မေလ(၈)ရက်နေ့မှ မေလ(၁၄)ရက်နေ့
Thinzar Win

မိဿရာသီဖွား

---

ကြိုတင်ကြံစည်ထားသော လုပ်ငန်းကိစ္စများအဆင်ပြေမည်။ အချစ်ရေးမှာတော့ အပျော်ကြီးပျော်ရလိမ့်မည်။ ချစ်သူနဲ့ ခရီးထွက်ရကိန်းရှိသည်။ အရာအားလုံး အဆင်ပြေတာတွေ များနေမယ့် ကာလလေးပဲဖြစ်ပါတယ်။ အဆင်ပြေတာတွေ ကြာရှည်အောင် လူကြီးတစ်ဦးကို နှင်းဆီပန်း လက်ဆောင်ပေးပါ။

ပြိဿရာသီဖွား

----

အချစ်ရေးမှာ အညံ့တွေ များနေလိမ့်မည်။ ချစ်သူရဲ့ အထင်လွဲခြင်းကို ခံရတတ်သည်။ သစ္စာဖောက်ခြင်းကို ခံရတတ်သည်။ ကျန်းမာရေးလည်း ချူချာနေတတ်သည်။ ဆေးခန်းနဲ့ မပြတ်ဖြစ်နေတတ်သည်။ ကံညံ့တွေ ပျောက်အောင် ဘုရားမှာ ပုတီးစိပ်ပါ။

မေထုန်ရာသီဖွား

----

ကိုယ်ပေးပြီး ပြန်မရတာတွေ များနေတတ်သည်။ မေတ္တာတွေပေးပြီး ကိုယ်က မေတ္တာငတ်နေတတ်သည်။ ပိုက်ဆံချေးပြီး ပြန်မရတာတွေ ဖြစ်တတ်သည်။ အချစ်ရေးမှာလည်း ကိုယ်ချစ်ရသူက ကိုယ့်အချစ်တွေကို နားမလည်တာတွေ ဖြစ်တတ်သည်။ အရာရာအဆင်ပြေနိုင်အောင် ဘုရားမှာ စံပယ်ပန်းကပ်လှူပါ။

ကရကဋ်ရာသီဖွား

----

ငွေကြေးမှာ အဆက်အခဲများစွာဖြစ်နေတတ်သည်။ ခါးပိုက်နှိုက် ခံရခြင်း ၊ ကျပျောက်ခြင်းများ ဖြစ်တတ်သည်။ အချစ်ရေးမှာတော့ အဆင်ပြေနေမည်။ ကိုယ်ဖြစ်စေချင်သလို ဖြစ်နေတတ်သည်။ ငွေကြေးကိစ္စအဆင်ပြေစေရန် တစုံတယောက်ကို မုန့်ကြာစိ ဝယ်ကျွေးပါ။

သိဟ်ရာသီဖွား

----

ဦးဆောင်မှု ပြုသူတွေရဲ့ ပုံစံဖြစ်နေတတ်သည်။ အလုပ်ထဲတွင်သော်လည်းကောင်း ကျောင်းကိစ္စတွင်သော်လည်းကောင်း ကိုယ်ရဲ့ဦးဆောင်မှုကို ကျေနပ်လက်ခံသူတွေ များနေလိမ့်မည်။ အချစ်ရေးမှာတော့ မရေရာတာတွေများနေမည်။ ဆောင်ရွင်သမျှ အဆင်ပြေစေရန် ဘုရားမှာ ရေသပ္ပာယ်ပါ။

ကန်ရာသီဖွား

----------

လူလိမ်လူကောက်တွေနဲ့ ကြုံတွေ့ရလိမ့်မည်။ မိမိဘက်မှ သတိကြီးကြီးထားသော်လည်း လူလိမ်ခံရနိုင်သည်။ အချစ်ရေးမှာလည်း ကိုယ့်အချစ်ကို အသုံးချသူတွေနဲ့ ဆုံတွေ့ရလိမ့်မည်။ အရာရာအဆင်ပြေစေရန် သူငယ်ချင်းတစ်ဦးကို ထန်းလျက်ကျွေးပါ။

တူရာသီဖွား

----

လောင်းကစားကိစ္စများတွင် ပျော်မွေ့နေတတ်သည်။ မကောင်းတာကို သိသိရက်နဲ့ လုပ်နေမိတတ်သည်။ အချိန်လွန်မှ နောင်တရနေရလိမ့်မည်။ အချစ်ရေးမှာတော့ မပီမပြင် ဝိုးတဝါး လမ်းလျှောက်နေရသလိုဖြစ်နေရလိမ့်မယ်။အရာရာအဆင်ပြေစေရန် ဘုရားမှာ ကြာဖူးကပ်လှူပါ။

ဗြိစ္ဆာရာသီဖွား

-----

မမျှော်လင့်ဘဲခရီးထွက်ရကိန်းကြုံမည်။ ခရီးရောက်မှ အိမ်ကိုလွမ်းနေရတတ်သည်။ အချစ်စစ်နဲ့ ဆုံတွေ့ရလိမ့်မည်။အချစ်စစ်ကြောင့် ပျော်ရွှင်ေနေရလိမ့်မည်။ ချစ်ရသူကို သင့်အချစ်တွေကို ပုံဖော်နိုင်တဲ့ လက်ဆောင်တစ်ခုခု ဝယ်ပေးလိုက်ပါ။

ဓနုရာသီဖွား

----

သင့်ရဲ့ လုံ့လစိုက်ထုတ်မှုတွေကြောင့် အောင်မြင်မှုတွေ ရရှိလိမ့်မည်။ သင်ကြိုးစားသလောက် အောင်မြင်စေရန် သင့်ကံက ဖေးမပေးလိမ့်မည်။ မနာလိုသူတွေလည်း များနေလိမ့်မည်။ အချစ်ရေးမှာတော့ ကရုမစိုက်နိုင်တာတွေများပြီး စိတ်ကတောက်ကဆဖြစ်နေရတတ်သည်။ အရာရာအဆင်ပြေစေရန် မနက်တိုင်းမှာ သတ္တဝါအပေါင်းကို မေတ္တာပို့ပါ။

မကာရ ရာသီဖွား

----

မဖြစ်လာနိုင်တော့ဘူးထင်ထားသော အရာများ ဖြစ်လာလိမ့်မည်။ လက်လျော့လိုက်ရသော အချစ်ရေး ကိစ္စတွေမှာလည်း အဆင်ပြေလာလိမ့်မည်။ ထိုသို့ဖြစ်လာစေရန် ဘုရားမှာ ကြာပန်းကပ်လှူပူဇော်ပါ။

ကုမ်ရာသီဖွား

------

သူများတွေကြောင့် စိတ်ညစ်နေရတတ်သည်။ အချစ်ရေးမှာတော့ ကိုယ့်ကိုနားလည်ပေးနိုင်သူကြောင့် ပျော်ရွှင်နေရလိမ့်မည်။ ခန္ဓာကိုယ်မှာ အနာရောဂါ တစ်မျိုးမျိုးဖြစ်တတ်သည်။ အရာရာအဆင်ပြေစေရန် အဝါရောင်ပါတဲ့ အင်္ကျ ီတွေကိုဝတ်ဆင်ပါ။

မိန်ရာသီဖွား

------

အခက်အခဲတွေကြား ရှင်သန်နေရမည်။ တစ်ခုခုအတွက် အားထုတ်ကြိုးပမ်းနေရမည်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ စကားများရန်ဖြစ်နေရတတ်သည်။ ချစ်သူမရှှိသူများအနေနဲ့ ခင်မင်တဲ့သူငယ်ချင်းတွေနဲ့ စကားများနေရတတ်သည်။ အရာရာအဆင်ပြေစေရန် မနက်မိုးလင်းတိုင်း ငှက်စာကျွေးပါ။



က္က