ဖေဖော်ဝါရီ(၁၉)မှဖေဖော်ဝါရီ(၂၅)
Thinzar Win

မိဿရာသီဖွား

---

ပျော်ရွှင်နေရမယ့် အချိန်ကာလပါပဲ။ စိတ်ချမ်းသာစရာတွေ များနေပြီး ကိုယ်ပြုခဲ့ဖူးတဲ့ကောင်းမှုတွေမှ အကျိုးများခံစားရပေလိမ့်မည်။ အနာဂတ်အတွက် မှန်ကန်တဲ့လမ်းတစ်ခုကို ရှာဖွေနိုင်လိမ့်မည်။ ကျန်းမာရေးတွင်တော့ ကိုယ်ခန္ဓာနာကျင်သလို ခံစားနေရတတ်သည်။

ပြိဿရာသီဖွား

----

ပစ္စည်းဥစ္စာ၊ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး စိတ်ရှုတ်နေရတတ်သည်။ ငွေရေးကြေးရေကြောင့် အခင်အမင်ပျက်တတ်သည်။ ပစ္စည်းပျောက်တတ်သည်။ အချစ်ရေးမှာတော့ အဆင်ပြေနေပြီး ချစ်ရသူထံမှ အကူအညီများစွာရရှိမည်။ 

မေထုန်ရာသီဖွား

----

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများ လုပ်ငန်းသစ်ချဲ့ထွင်နိုင်မည်။ လုပ်ငန်းမှ အကျိုးအမြတ်များစွာ ရရှိနိုင်သည်။ သို့သော်လည်း အောင်မြင်မှုနောက်လိုက်လွန်း၍ လုပ်ငန်းတွင်အမှားအယွင်းများဖြစ်တတ်သည်။ ယုံကြည်ရသူထံမှ အကူအညီများရယူပါ။

ကရကဋ်ရာသီဖွား

----

သူများတွေအတွက် အချိန်ပေးနေရတတ်သည်။ သူငယ်ချင်း၊ အလုပ် ၊ ဆွေမျိုး ၊ မိတ်ဆွေ ဒါတွေတစ်မျိုးမျိုးမှာ ကိုယ့်အချိန်တွေကုန်နေရတတ်သည်။ စိတ်ကိုနှစ်၍သာ အကောင်းဆုံးဆောင်ရွက်ပေးလိုက်ပါ။ သင့်အတွက် ကောင်းမွန်တဲ့အရာတွေ ပြန်လည်ရရှိလာပေလိမ့်မည်။

သိဟ်ရာသီဖွား

----

စိတ်ဆိုး၊ဒေါသဖြစ်နေရတတ်သည်။ မိမိနဲ့အဆင်မပြေသော ကိစ္စတွေမှာ မိမိကိုယ်တိုင်တောင်မသိဘဲ ဝင်ပါနေရတတ်သည်။ မိမိအမည်ကို အလွဲသုံးစားပြုတာ ခံရတတ်သည်။ ဒေါသထိန်းပြီး ပြဿနာတွေကို ဖြေရှင်းပါ။ အမှားပါတတ်သည်။

ကန်ရာသီဖွား

----------

အချစ်ရေးမှာ တွေဝေနေရတတ်သည်။ မိမိကြိုက်သောသူနဲ့ မိမိကိုကြိုက်သောသူ ဒီနှစ်ဦးကြားတွေဝေနေရတတ်သည်။ ငယ်ရွယ်သူများအဖို့ ဆုံးဖြတ်ချက်မမှားဖို့ သတိပြုပေးရလိမ့်မည်။ မထင်မှတ်ဘဲ အိမ်ထောင်ကျကိန်းရှိသည်။


တူရာသီဖွား

----

လူလိမ်တွေနဲ့ တွေ့ဆုံနေရတတ်သည်။ မိမိဘက်မှ မေတ္တာထားပြီးဆက်ဆံပေးသော်လည်း မိမိအပေါ်မကောင်းကြံသူတွေနဲ့ တွေ့ဆုံရတတ်သည်။ ကျန်းမာရေးမှာတော့ ဝမ်းဗိုက်နဲ့ဆိုင်တဲ့ ရောဂါဝေဒနာများ ခံစားနေရတတ်သည်။

ဗြိစ္ဆာရာသီဖွား

-----

လုပ်ငန်းများမှာ ရာထူးတိုးခြင်း၊လစာတိုးခြင်းတွေနဲ့ ကြုံတွေ့ရတတ်သည်။ နေရာပြောင်းခြင်း ၊ ရေခြားမြေခြားသို့ ထွက်ခွာရခြင်းများဖြစ်လာနိုင်သည်။ အကောင်းဆုံးကြိုးစားပါ။ ကံတရားက မျက်နှာသာပေးနေမည့် ကာလဖြစ်သည်။

ဓနုရာသီဖွား

----

အခက်အခဲတွေကြား ရှင်သန်နေရမည်။ သင့်ရဲ့စိတ်ရှည်သည်းခံခြင်းက အောင်မြင်မှုတွေဆီ တွန်းပို့ပေးနိုင်လိမ့်မည်။ အခက်အခဲတွေကို ရင်ဆိုင်အနိုင်ယူပြီး၊ အခက်အခဲတွေကြားကနေ အခွင့်အရေးတွေ ဖန်တီးယူနိုင်လိမ့်မည်။

မကာရ ရာသီဖွား

----

လက်လွန်ထားသော ငွေကြေးကိစ္စများ ၊ နှစ်လရှည်ကြာနေသော အကြွေးများ ပြန်လည်ရရှိနိုင်သည်။ မိတ်ဆွေတစ်ဦးရဲ့ အကူအညီတွေ များစွာရရှိမည်။ တစ်ဖက်ကဝင်၍ တစ်ဖက်က ပြန်ထွက်တတ်သည်။


ကုမ်ရာသီဖွား

------

ယုံကြည်မှုတွေ ပျောက်ဆုံးနေတတ်သည်။ စိတ်ဓာတ်ကျနေတတ်သည်။ သူငယ်ချင်းတွေနဲ့ အချိန်ပေးပြီး သူတို့ထံမှ အကြံဉာဏ်တွေ တောင်းယူကြည့်ပါ အဆင်ပြေနိုင်သည်။ ကျန်းမာရေးလည်း ချူချာနေတတ်သည်။

မိန်ရာသီဖွား

----

လောင်းကစားများနဲ့ အကျိုးပေးနေတတ်သည်။ သို့သော်လည်း နည်းနည်းဝင်၍များများပြန်ထွက်တတ်သည်ကို သတိပြုပါ။ စိတ်ကိုအလိုလိုက်လွန်း၍ အန္တရာယ်ဖြစ်တတ်သည်။


က္က