Thinzar Win

မိဿရာသီဖွား

---

အချစ်ရေးမှာ ကံကောင်းနေမည်။ တစ်ကိုယ်တည်း သမားတွေအတွက် ဆန်းပွင့်မယ့် ကာလပါပဲ။ တိတ်တခိုးအချစ်ကို ဖွင့်ဟပြောဆိုလိုက်ပါ။ ငွေကြေးကိစ္စတွေမှာတော့ ဝင်ငွေကများပြီး ထွက်ငွေနည်းနေတတ်သည်။ လုပ်ကိုင်သမျှကိစ္စတိုင်းမှာ အဆင်ပြေစေရန် ဘုရားမှာ ထန်းလျက်နဲ့လုပ်ထားတဲ့ မုန့်တစ်မျိုးကို ကပ်လှူပါ။

ပြိဿရာသီဖွား

----

အချစ်ရေးမှာ နှောင့်နှေးနေတတ်သည်။ ချစ်သူနဲ့ ချိန်းထားပြီး နောက်ကျမှရောက်သွားတတ်သည်။ ဖွင့်ပြောရမယ့်သူရှိရင် ဖွင့်ပြောလိုက်ပါ။ မိမိမပြောခင် အရင်ဖွင့်ပြောထားနှင့်သူ ရှိနေတတ်သည်။ အချစ်ရေး အဆင်မပြေတာကြောင့် လူမှုရေး ကိစ္စတွေမှာပါ အဆင်မပြေမှုတွေ ဖြစ်တတ်သည်။ လင်းတဲ့အရောင်နဲ့ အီကျီၤတွေကိုသာ အများအားဖြင့် ဝတ်ဆင်ပါ။

မေထုန်ရာသီဖွား

----

ချစ်သူရဲ့ စိတ်ဆိုးခြင်းကို ခံရတတ်သည်။ တဖတ်သတ်ချစ်နေရသူရှိရင်လည်း ကိုယ့်အပေါ် သူက အထင်လွဲသွားတတ်သည်။ ဒီလိုပြဿနာတွေဖြစ်လာပါက အချိန်ယူပြီးမှ ဖြေရှင်းနိုင်လိမ့်မည်။ ကျန်းမာရေးမှာ ခေါင်းမူးခေါင်းကိုက် ဝေဒနာကို ပြင်းထန်စွာ ခံစားနေရလိမ့်မည်။ လုပ်ကိုင်သမျှကိစ္စတိုင်းမှာ အဆင်ပြေစေရန် သူငယ်ချင်းတစ်ဦးကို သာကူ ဝယ်ကျွေးပါ။

ကရကဋ်ရာသီဖွား

----

ငွေကြေးကိစ္စတွေအတွက် ပူပန်နေရတတ်သည်။ ကိုယ့်လက်ထဲရောက်ခါနီး ပိုက်ဆံကို အပူတပြင်း စောင့်ဆိုင်းပြီးမှသာ ရရှိလိမ့်မည်။ အချစ်ရေးမှာတော့ ချစ်သူရဲ့ ဖေးဖေးမမရှိမှုကြောင့် စိတ်ပျော်ရွှင်နေရမည်။ ကိုယ်ဘက်က ကြွေနေရသူရှိရင်လည်း သူစိတ်က ကိုယ့်ဘက်ကို ပါလာလိမ့်မည်။ ကလေးငယ်တစ်ဦးကို သကြားလုံး ဝယ်ကျွေးပါ။

သိဟ်ရာသီဖွား

----

ပျော်ရွှင်စရာတွေ ဆက်တိုက်ဆိုသလို ရောက်ရှိလာလိမ့်မည်။ ပျော်ရွှင်ပြီးမှ ဝမ်းနည်းရတတ်သည်။ အချစ်ရေးမှာ ခံစားချက်တွေ ပြင်းထန်ပြီး စိတ်ထောင်းကိုယ်ကြေ ဖြစ်နေရတတ်သည်။ ငွေကြေးကိစ္စတွေမှာတော့ ပုံမှန်လိုပဲ လည်ပတ်နေမည်။ စိတ်အေးချမ်းအောင် တရားထိုင်ပါ။

ကန်ရာသီဖွား

----------

ပျောက်နေတဲ့ ပစ္စည်းများပြန်ရနိုင်သည်။ ပျောက်ဆုံးနေသော အိပ်မက်များ အကောင်အထည်ပေါ်လာလိမ့်မည်။ သင်ဆုံးရှုံးသွားပြီးထင်သော အရာများ သင့်ထံပြန်လည်ရောက်ရှိလာနိုင်သည်။ လမ်းခွဲပြီးသား ချစ်သူကပင် မိမိအနားပြန်ရောက်လာနိုင်သည်။ လက်လွန်ထားသော ပိုက်ဆံများ ပြန်ရနိုင်သည်။ လုပ်ကိုင်သမျှကိစ္စတိုင်းမှာ အဆင်ပြေစေရန် တနင်္လာသားကို အအေးဝယ်တိုက်ပါ။

တူရာသီဖွား

----

အိမ်ပြောင်းရတတ်သည်။ အိမ်မပြောင်းသော် အခြားနေရာမှာ ခေတ္တပြောင်းနေရလိမ့်မည်။ အချစ်ရေးမှာ ရွေးချယ်မှုတွေကြား ဗျာများနေရတတ်သည်။ အရွေးမှားတတ်သည်း ဂရုစိုက်ပါ။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် မိတ်ဆွေတစ်ဦးနဲ့ အတူ ငါးစာကျွေးပါ။

ဗြိစ္ဆာရာသီဖွား

-----

တွေးစရာတွေ များပြီး စိတ်တွေ ထိုင်းမှိုင်းနေတတ်သည်။ ကိုယ့်ဆီလာတဲ့ ကံကောင်းမှုတွေကိုပင် မမြင်ဘဲ တွန်းဖယ်နေတတ်သည်။ အချစ်ရေးမှာတော့ စကားများရန်ဖြစ်နေရတတ်သည်။ အိမ်ထောင်ရှိသူတွေ အနေနဲ့ မိမိအိမ်ထောင်ဖက်အပေါ် နားလည်မှုပေးနိုင်အောင် ကြိုးစားထားသင့်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် လမ်းလေးခွဆုံမှာရောင်းတဲ့ ချိုတဲ့မုန့်ကို ဝယ်စားပါ။

ဓနုရာသီဖွား

----

မိသားစုတွေနဲ့ စကားများရန်ဖြစ်နေရတတ်သည်။ မိဘ(သို့) လူကြီးတစ်ဦးဦးမှ မိမိအပေါ် နားလည်မှု လွဲနေတတ်သည်။ မိသားစုတွေကို အချိန်ပေးပါ။ အချစ်ရေးမှာတော့ စိတ်လှုပ်ရှားစရာတွေ ကြုံလာရလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် သောကြာထောင့်မှာ ဆီးမီးလှူပါ။

မကာရ ရာသီဖွား

----

အောင်မြင်မှုတွေ ရရှိလိမ့်မည်။ အလုပ်သော်လည်းကောင်း ၊ ပညာပါရမီမှာသော်လည်းကောင်း မိမိစိတ်ထည့်၍ လုပ်ကိုင်ဆောင်ရွက်ထားတဲ့ တစ်နေရာရာမှ အောင်မြင်မှုတွေ ရရှိလိမ့်မည်။ အချစ်ရေးမှာ စိတ်နှစ်ခွဖြစ်ပြီး စိတ်မတင်မကျဖြစ်နေရတတ်သည်။ အချစ်ရေး ကံကောင်းစေရန် ငယ်ရွယ်သူတစ်ဦးကို လက်ကိုင်ပဝါလက်ဆောင်ပေးပါ။ 

ကုမ်ရာသီဖွား

------

အဆင်မပြေတာတွေများနေမည်။ လုပ်ငန်းထဲတွင်လည်း စိတ်အနှောင့်အယှက်တွေ ဖြစ်လာတတ်သည်။ အချစ်ရေးမှာလည်း သစ္စာဖောက်ခံရတတ်သည်။ ထိုကာလတွေကို ဖြတ်ကျော်နိုင်မှ အဆင်ပြေတဲ့နေ့ရက်တွေ ရောက်ရှိလာလိမ့်မည်။ ဘုရားမှာ မုန့်လုံးရေပေါ် ကပ်လှူပူဇော်ပါ။

မိန်ရာသီဖွား

----

ချစ်သူနဲ့ တည့်လိုက် ရန်ဖြစ်လိုက် ၊ တဖတ်သက်ချစ်သူနဲ့ အဆင်ပြေလိုက် မပြေလိုက် ဖြစ်နေတတ်သည်။ ဝမ်းသာတစ်လှည့် ၊ စိတ်ပျက်မိတဲ့အခါ တစ်လှည့်ဆီ ဖြစ်နေလိမ့်မည်။ ငွေကြေး ကိစ္စမှာတော့ ငွေဝင်ကိန်းကြုံမည်။ စိတ်ညစ်စရာတွေ ပြေပျောက်ရန် လူကြီးသူမတွေကို ရေကုသိုလ်ပြုပါ။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က