမှာ ထီထိုးထားပါ။ မိမိနဲ့သိကျွမ်းသူတစ်ဦးနဲ့ ထီစပ်တူထိုးခြင်းကလည်း သင့်ကို ပိုမိုကံကောင်းစေနိုင်မှာပါ။ ၅နဲ့စတဲ့ ထီကိုထိုးပါ။
ကန်ရာသီဖွား
----------
အကောင်းမြင်စိတ်မွေးမြူပါ။ အပြုသဘောဆောင်တဲ့ အတွေးတွေက သင့်ထံ အခွင့်အရေးကောင်းတွေ သယ်ဆောင်လာနိုင်လိမ့်မည်။ သူငယ်ချင်းတစ်ဦးကြောင့်လည်း သင်ပျော်ရွှင်ရလိမ့်မည်။ အရေးကြီးသော ကိစ္စများဆောင်ရွက်ရာတွင် ခရေပန်း ဆောင်သွားပါ။
တူရာသီဖွား
----
လူလိမ်ခံရနိုင်သည်။ မိမိနဲ့ရင်းနှီးသူတွေမှ မိမိအပေါ် နောက်ကျောဓားထိုးသွားတဲ့ ခံစားချက်မျိုး သင့်မှာဖြစ်လာနိုင်သည်။ သတိနဲ့ပြုမူနေထိုင်ပါ။ ယုံကြည်မလွယ်ပါနဲ့။ ငွေနောက်လိုက်ရင် အမှားတွေ တွေ့နေရတတ်သည်။
ဗြိစ္ဆာရာသီဖွား
-----
အလုပ်တွေကို စိတ်အေးအေးဖြင့် စဉ်းစားတွေးတောကာ လုပ်ဆောင်ပါ။ စိတ်ကို အရှင်းဆုံးဖြစ်အောင် နေထိုင်နိုင်ခြင်းက သင့်ရဲ့လုပ်ငန်းတွေအတွက် အကောင်းဆုံးဦးဆောင်မှုပေးနိုင်လိမ့်မည်။ ကံကောင်းစေဖို့ ကံ့ကော်ပန်း (သို့) အညွှန့် ဆောင်ထားပါ။
ဓနုရာသီဖွား
----
မသေချာ မရေရာတဲ့လုပ်ငန်းများ လုပ်မိနေတတ်သည်။ တွေဝေစိတ်တွေများနေတတ်သည်။ အချစ်ရေးမှာတော့ မျှော်လင့်ထားသည်များ ဖြစ်လာနိုင်သည်။ ပျော်ရွှင်ရလိမ့်မည်။ ပျော်ရွှင်ခြင်းတွေ ကြာရှည်အောင် ငါးစာကျွေးပါ။
မကာရ ရာသီဖွား
----
ဖြစ်လာသမျှလက်ခံနိုင်အောင် ပြင်ဆင်ထားပါ။ ကိုယ်ကြိုးစား၍ ရရှိသော အောင်မြင်မှုများအတွက် ဂုဏ်ယူလိုက်ပါ။ ကိုယ်ပေးသလောက် ပြန်မရနိုင်တာတွေလည်း များနေတတ်သည်။ မျှော်လင့်ချက်တွေအတွက် ရှင်သန်နေထိုင်နေရလိမ့်မည်။
ကုမ်ရာသီဖွား
------
အချစ်ရေးမှာ ကံကောင်းနေတတ်သည်။ ဖွင့်ပြောမယ့်ချစ်ရသူရှိနေရင် ဒီတစ်ပတ်အတွင်း ဖွင့်ပြောလိုက်ပါက ကံကောင်းစေနိုင်သည်။ သို့သော် အလုပ်နဲ့ပတ်သက်၍ စိတ်ရှုပ်စရာ များနေတတ်သည်။ အလုပ်ထဲမှာ အဆင်ပြေစေဖို့ ပန်းရောင် လက်ကိုင်ပုဝါဆောင်ထားပါ။
မိန်ရာသီဖွား
----
တစ်ခုခုအတွက် တိုက်ခိုက်အနိုင်ယူနေရမည်။ စိတ်ဓာတ်မာကျောအောင် ပြင်ဆင်ပြီး အရာရာကို ရင်ဆိုင်လိုက်ပါ။ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေရမည်။ ချစ်ခင်ရသူတွေအတွက် စိတ်ပူပန်နေရတတ်သည်။ ပူပန်မှုတွေ လျော့ပါးအောင် ဘုရားသောက်တော်ရေ နေ့စဉ် ကပ်လှူပါ။