ဒီဇင်ဘာလ (၄) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့
Thinzar Win

မိဿရာသီဖွား 

---

ပြောင်းလဲမှုတွေနဲ့ ကြုံတွေ့လာရလိမ့်မည်။ အိမ်ပြောင်းခြင်း၊ကျောင်းပြောင်းခြင်း၊ အလုပ်ပြောင်းခြင်း စတာတွေနဲ့ ကြုံဆုံလာလိမ့်မည်။ အချစ်ရေးမှာ ပုံမှန်အတိုင်းပဲ ဖြစ်နေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ဆွမ်း၊ပန်း၊ရေချမ်း ကပ်လှူပါ။ 

ပြိဿရာသီဖွား

----

အဆင်ပြေတာတွေ များနေတတ်သည်။ အရင်က မိမိနဲ့အဆင်မပြေသူများနဲ့တောင် ပြန်လည်အဆင်ပြေနေမယ့် ကာလဖြစ်သည်။ အချစ်ရေးမှာ အချစ်ဟောင်းနဲ့ဆုံတွေ့ရလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ဂန္ဓာမာပန်းကပ်လှူပါ။ 

မေထုန်ရာသီဖွား

----

ဆန္ဒနဲ့ဘ၀ ခဏတဖြုတ် ထပ်တူကျနေသလို ခံစားရလိမ့်မည်။ နောက်ပိုင်းမှာ စိတ်ဆင်းရဲစရာတွေ ကြုံရတတ်သည်။ အချစ်ရေးမှာ လှည့်စားသူတွေနဲ့ ကြုံဆုံရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ မုန့်ချိုတစ်မျိုးကပ်လှူပါ။ 

ကရကဋ်ရာသီဖွား

----

စိတ်နှစ်ခွဖြစ်ပြီး တွေဝေနေရတတ်သည်။ ယုံကြည်ရမယ့်သူတွေ အနားမှာ မရှိသလို ခံစားနေရတတ်သည်။ အချစ်ရေးမှာ ရှေ့တိုးရမလို နောက်ဆုတ်ရမလို ဖြစ်နေတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ကြာပန်း ကပ်လှူပါ။

သိဟ်ရာသီဖွား

----

ပျော်စရာများ ရောက်ရှိလာလိမ့်မည်။ မျှော်လင့်တောင့်တနေသော အရာများ ဖြစ်လာလိမ့်မည်။ နှလုံးသားရေး ကိစ္စမှာလည်း ကံကောင်းချိန်ရောက်ရှိနေသည်။ အနီရောင်ကို ရှောင်ပါ။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ဇီဇဝါပန်း ကပ်လှူပါ။ 

ကန်ရာသီဖွား

----------

အချစ်ရေးမှာ ပြောင်းလဲမှုများဖြစ်လာမည်။ နှောင့်ယှက်သူများ ပေါ်လာတတ်သည်။ နားလည်မှုတွေ တည်ဆောင်ထားမှ အဆင်ပြေလိမ့်မည်။ လူမှုရေးတွေ ရှုပ်ထွေးနေတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ နေကြာပန်းကပ်လှူပါ။ 

တူရာသီဖွား

---- 

နှလုံးသားရေး ကိစ္စများအဆင်ပြေနေမည်။ ငွေကြေးကိစ္စများမှာတော့ မမျှော်လင့်ထားတာတွေဖြစ်တတ်သည်။ မမျှော်လင့်ထားတဲ့နေရာမှ ဥစ္စာပစ္စည်းများတိုးပွားလာလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ကံ့ကော်ပန်း ကပ်လှူပါ။ 

ဗြိစ္ဆာရာသီဖွား

-----

ငွေရေးကြေးရေးအတွက် ပူပန်စရာတွေ များနေလိမ့်မည်။ ငွေနောက်လိုက်နေမိမယ်။ တစ်ဖတ်သတ် ချစ်နေရသူရဲ့ စိတ်ဝင်စားခြင်း ခံရလိမ့်မည်။ ဆောင်ရွင်သမျှ အဆင်ပြေစေရန် ဘုရားမှာ ရွှေပန်း၊ငွေပန်း ကပ်လှူပူဇော်ပါ။ 

ဓနုရာသီဖွား

----

စိတ်ပင်ပန်းစရာများနဲ့ ကြုံတွေ့နေရလိမ့်မည်။ လမ်းပျောက်နေတတ်သည်။ ချစ်ရသူနဲ့ စိတ်ဆိုးဒေါသထွက်စရာတွေ ကြုံလာလိမ့်မယ်။ စိတ်ညစ်စရာတွေကြား ပိတ်မိနေတတ်သည်။ အကောင်းဆုံးဖြတ်ကျော်နိုင်ရန် ဘုရားမှာ မုန့်လုံးရေပေါ် ကပ်လှူပါ။ 

မကာရ ရာသီဖွား

----

သူငယ်ချင်းနဲ့ချစ်သူကြား ဗျာများနေရတတ်သည်။ ချစ်သူနဲ့ပဲအချိန်ကုန်ရမလို ၊ သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်ရမလို ဖြစ်နေတတ်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူတွေအတွက်ကတော့ လုပ်ငန်းမှ အကျိုးအမြတ်များစွာ ရရှိမယ့် ကာလလေးပါပဲ။ ဆောင်ရွင်သမျှအဆင်ပြေစေရန် ဘုရားမှာ နှင်းဆီပန်းကပ်လှူပါ။

ကုမ်ရာသီဖွား

------

သူများကိစ္စတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်တတ်သည်။ ကိုယ့်အကြောင်းပဲ ကိုယ်တွေးပြီး နေပါ။အပူတွေကို လက်မခံရင် မပူလောင်ပါဘူး။ ရှေ့ရေးအတွက် အနှောင့်အယှက်အဖြစ်မခံပါနဲ့။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ ဘုရားမှာ ထောပတ်သီးကပ်လှူပါ။ 

မိန်ရာသီဖွား

----

စိတ်ရှုပ်စရာတွေ ကြုံရတတ်သည်။ မိသားစုထဲမှာ စကားများရန်ဖြစ်ရတတ်သည်။ ချစ်ရသူမှ မိမိအပေါ် အထင်အမြင်လွဲမှားနေတတ်သည်။ နာတာရှည်ရောဂါ ဖြစ်တတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ သပြေပန်းကပ်လှူပါ။


က္က