သြဂုတ်လ (၂၈) ရက်နေ့မှ စက်တင်ဘာလ (၃)ရက်နေ့
Thinzar Win

မိဿရာသီဖွား 

---- 

ခရီးသွားရကိန်းကြုံမည်။ စနစ်တကျစီစဉ်ထားသော ကိစ္စများမှ အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ ချစ်သူနဲ့အတူ  ရည်မှန်းချက်တွေ ဖော်ဆောင်နိုင်လိမ့်မည်။ ငွေကြေးအဝင်ကြမ်းနေတတ်သည်။ စကားအပြောအဆို သတိထားပါ။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ ခရီးသွားရင်း အလှူတစ်ခုလုပ်ပါ။ 


ပြိဿရာသီဖွား

----

ငွေကြေး အထွက်များနေတတ်သည်။ အချစ်ရေး ၊ အိမ်ထောင်ရေးမှာ မသာမယာဖြစ်နေတတ်သည်။ လူမှုရေးကိစ္စများ ရှုပ်နေတတ်သည်။ သို့သော် ဒီတစ်ပတ်ထဲတွင် ပြန်လည်အဆင်ပြေလာလိမ့်မည်။ အညိုရောင်ကို ရှောင်ဝတ်ပါ။ မောင်နှမ တစ်ဦးနဲ့ စပ်တူလုပ်ငန်း လုပ်ဆောင်ခြင်းမှ အကျိုးအမြတ်များစွာ ရရှိလာလိမ့်မည်။ 


မေထုန်ရာသီဖွား

----

စပ်တူ လုပ်ငန်းတွေထက် တစ်ဦးတည်းဆောင်ရွက်ရသော ကိစ္စများမှ အကျိုးအမြတ်ရရှိလိမ့်မည်။ အချစ်ရေးမှာ အနှောင့်အယှက်ပေါ်လာတတ်သည်။ အိမ်ထောင်ရေးမှာ ဖြေရှင်းရမယ့် ကိစ္စတွေများနေလိမ့်မည်။ ငွေကြေး အဆင်ပြေနေမည်။ အရေးကြီးသော လုပ်ငန်းကိစ္စများဆောင်ရွက်ရာမှာ အနီရောင်ကို ဝတ်ဆင်ပါ။ 


ကရကဋ်ရာသီဖွား

----

ငယ်ရွယ်သူတွေအဖို့ ပညာရေး လမ်းကြောင်းမှာ အတက်ဘက်သို့ ဦးတည်နေသည်။ ကြားထဲမှာ အနှောင့်အယှက်တွေ ဝင်တတ်တာကြောင့် အာရုံစိုက်ကာ ဆောင်ရွက်ပါ။ အချစ်ရေးမှာ ပူပန်နေရတတ်သည်။ ငွေကြေးအတွက် အချိန်ကုန်များနေတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ လမ်းထိပ်မှာ ခိုစာကျွေးပါ။ 


သိဟ်ရာသီဖွား

----

အသက်ကြီးမှ ဝက်သက်ပေါက်ဖြစ်နေတတ်သည်။ အချစ်ရေးမှာ အသက်အရွယ်တစ်ခုရောက်နေပြီ ဖြစ်သူတွေ ကံတက်နေလိမ့်မည်။ ပျော်ရွှင်နေရလိမ့်မည်။ ငွေကြေး အလိမ်ခံရနိုင်သည်။ သတိထားပါ။ စီးပွားရေးအတွက် အချိန်ပေးများနေလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ သပြေညွှန့်(၃)ညွှန့် ဘုရားကပ်လှူပါ။ 


ကန်ရာသီဖွား

----------

ကိုယ်တိုင်ဦးစီးဦးဆောင်ပြု၍ လုပ်ရသော ကိစ္စများမှာ အဆင်ပြေချော့မွေ့နေမည်။ မိဘလုပ်ငန်းကဲ့သို့သော လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပါ။ အချစ်ရေးမှာ သူချစ်ကိုရှာပါ။ သူချစ်ကြောင့် စိတ်ပျော်ရွှင်ရလိမ့်မည်။ ကံတရားရဲ့ အကူအညီရရှှိအောင် မိုးလင်းတာနဲ့ အလှူဒါန တစ်ခုပြုပြီး နေ့ရက်ကို စတင်ပါ။ 


ူရာသီဖွား


---- 

ကြိုတင်ကြံစည်ထားသော လုပ်ငန်းကိစ္စများအဆင်ပြေမည်။ အချစ်ရေးမှာတော့ အပျော်ကြီးပျော်ရလိမ့်မည်။ ချစ်သူနဲ့ ခရီးထွက်ရကိန်းရှိသည်။ အရာအားလုံး အဆင်ပြေတာတွေ များနေမယ့် ကာလလေးပဲဖြစ်ပါတယ်။ အဆင်ပြေတာတွေ ကြာရှည်အောင် လူကြီးတစ်ဦးကို နှင်းဆီပန်း လက်ဆောင်ပေးပါ။ 


ဗြိစ္ဆာရာသီဖွား

-----

အချစ်ရေးမှာ အညံ့တွေ များနေလိမ့်မည်။ ချစ်သူရဲ့ အထင်လွဲခြင်းကို ခံရတတ်သည်။ သစ္စာဖောက်ခြင်းကို ခံရတတ်သည်။ ကျန်းမာရေးလည်း ချူချာနေတတ်သည်။ ဆေးခန်းနဲ့ မပြတ်ဖြစ်နေတတ်သည်။ ကံညံ့တွေ ပျောက်အောင် ဘုရားမှာ ပုတီးစိပ်ပါ။ 


ဓနုရာသီဖွား

----

လူလိမ်လူကောက်တွေနဲ့ ကြုံတွေ့ရလိမ့်မည်။ မိမိဘက်မှ သတိကြီးကြီးထားသော်လည်း လူလိမ်ခံရနိုင်သည်။ အချစ်ရေးမှာလည်း ကိုယ့်အချစ်ကို အသုံးချသူတွေနဲ့ ဆုံတွေ့ရလိမ့်မည်။ အရာရာအဆင်ပြေစေရန် သူငယ်ချင်းတစ်ဦးကို ထန်းလျက်ကျွေးပါ။ 


မကာရ ရာသီဖွား

----

သင့်ရဲ့ လုံ့လစိုက်ထုတ်မှုတွေကြောင့် အောင်မြင်မှုတွေ ရရှိလိမ့်မည်။ သင်ကြိုးစားသလောက် အောင်မြင်စေရန် သင့်ကံက ဖေးမပေးလိမ့်မည်။ မနာလိုသူတွေလည်း များနေလိမ့်မည်။ အချစ်ရေးမှာတော့ ကရုမစိုက်နိုင်တာတွေများပြီး စိတ်ကတောက်ကဆဖြစ်နေရတတ်သည်။ အရာရာအဆင်ပြေစေရန် မနက်တိုင်းမှာ သတ္တဝါအပေါင်းကို  မေတ္တာပို့ပါ။


ကုမ်ရာသီဖွား

------

ငွေကြေးမှာ အဆက်အခဲများစွာဖြစ်နေတတ်သည်။ ခါးပိုက်နှိုက် ခံရခြင်း ၊ ကျပျောက်ခြင်းများ ဖြစ်တတ်သည်။ အချစ်ရေးမှာတော့ အဆင်ပြေနေမည်။ ကိုယ်ဖြစ်စေချင်သလို ဖြစ်နေတတ်သည်။ ငွေကြေးကိစ္စအဆင်ပြေစေရန် တစုံတယောက်ကို မုန့်ကြာစိ ဝယ်ကျွေးပါ။


မိန်ရာသီဖွား

----

ကိုယ်ပေးပြီး ပြန်မရတာတွေ များနေတတ်သည်။ မေတ္တာတွေပေးပြီး ကိုယ်က မေတ္တာငတ်နေတတ်သည်။ ပိုက်ဆံချေးပြီး ပြန်မရတာတွေ ဖြစ်တတ်သည်။ အချစ်ရေးမှာလည်း ကိုယ်ချစ်ရသူက ကိုယ့်အချစ်တွေကို နားမလည်တာတွေ ဖြစ်တတ်သည်။ အရာရာအဆင်ပြေနိုင်အောင် ဘုရားမှာ စံပယ်ပန်းကပ်လှူပါ။


က္က