စက်တင်ဘာလ (၄) ရက်နေ့မှ စက်တင်ဘာလ (၁၀)ရက်နေ့
Thinzar Win

မိဿရာသီဖွား 

---- 

ကြီးမားသော အပြောင်းအလဲများဖြစ်လာနိုင်သည်။ဘယ်လို အပြောင်းအလဲမဆို အကောင်းမြင်စိတ်ဖြင့်သာ ကြည့်နိုင်မှ သင့်ဘဝမှာအပြုံးတွေဖြင့်သာ ဖြတ်သန်းနိုင်လိမ့်မည်။ သန်းခေါင်ကုန်ရင် အာရုံတက်ချိန်ရောက်လာမယ်လို့ မှတ်ယူထားပါ။ အရေးကြီးသော လုပ်ငန်းဆောင်တာများ ဆောင်ရွက်ခါနီးရင် ဘုရား၊တရား အာရုံပြုပါ။ 

ပြိဿရာသီဖွား

----

စိတ်ရှုပ်စရာများကို ဖြတ်ကျော်နိုင်လိမ့်မည်။ အယုံလွယ်တတ်သောစိတ်ကို ထိန်းနိုင်မှ စိတ်ညစ်စရာများကင်းဝေနိုင်မည်။ သူငယ်ချင်းများနဲ့အချိန်ပေးကာ ပျော်ရွှင်စရာတွေဖန်တီးနိုင်လိမ့်မည်။ငွေကြေးကိစ္စများ အဆင်ပြေစေရန် ဘုရားမှာ ရွှေပန်း၊ငွေပန်း ကပ်လှူပါ။ 

မေထုန်ရာသီဖွား

----

ငွေကြေးကိစ္စများတွင် ကံအလွန်ကောင်းနေတတ်သည်။ အလောင်းအစားကိစ္စများတွင် ကံအကျိုးပေးကောင်းနေမည်။ သူတစ်ပါးကို ကူညီရသော လုပ်ငန်းများမှ ငွေကြေးများစွာ ရရှိနိုင်သည်။ အချစ်ရေးမှာ သူစိမ်းဆန်နေလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် သြဇာသီး ဘုရားကပ်လှူပါ။

ကရကဋ်ရာသီဖွား

----

ဆုံးရှုံးဖူးသော ငွေကြေးများပြန်လည်ရရှိနိုင်သည်။ ပြန်မရနိုင်တော့ဘူး ထင်မှတ်ထားတဲ့ အကြွေးတွေပင် ပြန်လည်ရရှိနိုင်သည်။ အချစ်ရေးမှာ တွေဝေမှုတွေများနေရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် သူငယ်ချင်းတစ်ဦးနဲ့ ဘုရားသွားကာ စနေထောင့်မှာ ပန်းလှူပါ။


သိဟ်ရာသီဖွား

----

မိမိသော်လည်းကောင်း မိသားစုများသော်လည်းကောင်း ကျန်းမာရေးချူချာနေတတ်သည်။ မိမိရဲ့ကြိုးစားမှုကြောင့်ရတဲ့ အကျိုးရလဒ်တွေအပေါ်အထင်လွဲခံနေရတတ်သည်။ သို့သော်လည်း အချစ်ရေးတွင် ပျော်ရွှင်နေရမည်။ ကျန်းမာရေးအတွက် နံနက်ပိုင်းတွင် ထမင်းနဲ့ဟင်းကို ခွေးလေးတစ်ကောင်အား ကျွေးမွေးပါ။

ကန်ရာသီဖွား

----------

အမြင်နဲ့ချမှတ်မယ့် ဆုံးဖြတ်ချက်တွေအပေါ်သတိထားပါ။ ဆုံးဖြတ်ချက်တွေမှားတတ်သည်။ တစ်ခုခုကိုသင်ယူဖို့ စိတ်ထဲမှာအမြဲအဆင်သင့်ပြင်ထားပါ။ သင်ယူခြင်းမှ သင့်အနာဂတ်ကို အမြင့်ဆုံးထိရောက်အောင် ပံ့ပိုးပေနိုင်လိမ့်မည်။ အချစ်ရေးမှာတော့ စောင့်ဆိုင်းခြင်းက သင့်အတွက် အသင့်တော်ဆုံးပါပဲ။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ ပိန္နဲသီးလက်ဆောင်ပေးပါ။ 

တူရာသီဖွား

---- 

သင်မမျှော်လင့်ထားတဲ့ သူများထံမှ အကူအညီတွေရရှိမည်။ အခုချိန်မှာ မှန်ကန်တဲ့စကားတွေကို ပြောဆိုခြင်းကသာ သင့်ကိုပြဿနာတွေထဲကနေ ဖယ်ထုတ်နိုင်လိမ့်မည်။  အချစ်ရေးမှာ ချစ်သူနဲ့ နားလည်မှုလွဲသလို ဖြစ်နေတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ နှင်းဆီပန်း လက်ဆောင်ပေးပါ။

ဗြိစ္ဆာရာသီဖွား

-----

ကိုယ်ပြုလုပ်လိုက်တဲ့ အပြုအမူတွေကြောင့် လူချစ်လူခင်ပေါလာနိုင်သလို လူမုန်းများလာနိုင်သည်ကို အထူးဂရုပြုပါ။ မိတ်ဆွေတစ်ဦးထံမှ မမျှော်လင့်ထားတဲ့ အကူအညီတွေရရှိနိုင်သလို လက်ဆောင်ပစ္စည်းကောင်းတွေလည်း ရရှိနိုင်ပါတယ်။ အချစ်ရေးမှာ ဝေးကွာနေသူနဲ့ ပြန်ဆုံတွေ့ရတတ်သည်။ 


ဓနုရာသီဖွား

----

ရိုးရှင်းခြင်းက သင့်ရဲ့အလှတရားပါပဲ။ ဘယ်အရာကိုမှ အများကြီးမမျှော်လင့်သလို ဘယ်အရာကိုမှလည်း မကောင်းတဲ့ဘက်မှ မချဉ်းကပ်ပါနဲ့ ။ဒါမှသာ သင့်ရဲ့ အရည်းအချင်းတွေ ဖော်ထုတ်ခွင့်ရရှိလာလိမ့်မည်။အချစ်ရေးမှာ စိတ်ရှည်ရှည်ထားပါ။ အချစ်ရေးကံကောင်းစေဖို့ နှင်းဆီပန်းရောင်ကို အသက်ကြီးသူတစ်ဦးအား ဝယ်ပေးပါ။ 


မကာရ ရာသီဖွား

----

ခန္ဓာကိုယ်မှာ ထိခိုက်နာကျင်မှုတွေဖြစ်နိုင်သည်။ ကုန်းလမ်းခရီးသွားသူများအတွက် အထူးသတိထားသွားလာပါ။ အစုအဖွဲ့နဲ့လုပ်ကိုင်ရတဲ့ ကုမ္ပဏီတွေမှာ လုပ်ကိုင်နေသူများအဖို့တော့ နေရာကောင်းတွေရရှိဖို့ အခွင့်အရေးတွေ ရောက်ရှိလာနိုင်ပါတယ်။ အိမ်ထောင်ကျကိန်းရှိသည်။ 

ကုမ်ရာသီဖွား

------

မကောင်းတဲ့ အတွေးတွေကြောင့် သင့်စိတ်ကိုအမှောင်ထဲ ဆွဲချသလိုဖြစ်နေတတ်သည်။ ဒီလိုအတွေးတွေကြောင့် သင့်ရဲ့လုပ်ပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ သူများလက်ထဲရောက်တဲ့အထိ ဖြစ်စေနိုင်တာမို့ သတိထားပါ။ အချစ်ရေးနဲ့ ပတ်သက်ပြီး သွေးအေးနေတတ်သည်။ ဒီလိုအချိန် ကိုယ့်စိတ်ကို အကောင်းဆုံးဖြစ်အောင် ပြုမူနေထိုင်ပါ။ 

မိန်ရာသီဖွား

----

စွန့််စားစရာများ ကြုံလာမည်။ အနီးနားမှ သင်တန်ဖိုးထားရသူတွေကို ဆုံးရှုံးရသကဲ့သို့ စိတ်ပင်ပန်းမှုတွေဖြစ်လာနိုင်သည်။ သို့သော်လည်း သင့်ဘက်က မေတ္တာတရားတွေသာ မပျက်ကွက်ပါနဲ့ အားလုံးပြန်လည်အဆင်ပြေသွားနိုင်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ ပဲကြီးလှော် လက်ဆောင်ပေးပါ။



က္က