သြဂုတ်လ (၇) ရက်နေ့မှ သြဂုတ်လ (၁၃) ရက်နေ့
Thinzar Win

မိဿရာသီဖွား 

---- 

နိုင်ငံရပ်ခြား လူမျိုးမတူသူတွေနဲ့ ကံစပ်နေမည်။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမှ အကျိုးကျေးဇူးများစွာ ရရှိလိမ့်မည်။ ငွေကြေးအဝင်ကောင်းနေမည်။ ကျန်းမာရေး ချူချာနေတတ်သည်။ အချစ်ရေးမှာ နားလည်ပေးတတ်သူနဲ့ ကြုံဆုံရလိမ့်မည်။ အနှောင့်အယှက်တွေ ကင်းဝေးဖို့ သောကြာသားတစ်ဦးနဲ့ ဘုရားသွားပါ။



ပြိဿရာသီဖွား

----

မမျှော်လင့်ထားတဲ့ နေရာမှ ငွေကြေးများစွာ ရရှိလိမ့်မည်။ ဒီလိုအချိန်မှာ အနီရောင်ကို ရှောင်ဝတ်ပါ။ အချစ်ရေးမှာ တွေဝေစရာတွေ များနေတတ်သည်။ အိမ်ထောင်ရှိသူတွေအဖို့တော့ နောက်ထပ်အချစ်သစ်တွေ တိုးပွားပြီး ပျော်ရွှင်နေရတတ်သည်။ ငယ်ရွယ်သူတွေ ပညာရေးမှာ အောင်မြင်မှုတွေ ရရှိလိမ့်မည်။ 


မေထုန်ရာသီဖွား

----

အသွားမတော် တစ်လှမ်း ၊ အစားမတော် တစ်လုပ်ဆိုတဲ့ စကားပုံကို ဒီတစ်ပတ်အတွင်းမှာတော့ စွဲမြဲစွာ အမှတ်ရနေပါ။ အနေအထိုင် ၊ အစားအသောက် ကရုစိုက်ပါ။ အချစ်ရေးမှာတော့ နောက်ပြန်ဆွဲနေရတတ်သည်။ ငွေကြေးကိစ္စအတွက် သတင်းကောင်းကြားရတတ်သည်။ အနှောင့်အယှက်တွေ ကင်းဝေအောင် ဘုရားမှာ ထန်းလျက် ကပ်လှူပါ။ 


ကရကဋ်ရာသီဖွား

----

လက်လွန်ထားသော ငွေကြေးများ ပြန်လည်ရရှိနိုင်သည်။ သို့သော် ကိုယ့်စေတနာကို အပြစ်ပြောသူတွေနဲ့ ဆုံတွေ့ရတတ်သည်။ သတိထားပါ။ လှုမှုရေးကိစ္စများဖြင့် ရှုပ်ထွေးနေတတ်သည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နဲ့ ခွဲနေရတတ်သည်။ အနှောင့်အယှက်များ ကင်းဝေးအောင် အဘိုး၊အဘွား တစ်ဦးကို ဖိနပ် လက်ဆောင်ပေးပါ။ 


သိဟ်ရာသီဖွား

----

အနောက်အရပ်မှ သတင်းကောင်း ကြားရတတ်သည်။ အလုပ်ပြောင်း ၊ နေရာပြောင်း ကောင်းမွန်နေမည်။ ကောင်းသော ပြောင်းလဲခြင်းတွေနဲ့ ကြုံတွေ့ရတတ်သည်။ အချစ်ရေးမှာ စိတ်ကစားတတ်သူနဲ့ ဆုံတွေ့ရတတ်သည်။ အဆင်ပြေတာတွေ ထပ်ဆင့်အဆင်ပြေစေရန် ဘုရားမှာ မုန့်လုံးရေပေါ် ကပ်လှူပါ။ 


ကန်ရာသီဖွား

----------

မိဘအိမ်နဲ့ ခွဲနေရတတ်သည်။ ဘဝအတွက် ကြိုးစားရှင်သန်နေရတတ်သည်။ ကိုယ့်ကို ဖေးမပေးတတ်သူ တစ်ဦးနဲ့ ဆုံတွေ့ရလိမ့်မည်။ ကြိုးစားမှုတွေကြောင့် အဆင်ပြေတဲ့နေရာတစ်ခုကို ဖန်တီးနိုင်လိမ့်မည်။ အချစ်ရေးမှာ တည်ငြိမ်နေမည်။ အိမ်ထောင်ရှိသူတွေနဲ့ မိမိအိမ်ထောင်ဘက်နဲ့ ခရီးသွားရလိမ့်မည်။ အင်္ဂါထောင့်မှာ အဝါရောင်နှင်းဆီ ကပ်လှူပါ။ 


တူရာသီဖွား

---- 

အိမ်ယာဖန်တီးပေးခြင်း၊ လှုမှုရေးအကူအညီပေးခြင်း၊ပရဟိတ လုပ်ငန်းများတွင် ပါဝင်ခြင်းစတဲ့ လူမှုအကျိုးပြု ကိစ္စတွေမှာ ပျော်မွေ့နေတတ်သည်။ စနေ သားတစ်ဦးနဲ့ ဆုံတွေ့ပြီး အခွင့်အရေးကောင်းတစ်ခု ဖန်တီးနိုင်လိမ့်မည်။ အချစ်ရေးမှာ နောက်လူကြောင့် စိတ်သောကရောက်ရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ ဘုရားမှာ ဆီမီးပူဇော်ပါ။ 


ဗြိစ္ဆာရာသီဖွား

-----

လိမ်ညာတတ်သူကြောင့် စိတ်သောကရောက်ရတတ်သည်။ လက်တုန့်မပြန်ပါနဲ့ မိမိဘက်မှ စိတ်သဘောထားအမှန်ဖြင့်သာ ဆက်ဆံပါ။ စေတနာမှန်လျှင် ကံကောင်းပါလိမ့်မည်။ အချစ်ရေးမှာ စိတ်အရမ်းမထည့်ပါနဲ့ ။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ တရားထိုင်ပါ။ 


ဓနုရာသီဖွား

----

စောင့်ဆိုင်းနေသော လုပ်ငန်းကိစ္စများ အဆင်ပြေ ချောမွေ့နေလိမ့်မည်။ မိမိဘက်မှ လုံလောက်တဲ့ အားစိုက်ထုတ်မှုမျိုးသာ လိုအပ်ပေမည်။ ကံ၊ဉာဏ်၊ဝိရိယ သုံးခုပေါင်းပြီး အကျိုးဖြစ်ထွန်းလိမ့်မည်။ အချစ်ရေးမှာ ပျော်ရွှင်နေရမည်။ ကံတရားနဲ့ အထောက်အကူရရှိစေဖို့ စနေထောင့်မှာ အမွှေးတိုင်းကပ်လှူပါ။ 


မကာရ ရာသီဖွား

----

မိမိထက် အသက်အရွယ်ကြီးသူ တစ်ဦးနဲ့ လုပ်ငန်းကိစ္စများ ၊ ပရဟိတများ တွဲဖက်လုပ်ဆောင်ရတတ်သည်။ ငွေကြေးကိစ္စအတွက် နယ်ဝေးကို သွားရတတ်သည်။ အချစ်ရေးမှာ စိတ်ရှုပ်စရာလေးတွေ ဖြစ်တတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ ချိုတဲ့မုန့်တစ်မျိုးကို ကလေးငယ်တစ်ဦးကို ဝယ်ကျွေးပါ။  


ကုမ်ရာသီဖွား

------

ကြီးမားသော ပြောင်းလဲမှုတစ်ခုကြုံမည်။ အထက်အရာရှိတစ်ဦးရဲ့ ကူညီမှုကို ရရှိလိမ့်မည်။ ဝမ်းဗိုက်မှာ အနာတရဖြစ်တတ်သည်။ အချစ်ရေးမှာ စိတ်မချရတဲ့ ခံစားချက်တွေ ဖြစ်ပေါ်တတ်သည်။ အစိမ်းရောင်ပါတဲ့ အဝတ်အစားတွေကို ရှောင်ပြီး ဝတ်ဆင်ပါ။ 



မိန်ရာသီဖွား

----

အရင်းနှီးဆုံး သူတစ်ဦးနဲ့ စိတ်ကတောက်ကဆ ဖြစ်တတ်သည်။ မိမိတစ်ဦးတည်း ရပ်တည်နေရသလို ခံစားနေရတတ်သည်။ လုပ်ငန်းအသစ်တစ်ခု ထပ်တိုးကောင်း တိုးနိုင်သည်။ မိဘကျန်းမာရေးအတွက် ပူပန်နေရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ ရွှေဝါရောင်ပါတဲ့ အရာတွေကို ရွေးချယ်ဝယ်ယူပါ။ 



က္က