Thinzar Win

မိဿရာသီဖွား 

---- 

ငွေကြေးအကူအညီတောင်းခံသူတွေနဲ့ ကြုံရတတ်သည်။ မျှော်လင့်နေတဲ့ နေရာမှ ဝင်ငွေများစွာ ရရှိလိမ့်မည်။ အချစ်ရေးမှာ ကိုယ်နဲ့စိတ်သဘောထားတိုက်ဆိုင်သူနဲ့ ဆုံတွေ့ရလိမ့်မည်။ စိတ်ကို ပျော်အောင်နေပါ။ ကံကောင်းတဲ့နေ့ရက်တွေ ရောက်ရှိလာလိမ့်မည်။

ပြိဿရာသီဖွား

----

ကိုယ်နဲ့ နေ့နံတူသူတစ်ဦးနဲ့ ကံစမ်းရမယ့် အရာတွေကို စပ်တူလုပ်ကိုင်ပါ။ အကျိုးအမြတ်များစွာ ရရှိလိမ့်မည်။ ပညာရေး ကံကောင်းနေမည်။ ရေမြေခြားမှာ ပညာသင်ကြားနိုင်လိမ့်မည်။ အချစ်ရေးအတွက် အာရုံမများပါနဲ့၊ အချိန်တန် အဆင်ပြေသွားလိမ့်မည်။

မေထုန်ရာသီဖွား

----

တွန့်ဆုတ် တွန့်ဆုတ် ဖြစ်တတ်တဲ့ စိတ်ကိုပြုပြင်ပါ။ ရင်ဆိုင်စရာတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါ။ အောင်မြင်မှုတွေ ရရှိလာလိမ့်မည်။ မိသားစုနဲ့ အချိန်တွေကို ဖြတ်သန်းပါ၊ အချစ်ရေးမှာ နားလည်မှုပေးတတ်သူတစ်ဦးကြောင့် စိတ်ချမ်းသာနေရမည်။

ကရကဋ်ရာသီဖွား

----

ငယ်ငယ်က သိကျွမ်းခဲ့ဖူးတဲ့ လူတစ်ဦးနဲ့ ပြန်လည်ဆုံတွေ့ရာမှ ဘဝအတွက် အကူအညီများစွာ ရရှိလိမ့်မည်။ လူတွေကို ပေါင်းသင်းဆက်ဆံရေး အဆင်ပြေနေလိမ့်မည်။ အချစ်ရေးမှာ တတိယလူပေါ်လာတတ်သည်။ အကောင်းဆုံး ဖြေရှင်းနိုင်အောင် ကြိုးစားရလိမ့်မည်။

သိဟ်ရာသီဖွား

----

ငယ်ရွယ်သူတွေနဲ့ ကံအကျိုးပေးကောင်းနေမည်။ ကိုယ့်အပေါ် အနွံတာခံသူတစ်ဦးကြောင့်  စိတ်ချမ်းသာနေရမည်။ ငွေကြေးမှာ အထွက်များနေတတ်သည်။ ချင့်ချိန်သုံးစွဲပါ။ ကိုယ်ကြိတ်ကြွေနေရသူနဲ့ ကရုစိုက်မှုကို ရရှိနိုင်သည်။ 

ကန်ရာသီဖွား

----------

ရေလမ်းနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ အဆင်ပြေနေမည်။ အကျိုးဖြစ်ထွန်းနေလိမ့်မည်။ ငယ်ရွယ်သူ ကျောင်းသူ၊ကျောင်းသားတွေ အနေနဲ့ ပညာရေးမှာ အာရုံစိုက်သင့်သည်။ အချစ်ရေးကြောင့် လမ်းမှားရောက်တတ်သည်။ 

တူရာသီဖွား

---- 

စာသင်တဲ့ လုပ်ငန်းတွေနဲ့ အကျိုးပေးနေမည်။ စာသင်ခြင်း၊ကျောင်းဖွင့်ခြင်း၊ပညာရေးအကျိုးဆောင်လုပ်ငန်း စတဲ့ လုပ်ငန်းတွေမှာ အကျိုးပေးနေမည်။ ပျော်ရွှင်စရာတွေ ရောက်ရှိလာလိမ့်မည်။ အချစ်ရေးမှာ အေးချမ်းနေလိမ့်မည်။ 

ဗြိစ္ဆာရာသီဖွား

-----

နာမည် ဂုဏ်သတင်းကျော်ဇောနေမည်။ မိမိလုပ်ကိုင်သော လုပ်ငန်းတွေ အောင်မြင်ပြီး လူသိထင်ရှားဖြစ်လာတတ်သည်။ အိမ်ထောင်ရှင်တွေ သား၊သမီးထွန်းကား နိုင်သည်။ ငွေကြေးကိစ္စများ အဆင်ပြေနေလိမ့်မည်။ 

ဓနုရာသီဖွား

----

မိမိထက် ရာထူးကြီးသူ တစ်ဦးဦးရဲ့ ချီးကျူးပြောစကား ခံရတတ်သည်။ ရေမြေခြားသို့ ခရီးသွားရကိန်းကြုံမည်။ တစ်ယောက်တည်း နေတတ်အောင် ပြင်ဆင်ထားပါ၊ ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်မှုရရှိအောင် ကြိုးပမ်းရမည့် အချိန်ရောက်လာတော့မည်။ 

ကာရ ရာသီဖွား

----

အချစ်ရေးကြောင့် စိတ်အနှောင့်အယှက်လေးတွေ ခေတ္တခဏ ကြုံရလိမ့်မည်။ အာရုံပြောင်းပြီး မိမိဝါသနာပါရာ တစ်ခုကို တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ပါ။ ရွယ်တူတွေနဲ့ ပျော်ရွှင်တဲ့ ပေါင်းသင်းဆက်ဆံရေးမျိုးတွေ ဖန်တီး လာနိုင်လိမ့်မည်။ 

ကုမ်ရာသီဖွား

------

လူမှုရေး၊စီးပွားရေး ကိစ္စများ အဆင်ပြေနေလိမ့်မည်။ အမြင်မတူသူတစ်ဦးကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်သည်။ အချစ်ရေးမှာ အေးတိအေးစက် ဖြစ်နေတတ်သည်။ စိတ်လှုပ်ရှားစရာ တောင့်တနေမိတတ်သည်။ ကျန်းမာရေး ချူချာနေမည်။


မိန်ရာသီဖွား

----

ကျန်းမာရေးမှာ ဖျားနာတတ်သည်။ မိမိအနီးနားမှ ရင်းနှီးသူတစ်ဦးလည်း ဖျားနာ ဖြစ်တတ်သည်။ ဒီတစ်ပတ်မှာတော့ ကျန်းမာရေးကြောင့် စိတ်မသာမယာဖြစ်နေတာက လွဲပြီး ကျန်တဲ့ ကိစ္စတွေအားလုံး အဆင်ပြေချော့မွေ့နေလိမ့်မည်။ 


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က