မိဿရာသီဖွား
----
ပြိဿရာသီဖွား
----
မေထုန်ရာသီဖွား
----
ကရကဋ်ရာသီဖွား
----
သိဟ်ရာသီဖွား
----
ကန်ရာသီဖွား
----
ခရီးသွားရလိမ့်မည်။ မိသားစုနဲ့အတူ ခရီးထွက်ရကိန်းရှိသည်။ ခရီးမှာ သင့်အတွက် အဆင်ပြေစေမည့် လူတစ်ဦးနဲ့ ဆုံတွေ့ရနိုင်သည်။ ငွေကြေးကိစ္စမှာတော့ တည်ငြိမ်နေလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် လမ်းထိပ်မှာ အလှူတစ်ခုလုပ်ပါ။
တူရာသီဖွား
----
မိသားစုအတွင်း စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်တတ်သည်။ တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲစရာတွေ ဖြစ်လာတတ်သည်။ အချစ်ရေးမှာလည်း အဆင်မပြေမှုလေးတွေ ရင်ဆိုင်နေရလိမ့်မည်။ အဆင်မပြေတာတွေအတွက် အကောင်းဆုံးဖြေရှင်းနိုင်အောင် စိတ်လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပါ။
ဗြိစ္ဆာရာသီဖွား
-----
ဘဝအတွက် တွေးပူနေရတတ်သည်။ မထင်မှတ်ထားတဲ့ ဘဝအချိုးအကွေ့နဲ့ ရင်ဆိုင်ရလိမ့်မည်။ ကူညီမယ့်သူကို လိုက်ရှာနေရတတ်သည်။ ကိုယ်စွမ်းကိုယ်စကိုသာ အားကိုးပါ။ ကံအထောက်အပံ့ရရှိစေရန် ဘုရားမှာ ဆီးမီးပူဇော်ပါ။
ဓနုရာသီဖွား
----
အချစ်ရေးမှာ သာယာပျော်ရွှင်နေမည်။ ချစ်သူရဲ့ကရုစိုက်မှုတွေအောက်မှာ ကြည်နူးမှုတွေ ခံစားနေရမည်။ လူမှုရေးကိစ္စတွေမှာတော့ အနည်းငယ် အားနည်းနေတတ်သည်။ ငွေရေးကြေးရေးအတွက် စိုးရိမ်မှုတွေ ကင်းကွာနေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် အုန်းနို့ခေါက်ဆွဲအလှူပေးပါ။
မကာရ ရာသီဖွား
----
အချစ်ရေးမှာ တွေဝေနေရတတ်သည်။ ဆုံးဖြတ်ရခက်ခဲနေတတ်သည်။ သူငယ်ချင်းနဲ့ အိမ်ထောင်ကျသွားတတ်သည်။ ငွေကြေးကိစ္စတွေမှာတော့ ဝင်ငွေကောင်းနေလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ခေါက်ဆွဲကြော်အလှူပေးပါ။
ကုမ်ရာသီဖွား
----
ကိုယ့်အကြောင်း မကောင်းပြောသူများကြောင့် စိတ်တိုနေရတတ်သည်။ ကိုယ်နဲ့အရင်းနှီးဆုံးသော သူတွေမှ ကိုယ့်အပေါ် သစ္စာဖောက်တတ်သည်။ အချစ်ရေးမှာလည်း သစ္စာဖောက်ခြင်းခံရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် သနပ်ခါးတုံးလက်ဆောင်ပေးပါ။
မိန်ရာသီဖွား
----
ငွေကြေးကိစ္စတွေအတွက် စိုးရိမ်ပူပန်နေရတတ်သည်။ ငွေကြေးအတွက် ပြဿနာတွေရင်ဆိုင်နေရတတ်သည်။ အချစ်ရေးမှာ ချစ်ရသူနဲ့ ဝေးကွာနေရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ရွှေပန်း၊ငွေပန်း ကပ်လှူပါ။