သြဂုတ်လ (၂၂) ရက်နေ့မှ သြဂုတ်လ (၂၇) ရက်နေ့
Thinzar Win

မိဿရာသီဖွား 

---- 

အချစ်ရေးမှာ အထူးကံကောင်းနေမည်။ စိတ်ချမ်းသာစရာတွေ ရှာဖွေတွေ့ရှိနိုင်လိမ့်မည်။ လုပ်ငန်းကိစ္စတွေမှာ စောင့်ဆိုင်းစရာတွေ ဆက်တိုက် ကြုံလာတတ်သည်။ သတင်းကောင်းကြားရလိမ့်မည်။ ငွေကြေးအတွက် ကြိုတင်တွေးပူနေရတတ်သည်။ တွေးပူတာတွေလျော့ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာဖွေပါ။ 


ပြိဿရာသီဖွား

----

မိမိအပေါ် မကောင်းပြောသူတချို့နဲ့ ဆုံတွေ့ရလိမ့်မည်။ အချင်းချင်းစိတ်ဝမ်းကွဲစရာတွေ ကြုံလာတတ်သည်။ ကြာသပတေး သား၊သမီးတွေကြောင့် စိတ်ချမ်းသာစရာတွေ ရရှိတတ်သည်။ အချစ်ရေးမှာ လိုတာမရ ၊ ရတာမလို ဖြစ်နေတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် အုန်းထန်းလျက်ကို ဘုရားလှူပါ။ 


မေထုန်ရာသီဖွား

----

ကာလအတော်ကြာ စောင့်ဆိုင်းနေသော နေရာမှ ဆက်သွယ်လာနိုင်သည်။ အချစ်ရေးနဲ့ ငွေကြေးကိစ္စတွေမှာ အဆင်ပြေ ဖြောင့်ဖြူးနေမည်။ ငယ်ရွယ်သူတစ်ဦးကြောင့် စိတ်အနှောင့်အယှက် ကြုံတွေ့တတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ တနလာၤာထောင့်မှာ သပြေပန်းကပ်လှူ ပူဇော်ပါ။ 



ကရကဋ်ရာသီဖွား

----

အသစ်စတင်ခြင်းဟူသော ကိစ္စမျိုးတွေမှာ ကံအကျိုးပေးကောင်းနေမည်။ ဆိုင်သစ်ဖွင့်ခြင်း ၊ လုပ်ငန်းအသစ်ပြောင်းခြင်း၊ အိမ်ပြောင်းခြင်း ၊ ပစ္စည်းအသစ်ဝယ်ယူခြင်း စတာတွေ လုပ်ဆောင်ပါ။ အချစ်ရေးမှာ နားလည်ပေးတတ်သူကြောင့် စိတ်ချမ်းသာနေရမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘေးအိမ်ကို အုန်းနို့ခေါက်ဆွဲ ဝယ်ပေးပါ။ 


သိဟ်ရာသီဖွား

----

အထက်လူကြီးတွေနဲ့ အဆင်ပြေချော့မွေ့နေမယ့် ကာလဖြစ်သည်။ ရာထူးတိုးခြင်း၊လစာတိုးခြင်း စတာတွေအတွက် အခွင့်အလမ်းများနေမည်။ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ စာသင်ကြားခြင်းကိစ္စတွေမှာ အဆင်ပြေချော့မွေ့နေမည်။ အချစ်ရေးမှာ စနေသား၊သမီးနဲ့ တွဲနေသူများ သတိထားပါ စကားများ၊ရန်ဖြစ်ရတတ်သည်။ 


ကန်ရာသီဖွား

----------

ဆုံးရှုံးထားသော အရာများ ပြန်လည်ရရှိတတ်သည်။ ဆုံးရှုံးထားသော ပိုက်ဆံ၊ ပစ္စည်း ၊ ပျောက်ဆုံးပြီထင်သော အရာများ ပြန်လည်ရရှိတတ်သည်။ ရည်စားဟောင်းရှိဖူးခဲ့ရင် သူခြေထောက်နဲ့သူ ကိုယ့်ဆီပြန်လာလိမ့်မည်။ ဆောင်ရွက်သမျှ ကိစ္စတိုင်းမှာ အဆင်ပြေစေရန် ကံ့ကော်ညွှန့် (၇) ရွက်နဲ့ ဘုရားရှိခိုးပါ။ 


တူရာသီဖွား

---- 

မိမိရဲ့ ဆန္ဒမပါဘဲ လုပ်လိုက်ရတဲ့ ကိစ္စရပ်တွေ များနေလိမ့်မည်။ သူများစိတ်နဲ့ ရှင်သန်နေရတတ်သည်။ ဒီလိုအခြေအနေမှာ အကောင်းဆုံးကြိုးစားရှင်သန်ပါ။ ကံအကျိုးပေးကောင်းစေဖို့ စိတ်ညစ်နေရတဲ့ နေ့တွေမှာ အဖြူရောင်ကို ဝတ်ဆင်ပါ။ အိမ်ထောင်ရှိသူတွေ အိမ်ထောင်ဖက်နဲ့ အချိန်ပေးပြီး ခရီးသွားပါ။ 


ဗြိစ္ဆာရာသီဖွား

-----

ငွေကြေး အပျောက်အရှ များနေလိမ့်မည်။ သေချာ ကရုစိုက် ထိန်းသိမ်းပါ။ အရေးကြီး ကိစ္စရပ်တွေ ဆုံးဖြတ်စရာ ကြုံတွေ့လာလိမ့်မည်။ ထိုရက်တွေမှာ ဘုရား၊တရားကို အာရုံပြုပြီး စိတ်လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပါ။ အချစ်ရေးမှာ နှောင့်ယှက်သူတွေ ပေါ်လာတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ မုန့်ပြားသလက်ကို ကလေးတစ်ဦးအား ဝယ်ကျွေးပါ။ 



ဓနုရာသီဖွား

----

မျှော်လင့်ထားသည်နဲ့ ဖြစ်လာသော အရာများ ကွဲပြားနေတတ်သည်။ ဘယ်လိုရလဒ်မျိုးမဆို လက်ခံနိုင်အောင် ပြင်ဆင်ထားပါ။ ဒီလိုအခြေအနေမျိုးကို အကောင်းဆုံး ကျော်ဖြတ်နိုင်ပါက နောင်တွင် စိတ်ချမ်းသာစရာတွေ ဆက်တိုင်ရလာလိမ့်မည်။ အချစ်ရေးမှာ စိတ်နှစ်မထားပါနဲ့၊ ကံကောင်းစေဖို့ နံနက်တိုင်းတွင် တရားထိုင်ပါ။ 


မကာရ ရာသီဖွား

----

ပျော်ရွှင်စရာတွေ ဆက်တိုင်ကြုံတွေ့ရလိမ့်မည်။ ပျော်ရွှင်စရာတွေများတာကြောင့် မယုံကြည်နိုင်အောင် ဖြစ်ရတတ်သည်။ အချစ်ရေးမှာ ငယ်ရွယ်သူနဲ့ ဆုံတွေ့ပြီး ပျော်ရွှင်ရလိမ့်မည်။ အဆင်ပြေတာတွေ ကြာရှည်တည်တံ့နိုင်အောင် ကြံသကာ ဘုရားလှူပါ။


ကုမ်ရာသီဖွား

------

မြောက်အရပ်သို့ ခရီးထွက်ရကိန်းကြုံမည်။ မိသားစုနဲ့ ခေတ္တခွဲနေရတတ်သည်။ ချစ်ရသူကြောင့် တခါမှ မမျှော်လင့်ထားတဲ့ အရာတစ်ခုရရှိတတ်သည်။ ငွေကြေး ကိစ္စမှာ တိုးပွားမှုတွေ ဖြစ်ပေါ်နေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ခရီးသွားရင်း အလှူတစ်ခုပြုလုပ်ပါ။ 


မိန်ရာသီဖွား

----

ငွေကြေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတတ်သည်။ ပူပန်နေရတတ်သည်။ သူများစကား နားမယောင်ပဲ ကိုယ့်အားကိုယ်ကိုးပြီး ဖြတ်ကျော်ပါ။ အဆင်ပြေတဲ့ နေ့ရက်တွေ ရောက်ရှိလာလိမ့်မည်။ အချစ်ရေးမှာ အထင်လွဲခံရတတ်သည။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ နံနက်တိုင်း ဆွမ်းကပ်လှူပါ။ 



က္က