ဇူလိုင်လ (၁၀) ရက်နေ့မှ ဇူလိုင်လ (၁၆) ရက်နေ့

မိဿရာသီဖွား 

---- 

နောင်ရေးအတွက် စိတ်ပူပန်နေရတတ်သည်။ ပျော်ရွှင်စရာတွေ ရှေ့မှာထားပြီး စိုးရိမ်ပူပန်စိတ်တွေ များနေတတ်သည်။ အချစ်ရေးမှာ အဆင်ပြေချောမွေ့နေမည်။ ငွေကြေးကိစ္စများမှာ အပူအပင်ကင်းနေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် သရက်သီး ဘုရားလှူပါ။ 



ပြိဿရာသီဖွား

----

အချစ်ရေးကြောင့် စိတ်ရှုပ်စရာတွေ ကြုံတွေ့နေရတတ်သည်။ ချစ်သူရဲ့ သစ္စာဖောက်ခြင်း ခံရတတ်သည်။ ပညာရေးအတွက် ပျော်ရွှင်စရာတွေ ကြုံရတတ်သည်။ ကျန်းမာရေး ဂရုစိုက်ပါ။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ နာနတ်သီး ကပ်လှူပါ။ 



မေထုန်ရာသီဖွား

----

ကိုယ့်ထက်ငယ်ရွယ်သူတွေနဲ့ စကားများရန်ဖြစ်ရတတ်သည်။ ခိုက်ရန်ဖြစ်ပွားတတ်သည်။ အချစ်ရေးမှာ တွေဝေနေရတတ်သည်။ ငွေကြေးအကူအညီပေးမယ့်သူ ပေါ်လာတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ အခွံမာသီးတစ်မျိုး ကပ်လှူပါ။ 




ကရကဋ်ရာသီဖွား

----

မိသားစုနဲ့ (သို့) ခင်မင်သူတွေနဲ့ ဝေးကွာနေရလိမ့်မည်။ ကောင်းသော ခွဲခွာခြင်းပဲ ဖြစ်နိုင်ပါတယ်။ ငွေကြေးကြောင့် စိတ်ညစ်နေရတတ်သည်။ အချစ်ရေးမှာ စိတ်ချမ်းသာနေရလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ နေကြာစေ့ ကပ်လှူပါ။ 




သိဟ်ရာသီဖွား

----

ဦးခေါင်းနဲ့ပတ်သတ်တဲ့ ရောဂါဝေဒနာတွေ ခံစားရတတ်သည်။ ထိခိုက်ဒဏ်ရာ ရတတ်သည်။ ဦးခေါင်းကို ဂရုစိုက်ပါ။ အချစ်ရေးမှာ အဆင့်တွေမြင့်တက်သွားတတ်သည်။ မိသာစုနဲ့ အဆင်မပြေဖြစ်တတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ မာလကာသီးကပ်လှူပါ။ 



ကန်ရာသီဖွား

----------

ဝမ်းဗိုက်နဲ့ ဆိုင်တဲ့ရောဂါ ခံစားရတတ်သည်။ ဆေးရုံ၊ဆေးခန်းရောက်သည်အထိ ဖြစ်တတ်သည်။ အလုပ်ခွင်ဝင်နေရသူများ သတိထားပါ။ သူတစ်ပါးအကောက်ကြံခြင်း ခံရတတ်သည်။ အချစ်ရေးအတွက် ခံစားမှုတွေ ပျောက်ဆုံးနေတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ စတော်ဘယ်ရီသီး ကပ်လှူပါ။ 



တူရာသီဖွား

---- 

အနောက်အရပ်သို့ ခရီးသွားရတတ်သည်။ အဖော်တစ်ယောက်(သို့) နှစ်ယောက်ပါတတ်သည်။ ပျော်ရွှင်မှုတွေ ရရှိလိမ့်မည်။ အချစ်ရေးမှာ အသစ်တစ်ယောက် ထပ်တွေ့တတ်သည်။ ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ သစ်တော်သီး ကပ်လှူပါ။ 




ဗြိစ္ဆာရာသီဖွား

-----

ငွေကြေးကိစ္စမှာ လူလိမ်ခံရတတ်သည်။ ပိုက်ဆံတွေ လက်လွန်ပြီးမှ နောင်တရနေတတ်သည်။ သဲထဲရေသွန်ဖြစ်တတ်သည်။ အချစ်ရေးမှာ ကတောက်ကဆဖြစ်တတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ နဂါးမောက်သီး ကပ်လှူပါ။ 



ဓနုရာသီဖွား

----

မိသားစုနဲ့ စကားများ ရန်ဖြစ်ရတတ်သည်။ မောင်နှမသားချင်းတွေနဲ့ စိတ်ဝမ်းကွဲစရာတွေဖြစ်တတ်သည်။ အချစ်ရေးအတွက် ဗျာများနေရမည်။ ငွေကြေးအတွက် ပူပန်နေရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ သခွားမွှေးသီး ကပ်လှူပါ။ 




မကာရ ရာသီဖွား

----

မထင်မှတ်ဘဲ အိမ်ထောင်ကျသွားတတ်သည်။ စိတ်ညစ်နေရတတ်သည်။ အချစ်ရေးမှာ လိုတာမရ ရတာမလိုဖြစ်နေတတ်သည်။ ငွေရေးကြေးရေး အရှုပ်အရှင်း ဖြစ်တတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ မင်းဂွတ်သီး ကပ်လှူပါ။ 



ကုမ်ရာသီဖွား

------

လက်လျော့ထားသောအရာများ ပြန်လည်အဆင်ပြေနေလိမ့်မည်။ ဆုံးရှုံးထားသော ငွေကြေးများ ပြန်လည်ရရှိနိုင်သည်။ သွားလေရာမှာ နာမည်ကောင်း ကျန်ရစ်နေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ စပျစ်သီးကပ်လှူပါ။ 




မိန်ရာသီဖွား

----

ပညာရေးမှာ ကံကောင်းနေမည်။ သတင်းကောင်းကြားရတတ်သည်။ ပညာရေးအတွက် ခရီးထွက်ရတတ်သည်။ အချစ်ရေးမှာ ပုံမှန်အတိုင်းဖြစ်နေမည်။ ငွေရေးကြေးရေးလည်း ကောင်းမွန်နေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ကြက်မောက်သီး ကပ်လှူပါ။





Share

Loading Next Article...
က္က