Thinzar Win

မိဿရာသီဖွား 

---- 

ရန်များနေမည့် အချိန်ကာလလေးပဲဖြစ်ပါတယ်။ လူမုန်းခံရတတ်သည်။ အချစ်ရေးမှာ ယောင်လည်လည်ဖြစ်နေတတ်သည်။ စိတ်လေနေမယ့် ကာလပဲဖြစ်ပါတယ်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘိုး၊ဘွား တစ်ဦးကို အနွေးအကျီ ၤဝယ်လှူပါ။


ပြိဿရာသီဖွား

----

ပျော်ရွှင်တစ်ခါ၊စိတ်ညစ်တစ်ခါ ဖြစ်နေလိမ့်မည်။ လုပ်ဆောင်စရာ လုပ်ငန်းကိစ္စတွေများပြီး မပြီးမြောက်တာတွေ ဖြစ်တတ်သည်။ အချစ်ရေးမှာ နားလည်ပေးနိုင်မယ့်သူမျိုး ရရှိလိမ့်မည်။ ငွေကြေးကိစ္စများ ကံကောင်းနေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် အညိုရောင်ကိုရှောင်ပါ။ 


မေထုန်ရာသီဖွား

----

ကျန်းမာရေးချုချာနေတတ်သည်။ ဆေးခန်းနဲ့နေ့စဉ် မပြတ်ဖြစ်နေတတ်သည်။ ငွေကြေးများ အကုန်လွယ်နေမည်။ အချစ်ရေးမှာတော့ ပျော်ရွှင်နေရလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် သောကြာသား၊သမီး တစ်ဦးနဲ့ ဘုရားသွားပါ။ 



ကရကဋ်ရာသီဖွား

----

တက်ကြွပျော်ရွှင်နေမည့်နေ့ရက်လေးတွေ ပိုင်ဆိုင်နေမည်။ အချစ်ရေးမှာလည်း ပျော်ရွှင်နေရလိမ့်မည်။ ခြေထောက်နဲ့ပတ်သက်ပြီး မတော်တဆ တစ်ခုခုကြုံရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ကံ့ကော်ပန်း ကပ်လှူပါ။ 



သိဟ်ရာသီဖွား

----

ငွေကြေးကိစ္စတွေအတွက် စိတ်ညစ်နေရတတ်သည်။ ပိုက်ဆံချေးပြီး ပြန်မဆပ်သူတွေနဲ့ ကြုံတွေ့ရတတ်သည်။ သူငယ်ချင်းနဲ့ မိသားစုတွေကြားမှာ စိတ်ညစ်နေရတတ်သည်။ အချစ်ရေးမှာလည်း ဝေခွဲမရဖြစ်နေတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် အနီရောင်ပါတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။  



ကန်ရာသီဖွား

----------

မမျှော်လင့်ဘဲ အဝေးကြီးကို တစ်ယောက်တည်း ထွက်သွားရတတ်သည်။ ပညာရေးမှာ အခက်အခဲတွေ ကြုံတွေ့ရတတ်သည်။ အချစ်ရေးမှာ တစ်ယောက်တည်း ဖြစ်နေလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် အမဲရောင် အဝတ်အစားတွေကို ရှောင်ဝတ်ပါ။ 

  


တူရာသီဖွား

---- 

ယုံကြည်မှုတွေ ပျောက်ဆုံးနေတတ်သည်။ ယုံကြည်ရမယ့်သူ မရှိသလို ခံစားနေရတတ်သည်။ အချစ်ရေးမှာ ပျော်ရွှင်နေရလိမ့်မည်။ မိသားစုထဲတွင် နေမကောင်းဖြစ်တတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် အစိမ်းရောင်ပါတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပါ။ 


ဗြိစ္ဆာရာသီဖွား

-----

တွေဝေစိတ်တွေ များနေတတ်သည်။ ပညာရေးမှာ အခွင့်အလမ်းကောင်းတွေ ပေါ်လာလိမ့်မယ်။ ကူညီပေးမယ့်သူတွေ များလိမ့်မယ်။ အချစ်ရေးမှာ တည်ငြိမ်နေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် အဖြူရောင်ကို ဝတ်ဆင်ပါ။ 

ဓနုရာသီဖွား

----

လုပ်ဆောင်သမျှ ကိစ္စတိုင်းမှာ အဆင်ပြေချောမွေ့နေတတ်သည်။ ကံကောင်းနေမည့် အချိန်ကာလလေးပါပဲ။ မိမိအပေါ် မကောင်းကြံသူများနဲ့လည်း ဆုံတွေ့ရနိုင်မည်။  ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ မုန့်ချိုကပ်လှူပါ။ 


မကာရ ရာသီဖွား

----

ပြောင်းလဲခြင်းတွေနဲ့ ဆက်လက်ကြုံတွေ့နေရလိမ့်မည်။ ပြောင်းလဲခြင်းတွေကို လက်ခံနိုင်အောင် ကြိုးစားထားပါ။ မိသားစုကိစ္စတွေမှာ စိတ်ညစ်နေရတတ်သည်။ အချစ်ရေးမှာလည်း ပြောင်းလဲတာတွေ ဖြစ်တတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ငါးလွှတ်ပါ။ 

ကုမ်ရာသီဖွား

------

ပညာရေးမှာ အောင်မြင်မှုတွေ ရရှိလိမ့်မည်။ စာမေးပွဲတွေမှာ သင့်ရဲ့ကြိုးစားမှုတွေကို အထောက်အပံ့ပေးမယ့် ကံကောင်းနေမည်။ အချစ်ရေးမှာ ငယ်ငယ်ကချစ်သူနဲ့ ဆုံတွေ့ရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ကလေးတစ်ဦးကို ထမင်းဝယ်ကျွေးပါ။ 



မိန်ရာသီဖွား

----

အကောင်းအဆိုးရောနေလိမ့်မည်။ တချို့နေရာများတွင် ပျော်ရွှင်နေရပြီး အခြားနေရာတွင် စိတ်ပင်ပန်းစရာများ ကြုံတွေ့နေရတတ်သည်။ အချစ်ရေးမှာလည်း ဝေခွဲမရဖြစ်နေလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ပေါက်ပေါက်ဆုပ်ကို ငါးစာကျွေးပါ။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က