ဇူလိုင်လ (၁၇) ရက်နေ့မှ ဇူလိုင်လ (၂၃) ရက်နေ့

မိဿရာသီဖွား 

---- 

မမျှော်လင့်ဘဲ ခရီးသွားရတတ်သည်။ အချစ်ရေးမှာ သာယာငြိမ်းချမ်းမှုတွေ ခံစားနေရမည်။ ငွေကြေးအဝင်ကြမ်းနေမည်။ ရေရှည်တည်တံ့နိုင်အောင် ကြိုးစားပါ။ ဆောင်ရွက်သမျွှ အဆင်ပြေစေဖို့ စနေထောင့်မှာ သပြေပန်းကပ်လှူပါ။

ပြိဿရာသီဖွား

----

စိုးရိမ်ပူပန်စရာတွေအတွက် အဖြေပေါ်လာလိမ့်မည်။ ချစ်သူရဲ့ နားလည်ပေးမှုတွေ ရရှိမည်။ ဝေးကွာနေသူ မိသားစုဝင်တစ်ဦးနဲ့ ပြန်လည်ဆုံတွေ့ရလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် မြောက်ဘက်အရပ်ကို သွားပြီး ငါးစာကျွေးပါ။ 

မေထုန်ရာသီဖွား

----

အရင်တစ်ပတ်က ဖြစ်ခဲ့သော ပြဿနာတွေရှိရင် ပြေလည်သွားလိမ့်မည်။ အချစ်ရေးမှာ အချစ်သစ်တွေ့တတ်သည်။ ကိုယ့်ကို နာကျင်စေသူများကို ကျောခိုင်းနိုင်လိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေဖို့ အစိမ်းရောင်ကို ရှောင်ပြီး ဝတ်ဆင်ပါ။  

ကရကဋ်ရာသီဖွား

----

ပြန်လည်ရှင်သန်ခြင်းဆိုတဲ့ ကံတရားက သင့်ဘက်မှာ ရှိနေလိမ့်မည်။ အဆင်မပြေတာတွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်လိမ့်မည်။ အချစ်ရေးမှာ ဝေေ၀ဝါးဝါး ဖြစ်နေတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ချိုတဲ့မုန့်တွေနဲ့ အလှူပေးပါ။ 

သိဟ်ရာသီဖွား

----

ကိုယ့်ထက် သက်ကြီးဝါကြီးတွေရဲ့ ကူညီစောင့်ရှောက်မှုတွေ ရရှိလိမ့်မည်။ အလုပ်လျှောက်ထားသူတွေအတွက် ကံတက်နေမယ့် အချိန်ဖြစ်သည်။အလုပ်ကံကောင်းနေမည်။ အချစ်ရေးမှာ ကိုယ့်နဲ့နေ့နံတူသူနဲ့ ဆုံတွေ့လာရလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ညောင်ပင်အောက်မှာ တရားထိုင်ပါ။ 

ကန်ရာသီဖွား

----------

ကိုယ့်အပေါ် မကောင်းကြံတတ်သူတွေအပေါ် မေတ္တာဖြင့်သာ တုံ့ပြန်ပါ။ လက်တုံ့မပြန်ပါနဲ့။ မကောင်းပြုသူက မကောင်းတဲ့အတိုင်းသာ ဖြစ်သွားလိမ့်မည်။ မိမိနောင်ရေးအတွက် အလုပ်များနေတတ်သည်။ အချစ်ရေးမှာ အေးအေးဆေးဆေးဖြစ်နေမည်။ဆောင်ရွက်သမျှ အဆင်ပြေစေရန် ကြံသကာကို ဘုရားလှူပါ။ 

တူရာသီဖွား

---- 

ခရီးတွေ ဆက်တိုင်သွားနေရတတ်သည်။ မိမိနဲ့ စိတ်သဘောထား တူသူတွေနဲ့ ဆုံတွေ့ရလိမ့်မည်။ ဝေးရာဇာတိတစ်ခုမှာ အခြေချနေမိတတ်သည်။ အချစ်ရေးမှာ ငယ်သူနဲ့ ဆုံတွေ့ရလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် အဝါရောင်ကို ဝတ်ဆင်ပါ။ 

ဗြိစ္ဆာရာသီဖွား

-----

တောင်အရပ်မှာ ပျော်မွေ့နေတတ်သည်။ အသစ်တွေ့အဟာင်းမေ့နေတတ်သည်။ အချစ်ရေးမှာ မပြတ်မသားဖြစ်တတ်သည်။ ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် မက်မွန်သီးကို သူများအား ဝယ်ကျွေးပါ။

ဓနုရာသီဖွား

----

ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်မှုရရှိလိမ့်မည်။ အချစ်ရေးမှာ အထင်လွဲစရာတွေ ဖြစ်တတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် အနီရောင် ရှောင်ဝတ်ပါ။ 

မကာရ ရာသီဖွား

----

နေနံတူသူတစ်ဦးနဲ့ အကျိုးပေးနေမည်။ အဆင်ပြေနေမည်။ အချစ်ရေးမှာ သူငယ်ချင်းသံယောဇဉ်တွေ ရောနေတတ်သည်။ ငွေကြေးကိစ္စများ အထွက်များနေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် မနက်တိုင်းမှာ ထန်းလျက်ကို ဘုရားမှာ ကြာသပတေးနေ့တိုင်း ကပ်လှူပါ။ 

ကုမ်ရာသီဖွား

------

မိသားစုနဲ့ ခေတ္တခွဲနေရတတ်သည်။ ချစ်သူနဲ့လည်း ခေတ္တခွဲနေရတတ်သည်။ ငွေကြေးကိစ္စမှာ အဆင်ပြေနေမည်။ကျန်းမာရေးအတွက်  အချိန်ကုန်နေတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် အမဲရောင် ရှောင်ဝတ်ပါ။ 

မိန်ရာသီဖွား

----

ပညာရေးအတွက် သတင်းကောင်းတွေ ကြားနေရတတ်သည်။ ပညာရေးနဲ့ပတ်သက်ပြီး အောင်မြင်မှုတွေ ရရှိမည်။ အချစ်ရေးမှာ မိမိကိုထောက်ပံ့ပေးသူနဲ့ အဆင်ပြေနေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ကောက်ညှင်းပေါင်း ကပ်လှူပါ။ 



Share

Loading Next Article...
က္က