စက်တင်ဘာလ (၁၈) ရက်နေ့မှ စက်တင်ဘာလ (၂၄) ရက်နေ့
Thinzar Win

မိဿရာသီဖွား 

---- 

သင့်ရဲ့ကြိုးစားမှုတွေအတွက် ကံတရားက အထောက်အကူပေးနေမည်။ ကြိုးစားမှုတွေကို မလျော့လိုက်ပါနဲ့။အချစ်ရေးကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် နံနက်ပိုင်းမှာ အချိုစားပါ။  

ပြိဿရာသီဖွား

----

ခရီးသွားရလိမ့်မည်။ မိသားစုနဲ့အတူ ခရီးထွက်ရကိန်းရှိသည်။ ခရီးမှာ သင့်အတွက် အဆင်ပြေစေမည့် လူတစ်ဦးနဲ့ ဆုံတွေ့ရနိုင်သည်။ ငွေကြေးကိစ္စမှာတော့ တည်ငြိမ်နေလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် လမ်းထိပ်မှာ အလှူတစ်ခုလုပ်ပါ။ 

မေထုန်ရာသီဖွား

----

ပျော်ရွှင်မှုတွေ ခံစားနေရလိမ့်မည်။ မထင်မှတ်ထားတဲ့နေရာမှ စိတ်ချမ်းသာစေမယ့် စကားတွေ ကြားရလိမ့်မည်။ ကိုယ့်အတွက် အမြဲတမ်းပျော်ရွှင်မှုတွေ ဖန်တီးပေးချင်တဲ့ သူတစ်ဦးနဲ့ ဆုံတွေ့လာရလိမ့်မည်။ ပျော်ရွှင်မှုတွေ ကြာရှည်အောင် လူတစ်ဦးကို ချိုတဲ့အရသာရှိသော မုန့်တစ်မျိုးကို ဝယ်ကျွေးပါ။ 

ကရကဋ်ရာသီဖွား

----

ဘဝအတွက် တွေးပူနေရတတ်သည်။ မထင်မှတ်ထားတဲ့ ဘဝအချိုးအကွေ့နဲ့ ရင်ဆိုင်ရလိမ့်မည်။ ကူညီမယ့်သူကို လိုက်ရှာနေရတတ်သည်။ ကိုယ်စွမ်းကိုယ်စကိုသာ အားကိုးပါ။ ကံအထောက်အပံ့ရရှိစေရန် ဘုရားမှာ ဆီးမီးပူဇော်ပါ။ 

သိဟ်ရာသီဖွား

----

ကိုယ့်အကြောင်း မကောင်းပြောသူများကြောင့် စိတ်တိုနေရတတ်သည်။ ကိုယ်နဲ့အရင်းနှီးဆုံးသော သူတွေမှ ကိုယ့်အပေါ် သစ္စာဖောက်တတ်သည်။ အချစ်ရေးမှာလည်း သစ္စာဖောက်ခြင်းခံရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် သနပ်ခါးတုံးလက်ဆောင်ပေးပါ။ 

ကန်ရာသီဖွား

----------

ငွေကြေးကိစ္စတွေအတွက် စိုးရိမ်ပူပန်နေရတတ်သည်။ ငွေကြေးအတွက် ပြဿနာတွေရင်ဆိုင်နေရတတ်သည်။ အချစ်ရေးမှာ ချစ်ရသူနဲ့ ဝေးကွာနေရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ရွှေပန်း၊ငွေပန်း ကပ်လှူပါ။ 

တူရာသီဖွား

---- 

စိတ်ပင်ပန်းစရာများနဲ့ ကြုံတွေ့နေရလိမ့်မည်။ လမ်းပျောက်နေတတ်သည်။ ချစ်ရသူနဲ့ စိတ်ဆိုးဒေါသထွက်စရာတွေ ကြုံလာလိမ့်မယ်။ စိတ်ညစ်စရာတွေကြား ပိတ်မိနေတတ်သည်။ အကောင်းဆုံးဖြတ်ကျော်နိုင်ရန် ဘုရားမှာ မုန့်လုံးရေပေါ် ကပ်လှူပါ။ 

ဗြိစ္ဆာရာသီဖွား

-----

ငွေရေးကြေးရေးအတွက် ပူပန်စရာတွေ များနေလိမ့်မည်။ ငွေနောက်လိုက်နေမိမယ်။ တစ်ဖတ်သတ် ချစ်နေရသူရဲ့ စိတ်ဝင်စားခြင်း ခံရလိမ့်မည်။ ဆောင်ရွင်သမျှ အဆင်ပြေစေရန် ဘုရားမှာ ရွှေပန်း၊ငွေပန်း ကပ်လှူပူဇော်ပါ။ 

ဓနုရာသီဖွား

----

နှလုံးသားရေး ကိစ္စများအဆင်ပြေနေမည်။ ငွေကြေးကိစ္စများမှာတော့ မမျှော်လင့်ထားတာတွေဖြစ်တတ်သည်။ မမျှော်လင့်ထားတဲ့နေရာမှ ဥစ္စာပစ္စည်းများတိုးပွားလာလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ကံ့ကော်ပန်း ကပ်လှူပါ။ 

မကာရ ရာသီဖွား

----

အချစ်ရေးမှာ ပြောင်းလဲမှုများဖြစ်လာမည်။ နှောင့်ယှက်သူများ ပေါ်လာတတ်သည်။ နားလည်မှုတွေ တည်ဆောင်ထားမှ အဆင်ပြေလိမ့်မည်။ လူမှုရေးတွေ ရှုပ်ထွေးနေတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ နေကြာပန်းကပ်လှူပါ။ 

ကုမ်ရာသီဖွား

------

ပျော်စရာများ ရောက်ရှိလာလိမ့်မည်။ မျှော်လင့်တောင့်တနေသော အရာများ ဖြစ်လာလိမ့်မည်။ နှလုံးသားရေး ကိစ္စမှာလည်း ကံကောင်းချိန်ရောက်ရှိနေသည်။ အနီရောင်ကို ရှောင်ပါ။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ဇီဇဝါပန်း ကပ်လှူပါ။ 

မိန်ရာသီဖွား

----

ဆန္ဒနဲ့ဘ၀ ခဏတဖြုတ် ထပ်တူကျနေသလို ခံစားရလိမ့်မည်။ နောက်ပိုင်းမှာ စိတ်ဆင်းရဲစရာတွေ ကြုံရတတ်သည်။ အချစ်ရေးမှာ လှည့်စားသူတွေနဲ့ ကြုံဆုံရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ မုန့်ချိုတစ်မျိုးကပ်လှူပါ။





က္က