စက်တင်ဘာလ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၁) ရက်နေ့
Thinzar Win

မိဿရာသီဖွား 

---- 

နိုင်ငံရပ်ခြားနဲ့ ချိတ်ဆက်ရတဲ့ လုပ်ငန်းတွေမှာ အဆင်ပြေနေမည်။ မိမိကို လိုအပ်နေသူတွေနဲ့ ဆုံတွေ့ရတတ်သည်။ ငွေကြေးကိစ္စများမှာ အဆင်ပြေနေမည်။ နှလုံးသားရေးအတွက် အချိန်ပေးနေရမည်။ ချိုတဲ့ မုန့်တစ်မျိုးကို လက်ဆောင်ပေးပါ။ 

ပြိဿရာသီဖွား

----

ကံကို အမှီပြု၍အကျိုးဖြစ်ထွန်းမည်။ ဆောင်ရွက်သမျှ အကျိုးဖြစ်စေဖို့ ကံက အထောက်အပံ့ပြုလိမ့်မည်။ သို့သော် မိမိဘက်မှ ကြိုးစားမှုတွေ လိုအပ်ပေမည်။ ကြိုးစားမှုတွေကို တားမြစ်သူတွေကို သတိထားရှောင်ကြဉ်ပါ။ အရေးကြီးတဲ့ ကိစ္စတွေဆောင်ရွက်မယ့်အချိန်မှာ အနီရောင်ကို ဝတ်ဆင်ပါ။

မေထုန်ရာသီဖွား

----

ခရီးသွားရကိန်းကြုံမည်။ ရေမြေခြားတွင် အခြေချနေရတတ်သည်။ နှလုံးသားရေးမှာ ပျော်ရွှင်နေရမည်။ မိမိကိုကူညီလိုသူတွေ နဲ့ ကြုံတွေ့ရလိမ့်မည်။ ငွေကြေး ကံကောင်းစေဖို့ ဖိနပ်အဟောင်းတစ်ရံကို စွန့်ပစ်လိုက်ပါ။  

ကရကဋ်ရာသီဖွား

----

ငွေကြေးကိစ္စများတွင် ကံကောင်းနေမည်။ မိမိဘက်မှ အလိုရှှိနေသော ကမ်းလှမ်းမှုတွေ ရရှိလာလိမ့်မည်။ ယှဉ်ပြိုင်မှုတွေကြားမှာ အနိုင်ရရှိနေမည်။ ကိုယ်နဲ့နေ့နံတူ လူကြီး တစ်ဦးထံမှ မုန့်ဖိုး ၅၀၀ တောင်းပြီး ဘုရားမှာ လှူပါ။  


သိဟ်ရာသီဖွား

----

စာသင်ကြားခြင်း ကိစ္စတွေမှာ အဆင်ပြေနေမည်။ ကိုယ့်ကိုု အကျိုးပြုသူတွေနဲ့ ဆုံတွေ့ရလိမ့်မည်။ အချစ်ရေးမှာ ပုံမှန်အတိုင်းဖြစ်နေမည်။ ပစ္စည်းပျောက်တတ်သည်။ ဆောင်ရွက်သမျှ အကျိုးဖြစ်ထွန်းစေဖို့ ဖယောင်းတိုင်းတစ်ထုပ်ကို လက်ဆောင်ပေးပါ။

ကန်ရာသီဖွား

----------

ပညာရေးမှာ အထောက်အပံ့ကြီးကြီး ရရှိလိမ့်မည်။ နိုင်ငံရပ်ခြားမှာ ပညာသင်ကြားခွင့် ရရှိနိုင်သည်။ အချစ်ရေးမှာ အသစ်တွေ့တတ်သည်။ ကိုယ့်ကို ချစ်ခင်သူတွေကြား ပျော်ရွှင်နေရလိမ့်မည်။ အဝါရောင် အသီးတစ်မျိုး လက်ဆောင်ပေးပါ။ 


တူရာသီဖွား

---- 

မိသားစုနဲ့ နေရာပြောင်းရွှေ့ရတတ်သည်။ ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်လိမ့်မည်။ စိတ်ကူးထဲက အရာတွေ လက်တွေ့ဖြစ်လာတတ်သည်။ အချစ်ရေးမှာ သာယာနေလိမ့်မည်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခန်နီးတွင် ကိုယ်ပိုင်အတွေးကိုသာ အားကိုးပါ။ 

ဗြိစ္ဆာရာသီဖွား

-----

သွားလေရာမှာ နာမည်ဂုဏ်သတင်းကျော်ဇောမည်။ ပညာရေးမှာ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်ပေါ်မည်။ နှလုံးသားရေး ကိစ္စများ ကင်းကွာနေမည်။ ငွေရေးကြေးရေး ကောင်းမွန်နေမည်။ သနပ်ခါးပန်း လက်ဆောင်ပေးပါ။  

ဓနုရာသီဖွား

----

ဝေးကွာနေတဲ့ ငယ်ချစ်ရှိရင် ငယ်ချစ်နဲ့ ပြန်ဆုံတွေ့လိမ့်မည်။ ငယ်ချစ်မရှိသူတွေ သူငယ်ချင်းတစ်ဦးနဲ့ ချစ်ကျွမ်းဝင်တတ်သည်။ ပညာရေးနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေမှာ အကျိုးဖြစ်ထွန်းမည်။ ဆောင်ရွက်သမျှ အကျိုးဖြစ်ထွန်းစေဖို့ နံနက်တိုင်း လမ်းထိပ်မှာ အလှူတစ်ခုပြုလုပ်ပါ။ 

မကာရ ရာသီဖွား

----

အလုပ်ပြောင်းရွှေ့ရတတ်သည်။ ကိုယ့်ထက် အသက်အရွယ်ငယ်သူတစ်ဦးနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်းမှ အကျိုးအမြတ်များစွာ ရရှိမည်။ အနောက်အရပ်သို့ ခရီးသွားရတတ်သည်။ ဆောင်ရွက်သမျှ အကျိုးဖြစ်ထွန်းစေဖို့ အညိုရောင်ကို ရှောင်ဝတ်ပါ။ 

ကုမ်ရာသီဖွား

------

လူမှုရေး ကိစ္စတွေမှာ အလုပ်များနေလိမ့်မည်။ စောင့်ဆိုင်းနေသော နေရာတစ်ခုသို့ရောက်ရှိလိမ့်မည်။ ငွေရေးကြေးရေးမှာ အမှားတွေ့တတ်သည်။ သူငယ်ချင်းတစ်ဦးရဲ့ အကူအညီကို ရယူလိုက်ပါ။ 

မိန်ရာသီဖွား

----

စက်ပစ္စည်းတွေနဲ့ အကျိုးပေးနေမည်။ လိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုဖြစ်နေတတ်သည်။ ကိုယ့်ကိုကိုယ် ယုံကြည်ပါ။ အကောင်းဆုံး ဆောင်ရွက်နိုင်လိမ့်မည်။ အချစ်ရေးအတွက် စိတ်ချမ်းသာနေရမည်။ နှင်းဆီပန်း လက်ဆောင်ပေးလိုက်ပါ။ 




က္က