သြဂုတ်လ (၁၄) ရက်နေ့မှ သြဂုတ်လ (၂၀) ရက်နေ့

မိဿရာသီဖွား 

---- 

အလုပ်ကံကောင်းနေမည်။ ရွေးချယ်စရာတွေထဲကနေ အကောင်းမွန်ဆုံးကို ရှာဖွေနိုင်လိမ့်မည်။ ကိုယ်လုပ်ရမယ့် တစ်ခုကို အာရုံစူးစိုက်ပြီးလုပ်ပါ၊ အကျိုးရလဒ်ကောင်းတွေ ရရှိနိုင်သည်။ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ကြုံလာရင်လည်း စိတ်အေးအေးထား၍ဖြေရှင်းပါ။ ကံတရားရဲ့အကူအညီရရှိဖို့ အဖြူရောင်ကို ဝတ်ဆင်ပါ။

ပြိဿရာသီဖွား

----

ရန်များကို တိုက်ခိုက်အနိုင်ယူနိုင်ဖို့ အားအင်တွေ လိုအပ်နေလိမ့်မည်။ သူတစ်ပါးရဲ့ နောက်လိုက်လုပ်ခြင်းထက် ကိုယ်ကိုတိုင်ဦးဆောင်နိုင်အောင် ကြိုးစားပါ။ ကျန်းမာရေးအတွက် စိတ်ပူပန်နေရတတ်သည်။ ညဘက်အပြင်ထွက်ခြင်းရှောင်ပါ။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ ဘုရားမှာ ပန်း၊ရေချမ်းကပ်လှူ ပူဇော်ပါ။

မေထုန်ရာသီဖွား

----

အသစ်တွေ ထပ်တိုးလုပ်နိုင်လိမ့်မည်။ မိမိလုပ်ကိုင်နေကျ ပုံမှန်အလုပ်တွေထက် ထူးခြားဆန်းသစ်ပြီး လုပ်ရသော လုပ်ငန်းတွေနဲ့ အကျိုးပေးနေမည်။ အချစ်ရေးမှာ ငယ်ရွယ်သူနဲ့ ဖူးစာဆုံတွေ့ရလိမ့်မည်။ဆောင်ရွက်သမျှ ကိစ္စတိုင်းမှာ အထောက်အပံ့ပြုစေဖို့ လူကြီးတစ်ဦးကို ထမင်းခူးကျွေးပါ။ 

ကရကဋ်ရာသီဖွား

----

အရှေ့အရပ်သို့ ခရီးထွက်ရတတ်သည်။ အချစ်ရေးမှာ နောက်ဆံတင်းနေရတဲ့ ခံစားချက်တွေ ဖြစ်နေတတ်သည်။ မိမိနဲ့ ရွယ်တူတစ်ဦးနဲ့ ကံအကျိုးပေးကောင်းနေမည်။ ကံစမ်းရတဲ့ အရာတွေမှာ စပ်တူ လုပ်ကိုင်ပါ။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် နံနက်ပိုင်းမှာ တရားထိုင်ပါ။

သိဟ်ရာသီဖွား

----

ချစ်ခင်သူတွေနဲ့ စိတ်ဆိုးစိတ်ကောက်နေရတတ်သည်။ စိတ်ကိုလျော့ပြီး ပေါင်းသင်းဆက်ဆံပါ။ အမှန်၊အမှား နှစ်ခုကြား ေ၀ဝါးနေရတတ်သည်။ အချစ်ရေးမှာ ရှေ့တိုးရမလို ၊ နောက်ဆုတ်ရမလို ဖြစ်နေတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ရွက်လှပန်းကို ငါ့ဒဏ်နင်ခံဆိုပြီး တက်နင်းပါ။ 

ကန်ရာသီဖွား

----------

သွားလေရာမှာ နာမည်သတင်းကောင်း ရနေမည်။ လွန်ခဲ့တဲ့ အချိန်တွေက လုပ်ကိုင်ခဲ့တဲ့ ကိစ္စတွေကြောင့် အခုချိန်မှာ အကျိုးကျေးဇူးတွေ ခံစားနေရမည်။ အချစ်ရေးမှာ စိတ်တိုရမယ့် အကြောင်းတွေ ပေါ်လာတတ်သည်။ အိမ်ထောင်ရှင်တွေ အိမ်ထောင်ဖက်နဲ့ ရန်များနေတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ ကြောင်တစ်ကောင်ကို အစာကျွေးပါ။ 

တူရာသီဖွား

---- 

လူမှုအကျိုးပြုလုပ်ငန်းတွေနဲ့ ဆက်လက်အကျိုးပေးနေမည်။ သူတစ်ပါးကို ကူညီပေးခြင်းကြောင့် သင့်ဆီမှာ ကံကောင်းခြင်းတွေ ပိုင်ဆိုင်ရလိမ့်မည်။ မကောင်းကြောင်း ပြောခံရတတ်သည်။ အချစ်ရေးမှာ ကိုယ့်ကို ဦးဆောင်နိုင်သူကြောင့် စိတ်ကျေနပ်နေရမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ ဘုရားမှာ ဆီမီးလှူပါ။

ဗြိစ္ဆာရာသီဖွား

-----

ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ရောက်ရှိလာလိမ့်မည်။ စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းခြင်းက သင့်အတွက် အကျိုးဖြစ်ထွန်းမည်။ မကောင်းမြင်တတ်တဲ့ စိတ်တွေကို တတ်နိုင်သလောက် လျော့ပါ။ ဝင်ငွေထက် ထွက်ငွေ ပိုများနေတတ်သည်။ ကံတရားရဲ့ အကူအညီ ရရှိဖို့ သွားလေရာမှာ ကုသိုလ်ကောင်းမှုတစ်ခုပြုပါ။ 

ဓနုရာသီဖွား

----

အသစ် အသစ်တွေက သင့်အတွက် စောင့်ကြိုနေလိမ့်မည်။ မတူတဲ့ နေရာတစ်ခု၊ အခြေအနေတစ်ခုကို ချက်ချင်းဆိုသလို ရောက်ပြီး မတူတာတွေ ကြိုးစားနေရတတ်သည်။ လူမှုရေးကိစ္စတွေမှာ သာမန်ထက် အဆင်ပြေနေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် မုန့်ဟင်းခါးကို သူငယ်ချင်းအား ဝယ်ကျွေးပါ။ 

မကာရ ရာသီဖွား

----

အချစ်ရေးအတွက် အချိန်ပေးနေရမည်။ အိမ်ထောင်မရှိသူတွေ ဆန်းပွင့်နေမယ့် အချိန်ဖြစ်တတ်သည်။ ရွေးချယ်ရခက်နေသည့် အနေအထားဖြစ်တတ်သည်။ ငွေကြေးအတွက် ခရီးသွားရတတ်သည်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ နှင်းဆီပန်းကို ဘုရားလှူပါ။ 

ကုမ်ရာသီဖွား

------

ဓနုရာသီဖွားတစ်ဦးနဲ့ ဆုံတွေ့ရတတ်သည်။ ဆုံတွေ့ပြီဆိုပါက ကြီးမားတဲ့ လုပ်ငန်းတစ်ခု လုပ်ကိုင်ရလိမ့်မည်။ မတွေ့ဆုံဖြစ်ခဲ့လျှင် ပုံမှန်လုပ်နေကျ ကိစ္စတွေပဲ ဖြစ်နေလိမ့်မည်။ အချစ်ရေးမှာ တွေဝေနေရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ ဒီတစ်ပတ်မှာ မြေပဲလှော်ရှောင်ပါ။

မိန်ရာသီဖွား

----

အခွင့်အလမ်းကောင်းတွေကို စောင့်မျှော်မနေပါနဲ့၊ကိုယ်တိုင်ဖန်တီးယူပါ။ သူများကို စောင့်ဆိုင်းမနေပါနဲ့ ၊ ကိုယ်တိုင်လျှောက်လှမ်းသွားလိုက်ပါ။ စောင့်ဆိုင်းနေခြင်းထက် ကိုယ်တိုင်ဆောင်ရွက်ခြင်းက ပိုမိုအကျိုးများနေလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ စံပယ်ပန်းကပ်လှူပါ။

Share

Loading Next Article...
က္က