မေလ(၂၉) ရက်နေ့မှ ဇွန်လ (၄) ရက်နေ့

မိဿရာသီဖွား

---

အချစ်ရေးမှာ စိတ်ညစ်စရာလေးတွေရှိနေတတ်သည်။ ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်ပြီး စိုးရိမ်သောကဖြစ်နေတတ်သည်။ ပညာရေးကံကောင်းနေမည့် အချိန်ဖြစ်သည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် စနေထောင့်မှာ သပြေပန်းကပ်လှူပါ။


ပြိဿရာသီဖွား

----

လူမှုရေး ကိစ္စတွေမှာ စိတ်ရောက်နေတတ်သည်။ အချစ်ရေး ၊ လူမှုရေး ရောထွေးနေပြီး စိတ်အနှောင့်အယှက်ဖြစ်တတ်သည်။ ငွေကြေးကိစ္စတွေမှာ ကံတက်နေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် အကြွေစေ့ပေါ် ဖယောင်းတိုင်ထွန်းပြီး ဘုရားရှိခိုးပါ။


မေထုန်ရာသီဖွား

----

အချစ်ရေးမှာ ပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မည်။ ချစ်သူရည်စားရှိသူတွေ အထူးသတိထားရမယ့် ကာလဖြစ်သည်။ ကျန်းမာရေးမှာ ချူချာနေတတ်သည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် ပေါက်ပေါက်ဆုပ်ကို ငါးစာကျွေးပါ။


ကရကဋ်ရာသီဖွား

----

ကံတက်နေမယ့် အချိန်ဖြစ်သည်။ ဘာလုပ်လုပ်အဆင်ပြေနေတတ်သည်။ သို့သော်လည်း ကြာရှည်မည်တော့ မဟုတ်ပါ။ တစ်မျိုးမျိုးနဲ့ အနှောင့်အယှက်ဝင်လာတတ်သည်။ လက်ခံနိုင်အောင် ကြိုးစားပါ။ ယတြာအနေနဲ့ ကြက်သွေးရောင်ပါတဲ့ အရောင်တွေကို အများအားဖြင့် ဝတ်ဆင်ပါ။


သိဟ်ရာသီဖွား

----

မထင်မှတ်ဘဲ အိမ်ထောင်ကျကိန်းရှိသည်။ ကိုယ့်ထက်ငယ်ရွယ်သူများနဲ့ အဆင်ပြေနေလိမ့်မည်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ထိခိုက်ဒဏ်ရာရတတ်သည်။ အန္တရာယ်ဖြစ်တတ်သည်။ ဆောင်ရွက်သမျှအဆင်ပြေစေဖို့ တစ်စုံတစ်ယောက်ကို ခေါက်မုန့်ဝယ်ကျွေးပါ။


ကန်ရာသီဖွား

----------

ပညာရေးမှာ ကံအညံ့လေးတွေဖြစ်နေလိမ့်မည်။ အချစ်ရေးနဲ့ပညာရေး ရောနေတတ်သည်။ အချစ်ရေးမှာ နောက်ကျောဓားထိုးခံရတတ်သည်။ ဒါတွေကို ရှောင်ရှားနိုင်ဖို့ သူငယ်ချင်းတစ်ဦးကို ရေခဲမုန့်ဝယ်ကွေးပါ။





တူရာသီဖွား

----

အထင်အမြင်လွဲခံရတတ်သည်။ ကြားလူရဲ့ စကားတွေကြောင့် အဆင်မပြေတာတွေဖြစ်တတ်သည်။ ပြဿနာတွေကို ဖြေရှင်းရာမှာ ကိုယ်တိုင်ဖြေရှင်းပါ၊ ကြားလူနဲ့ မဖြေရှင်းပါနဲ့။ ဆောင်ရွက်သမျှအဆင်ပြေစေရန် လမ်းတစ်လမ်းမှာ ခရေပင်စိုင်ပျိုးပါ။


ဗြိစ္ဆာရာသီဖွား

-----

ချစ်သူနဲ့ နားလည်မှုတွေ တည်ဆောက်နိုင်လိမ့်မည်။ ငွေကြေးကိစ္စတွေမှာ အဆင်ပြေနေလိမ့်မည်။ မထင်မှတ်ထားတဲ့ နေရာမှ ငွေကြေးများရရှိနိုင်သည်။ အဆင်ပြေတာတွေ တည်တံ့နိုင်ဖို့ နံနက်တိုင်း ဘုရားမှာ သောက်တော်ရေ ကပ်ပါ။

ဓနုရာသီဖွား

----

မမျှော်လင့်ဘဲ ခရီးထွက်ရနိုင်သည်။ စိတ်တိုစရာလေးတွေ ကြုံရတတ်သည်။ ကိုယ်နဲ့ရင်းနီးသူများအပေါ် စိတ်ဆိုးရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဆွေမျိုးတစ်ဦးကို မုန့်လက်ကောက် ဝယ်ကျွေးပါ။




မကာရ ရာသီဖွား

----

မိမိနဲ့ပတ်သက်တဲ့ သူတွေအပေါ် ဦးဆောင်နေရမယ့် အချိန်ဖြစ်သည်။ ချစ်သူရဲ့ ယုံကြည်မှုတွေ ရရှိမယ့် အချိန်ဖြစ်သည်။ ခေါင်းဆောင်ကောင်းတို့ရဲ့ ပုံသဏ္ဌာန်ဖြစ်နေမည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် ဘုရားမှာ မုန့်လုံးရေပေါ် ကပ်လှူပါ။




ကုမ်ရာသီဖွား

------

ဒူးခေါင်းမှာ ထိခိုက်ဒဏ်ရာရတတ်သည်။ ကျန်းမာရေးမှာ ပူပန်စရာတွေ ဖြစ်လာတတ်သည်။ မိမိ(သို့) မိသားစုအတွက် စိုးရိမ်ပူပန်နေရတတ်သည်။ ပူပန်စရာတွေ လျော့ကျစေဖို့ သတ္တဝါတွေကို ရေအလှူပြူပါ။


မိန်ရာသီဖွား

----

ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို ယောင်ဝါးဝါးဖြစ်နေတတ်သည်။ အနာဂတ်ပျောက်သလို ခံစားရပြီးမှ မိမိအတွက် နေရောင်ခြည်အလင်းတန်းလေးကို တွေ့ရှိရလိမ့်မည်။ ဘာဖြစ်ဖြစ် အကောင်းဆုံးကျော်ဖြတ်နိုင်လိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ မုန့်ကြာစိ ကပ်ပါ။


Share

Loading Next Article...
က္က