ဖေဖော်ဝါရီ(၂၆)မှ မတ်(၄)
Thinzar Win

မိဿရာသီဖွား

---

ဖြစ်ချင်တဲ့ဆန္ဒနဲ့ဖြစ်နေတာတွေ ထပ်တူကျနေပါမယ်။ အရင်ကရည်မှန်းခဲ့သော ရည်မှန်းချက်များပြည့်ဝလာလိမ့်မည်။ အချစ်ရေးမှာတော့ နားလည်မှုတွေ တည်ဆောက်နိုင်လိမ့်မည်။ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပါ။


ပြိဿရာသီဖွား

----

လုပ်ငန်းမှာ အဆင်မပြေမှုတွေများနေတတ်သည်။ အလုပ်နေရာပြောင်းရတာ ၊ အလုပ်နဲ့ရပ်ဝေးကိုခရီးထွက်ရတာတွေဖြစ်လာတတ်သည်။ ငွေကြေးကိစ္စများမှာတော့ အဆင်ပြေလာလိမ့်မည်။ မိသားစုနဲ့ ခွဲနေရတတ်သည်။


မေထုန်ရာသီဖွား

----

ပြောင်းလဲမှုတွေ များစွာဖြစ်လာလိမ့်မည်။ ချစ်ရသူနဲ့ရန်ဖြစ်တာ ၊ သူငယ်ချင်းတွေနဲ့ စကားများတာ ၊ မိသားစုတွေနဲ့စကားများတာတွေ ဖြစ်တတ်သည်။ စိတ်ကိုဦးစားပေးပြီး ဆုံးဖြတ်ချက်တွေ မချပါနဲ့။ ဖြစ်သင့်တာနဲ့ဖြစ်ချင်တာကို ချင့်ချိန်နှိုင်းဆကာ ဆုံးဖြတ်ချက်ချပါ။



ကရကဋ်ရာသီဖွား

----

စာရွက်စာတမ်း ကိစ္စတွေနဲ့ပတ်သက်ပြီး ပြဿနာတွေဖြေရှင်းနေရတတ်သည်။ အာမခံခြင်း၊ နာမည်ခံပေးခြင်း၊သက်သေလုပ်ပေးခြင်းစတဲ့ ကိစ္စမျိုးတွေမှာ အထူးဂရုပြုဆင်ခြင်ပါ။ အသိတွေမှ ကိုယ့်အား နောက်ကျောဓားထိုးသလို ပြုလုပ်တတ်သည်။


သိဟ်ရာသီဖွား

----

အလုပ်တစ်ခုကို သေသေချာချာပြုလုပ်တတ်တဲ့ အကျင့်ရှိသူတွေမှာ ကောင်းမွန်တဲ့ရလဒ်တွေ ခံစားရရှိမည်။ လူကြီးသူမ တွေရဲ့ ချစ်ခင်ခြင်းကို များစွာရရှိမည်။ ငွေကြေးကိစ္စတွေမှာတော့ ပိုက်ဆံပျောက်ခြင်း၊ ခါးပိုက်နှိုက်ခံရခြင်းတွေ ဖြစ်တတ်သည်။


ကန်ရာသီဖွား

----------

သူငယ်ချင်းနဲ့ချစ်သူကြား ဗျာများနေရတတ်သည်။ ချစ်သူနဲ့ပဲအချိန်ကုန်ရမလို ၊ သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်ရမလို ဖြစ်နေတတ်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူတွေအတွက်ကတော့ လုပ်ငန်းမှ အကျိုးအမြတ်များစွာ ရရှိမယ့် ကာလလေးပါပဲ။

တူရာသီဖွား

----

နှလုံးသားရေး ကိစ္စများအဆင်ပြေနေမည်။ ချစ်ရသူရှိသူတွေကလည်း ဒီလိုအချိန် မိသားစုနဲ့ချစ်ရသူကို မိတ်ဆက်ပေးထားသင့်သည်။ ငွေကြေးကိစ္စများမှာတော့ မမှျှော်လင့်ထားတာတွေဖြစ်တတ်သည်။ မမျှော်လင့်ထားတဲ့နေရာမှ ဥစ္စာပစ္စည်းများတိုးပွားလာလိမ့်မည်။

ဗြိစ္ဆာရာသီဖွား

-----

စိတ်ပင်ပန်းစရာများနဲ့ ကြူံတွေ့နေရလိမ့်မည်။ လမ်းပျောက်နေတတ်သည်။ ကိုယ့်အတွက် အကောင်းဆုံးဖြစ်လာဖို့ကိုသာ စိတ်ထဲတွေးပြီး ကြိုးစားနေထိုင်ပါ။ နောက်ဆုံးမှာ အဆင်ပြေမှုတွေသင့်ဆီကို ရောက်ရှိလာပါလိ်မ့်မည်။

ဓနုရာသီဖွား

----

အပြောင်းအလဲများဖြစ်နိုင်သည်။ ကောင်းသောပြောင်းလဲခြင်းလား ဆိုးသောပြောင်းလဲခြင်းလားဆိုတာတော့ သင်ရွေးချယ်မယ့်အပေါ်သာ မူတည်နေတာကြောင့် သင်လုပ်ဆောင်မယ့် အပြုအမူတွေအပေါ် အထူးဂရုပြုဆောင်ရွက်ပါ။

မကာရ ရာသီဖွား

----

ပျော်စရာများ ရောက်ရှိလာလိမ့်မည်။ လစာတိုးခြင်း ၊ ရာထူးတိုးခြင်း ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေမှာတော့ အကျိုးအမြတ်များစွာ ရရှိခြင်းတွေ ဖြစ်လာတတ်သည်။ ဘုရား၊တရား ကို မမေ့ဘဲ ဆက်လက်ကြိုးစားပါ။ ကံကောင်းခြင်းတွေက သင့်အတွက်ပါပဲ။

ကုမ်ရာသီဖွား

------

စိတ်နှစ်ခွဖြစ်နေတတ်သည်။ အလုပ်ပြောင်းရမလို မပြောင်းရလို ၊ ပစ္စည်းဆိုရင်လည်း ဝယ်ရမလို မဝယ်ရမလို စတဲ့ ကိစ္စတိုင်းမှာ စိတ်နှစ်ခွဖြစ်နေတတ်သည်။ ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် ကိစ္စတွေကိုမဆုံးဖြတ်နိုင်ပါက ခင်မင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။

မိန်ရာသီဖွား

----

ငွေရေးကြေးရေးကြောင့် အလုပ်များနေရတတ်သည်။ သင်ပိုင်ဆိုင်တဲ့ ငွေကြေးကိစ္စမဟုတ်ခဲ့သည်တိုင် အခြားသူတွေအတွက် ကူညီပေးရတတ်သည်။ ငွေရေးကြေးရေးကြောင့်ပဲ စိတ်ပင်ပန်းနေရတတ်သည် ။ မိသားစုရဲ့ အကူအညီယူပါ အဆင်ပြေသွားပါလိမ့်မည်။


က္က