ဖေဖော်ဝါရီ(၄) မှ ဖေဖော်ဝါရီ(၁၀)
Thinzar Win

မိဿရာသီဖွား

---

တီထွင်ဉာဏ်များ အားကောင်းနေမည်။ အလုပ်ကိစ္စတွေမှာ ဖန်တီးနိုင်စွမ်းတွေကြောင့် အကျိုးဖြစ်ထွန်းမှုများ ရရှိလိမ့်မည်။ မိတ်ဆွေသူငယ်ချင်းတွေကြား ကောင်းသတင်းတွေ ပျံ့လွင့်နေတတ်သည်။ အဆင်ပြေမှုများ ရေရှည်တည်တံ့နေနိုင်အောင် ဘုရားတရားကိုလုံးဝမမေ့လျော့ပါနဲ့။

ပြိဿရာသီဖွား

----

ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုသူတွေအတွက် အချိန်ကောင်းပင်ဖြစ်သည်။ ရောင်းချခြင်း၊သယ်ယူပို့ဆောင်ခြင်းစတဲ့ လုပ်ငန်းမျိုးတွေနဲ့ အကျိုးဖြစ်ထွန်းနေမည်။ ကျန်းမာရေးတွင် အားနည်းနေလိမ့်မည်။ ခေါင်းကိုက်ဝေဒနာကို မကြာခဏဆိုသလို ခံစားနေရတတ်သည်။

မေထုန်ရာသီဖွား

----

စဉ်းစားစရာတွေ ပုံအောနေမည်။ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို ရောင်ဝါးဝါးစိတ်တွေ ဖြစ်နေတတ်သည်။ သို့သော်လည်း ကိုယ့်စိတ်ကို အပိုင်နိုင်ဆုံး ဆုံးဖြတ်လုပ်ဆောင်ပါက အောင်မြင်မှုတွေ များစွာရရှိပေလိမ့်မည်။

ကရကဋ်ရာသီဖွား

----

အမြင်မတူမှုတွေထဲက ပိတ်မိနေတတ်သည်။ သင်ပြောလိုက်တဲ့စကား၊သင်ပေးလိုက်တဲ့အကြံတွေက သူများတွေရဲ့အမြင်တွေနဲ့ မတူပဲကွဲပြားနေတတ်သည်။ သို့သော် အချင်းမများပဲစိတ်ကိုအရှင်းဆုံးထားပါ ၊ လျစ်လျူရှုသင့်တာတွေကိုလည်း လျစ်လျူရှုလိုက်ပါ။

သိဟ်ရာသီဖွား

----

အရင်က ယုံကြည်လာတဲ့ အမှန်တရားတွေက ဒီလိုအချိန်တွေမှာ စိတ်ထိခိုက်စရာတွေ ဖြစ်နေတတ်သည်။ သို့သော်လည်း အကောင်းဆုံးဖြစ်လာဖို့ကိုသာ တွေးပြီး ရင်ဆိုင်ဖြေရှင်းပါ။ ကူညီပေးတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ရလာလိမ့်မည်။

ကန်ရာသီဖွား

----------

ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ တည်ဆောက်ထားပါ။ ဒီတစ်ပတ်သင်ကြုံတွေ့ရမယ့် ကိစ္စတွေက သင်တွေးတာတွေထက် ပိုများနေတတ်ပါတယ်။ သင့်ကိုသင် ယုံကြည်မှုရှိနေမှသာ ပြဿနာတွေထဲမှ အကောင်းဆုံးဖြစ်အောင် ကျော်ဖြတ်နိုင်လိမ့်မည်။

တူရာသီဖွား

----

ကောင်းမွန်တဲ့ အခွင့်အလမ်းတွေက သင့်ကိုစောင့်ကြိုနေပါတယ်။ သင့်ကိုအခွင့်အလမ်းဆီ တွန်းပို့ပေးနိုင်မလား၊ အခွင့်အလမ်းတွေကနေ ဝေးကွားစေနိုင်မလား ဆိုတာတော့ သင်ရဲ့ပြောဆိုနေထိုင်ပုံတွေအပေါ် မူတည်နေပါတယ်။ 

ဗြိစ္ဆာရာသီဖွား

-----

ကိုယ်ပိုင် အရည်အချင်းကို အားကိုး၍လုပ်ကိုင်ရသော ကိစ္စတွေမှာ အဆင်ပြေနေမည်။ အများပြောစကားကြောင့် အောင်မြင်မှုတွေနဲ့ ဝေးကွာနေသလို ခံစားနေရတတ်သည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုသာ အလေးထားဆောင်ရွက်ပါ။

ဓနုရာသီဖွား

----

ဝင်ငွေနဲ့ထွက်ငွေ မမျှမတဖြစ်နေတတ်သည်။ အစပိုင်းတွင် ငွေဝင်တာတွေ များနေပြီး ဝင်တာထက် နှစ်ဆလောက် နောက်ပိုင်းတွင် ပြန်ထွက်သွားတတ်သည်။ အသွားအလာ အစားအသောက် သတိထားပါ။ ငွေယိုပေါက်တွေ ဖြစ်နေတတ်သည်။

မကာရ ရာသီဖွား

----

စီးပွားရေး အဆင်ပြေနေမည်။ သင်မမျှော်မှန်းထားတဲ့ နေရာတွေကနေ ငွေဝင်ကိန်းများ ရှိနေမည်။ လက်လွန်ထားသော ငွေများလည်း ပြန်လည်ရရှိလာလိမ့်မည်။ အလှူအတန်းတွေလည်း မမေ့လျော့ပါနဲ့ အဆင်ပြေမှုတွေ ကြာရှည်တည်တံ့နေပါလိမ့်မည်။

ကုမ်ရာသီဖွား

------

အချစ်ရေးတွင် ကံကောင်းနေမည်။ ချစ်ခင်သူရှိသူများအတွက်တော့ စိတ်ချမ်းသာစရာတွေနဲ့ ပြည့်နေလိမ့်မည်။ ချစ်ရသူရှိနေရင် ဒီလိုရက်တွေမှာ ဖွင့်ပြောလိုက်ပါ ကံဇာတာက သင့်ဘက်မှာ ရှိနေပါတယ်။ တိတ်တခိုးချစ်ခင်ရသူရှိနေရင် သူ့ဘက်မှ မိမိအပေါ် သတိထားကရုစိုက်တာတွေ ရရှိလိမ့်မည်။

မိန်ရာသီဖွား

----

မိသားစုကိစ္စတွေအတွက် စိတ်ပူပန်နေရတတ်သည်။ မောင်နှမချင်းစကားများတာတွေ၊ အထင်လွဲတာတွေ ခံရတတ်သည်။ မိဘတွေနဲ့လည်း စိတ်ကတောက်ကဆဖြစ်ရတတ်သည်။ အိမ်ထောင်ရှိသူများအနေနဲ့ ကိုယ့်အိမ်ထောင်ဖက်နဲ့ ညှိနှိုင်းမှုတွေ လုပ်နေရလိမ့်မည်။


Author


က္က