Thinzar Win

မိဿရာသီဖွား

---

ဘယ်အရာမဆို စိတ်အေးအေးဖြင့် စဉ်းစားတွေးတောကာ လုပ်ဆောင်ပါ။ စိတ်ကို အရှင်းဆုံးဖြစ်အောင် နေထိုင်နိုင်ခြင်းက သင့်အတွက် အကောင်းဆုံးအရာတွေကို ပေးနိုင်လိမ့်မည်။ အချစ်ရေးမှာ ချစ်သူရဲ့ ဖေးမမှုတွေ ရရှိလိမ့်မည်။ လုပ်ကိုင်သမျှအဆင်ပြေစေရန် နှင်းဆီပန်းကို ကိုယ်နဲ့မကွာဆောင်ထားပါ။

ပြိဿရာသီဖွား

----

လက်လျော့ထားသော ပြဿနာများ ၊ ငွေကြေးကိစ္စများ ပြန်အဆင်ပြေနိုင်သည်။ သင်မသိတဲ့ သူစိမ်းတစ်ဦးက သင့်ကို အကူအညီများစွာ ပေးလိမ့်မည်။ အချစ်ရေးမှာတော့ ဇဝေဇဝါတွေ ဖြစ်နေတတ်သည်။ လုပ်ကိုင်သမျှအဆင်ပြေစေရန် ဇီဇဝါပန်းကို သူများအားလက်ဆောင်ပေးပါ။


မေထုန်ရာသီဖွား

----

လောင်းသစား ကိစ္စများအတွက် အချိန်ကုန်နေလိမ့်မည်။ လောင်းကစားအတွက် ကုန်ရင်းသုံးရင်းနဲ့ပဲ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးရတတ်သည်။ ဒီလိုနေ့တွေမှာ ကိုယ့်စိတ်ကို အလိုမလိုက်ပါနဲ့။ ချစ်ရမယ့်သူရှိနေရင်လည်း သူ့ကိုအလိုမလိုက်ပါနဲ့။လုပ်ကိုင်သမျှအဆင်ပြေစေရန် အစိမ်းရောင်များတဲ့ အီကျီၤတွေကို ဝတ်ဆင်ပါ။

ကရကဋ်ရာသီဖွား

----

ကြိုးကြိုးစားစား နေထိုင်ခြင်းက သင့်ရဲ့ပုံစံဖြစ်နေတတ်ပါတယ်။ သင်လိုအပ်တာတွေကို အလွယ်နည်းလမ်းမဟုတ်ဘဲ တကယ့်ကိုကြိုးစားယူခြင်းဖြင့်သာ ရရှိနေပေလိမ့်မည်။ တက်က်ကြွကြွလည်းရှိနေလိမ့်မည်။ အချစ်ရေးမှာ အဆင်ပြေနေမည်။ လုပ်ကိုင်သမျှအဆင်ပြေစေရန် ဘုရားမှာ မုန့်အချိုကပ်လှူပါ။

သိဟ်ရာသီဖွား

----

ဝင်ငွေကောင်းမယ့် ကာလပါပဲ။ငွေရွှင်တာကြောင့် သင့်နားမှာ အပေါ်ယံလူတွေ ကပ်နေတတ်ပါတယ်။ ဒီလိုလူတွေအပေါ် သင်ဘယ်လိုဆက်ဆံမယ်ဆိုတာကတော့ သင့်ရဲ့ရွေးချယ်မှုပါပဲ။ ရွေးချယ်မှုတွေက နောင်အချိန်မှာ စကားပြောလာမယ်ဆိုတာတော့ မမေ့လိုက်ပါနဲ့။ လုပ်ကိုင်သမျှအဆင်ပြေစေရန် ခေါင်းစည်းကြိုး လက်ဆောင်ပေးပါ။

ကန်ရာသီဖွား

----------

တစ်ခုခုအတွက် တိုက်ခိုက်အနိုင်ယူနေရမည်။ စိတ်ဓာတ်မာကျောအောင် ပြင်ဆင်ပြီး အရာရာကို ရင်ဆိုင်လိုက်ပါ။ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေရမည်။ ချစ်ခင်ရသူတွေအတွက် စိတ်ပူပန်နေရတတ်သည်။ လုပ်ကိုင်သမျှအဆင်ပြေစေရန် အဝါရောင်ပါတဲ့ အီကျီၤတွေကို နေ့တိုင်းဝတ်ဆင်ပါ။

တူရာသီဖွား

----

မသေချာ မရေရာတဲ့လုပ်ငန်းများ လုပ်မိနေတတ်သည်။ တွေဝေစိတ်တွေများနေတတ်သည်။ အချစ်ရေးမှာတော့ မျှော်လင့်ထားသည်များ ဖြစ်လာနိုင်သည်။ ပျော်ရွှင်ရလိမ့်မည်။ လုပ်ကိုင်သမျှအဆင်ပြေစေရန် ကလေးတစ်ဦးကို အကျီ ၤလက်ဆောင်ပေးပါ။


ဗြိစ္ဆာရာသီဖွား

-----

ငွေကြေးကိစ္စများ ကံကောင်းနေမည်။ ငွေနဲ့ပတ်သက်၍ ရွေးချယ်မှုများ မှန်ကန်နေမည်။ ဒီလိုရက်တွေမှာ ထီထိုးထားပါ။ မိမိနဲ့သိကျွမ်းသူတစ်ဦးနဲ့ ထီးစပ်တူထိုးခြင်းကလည်း သင့်ကို ပိုမိုကံကောင်းစေနိုင်မှာပါ။ ချစ်သူနဲ့လည်း ထီထိုးလို့ရပါတယ်။ လုပ်ကိုင်သမျှအဆင်ပြေစေရန် သကြားလုံး ဝေပါ။


ဓနုရာသီဖွား

----

ကြံတိုင်းအောင် လုပ်သမျှကိစ္စတိုင်းမှာ အဆင်ပြေနေလိမ့်မည်။ စကားအရာအောင်မယ့် ကာလပါပဲ၊ မနာလိုသူတွေလည်း ရှိတတ်တာကြောင့် သတိနဲ့နေထိုင်ခြင်းက ပိုမိုအဆင်ပြေစေလိမ့်မည်။ အချစ်ရေးမှာ ရင်ထဲ ဟာတာတာဖြစ်နေတတ်သည်။ လုပ်ကိုင်သမျှအဆင်ပြေစေရန် ခရေပန်း ဘုရားမှာ လှူပါ။

မကာရ ရာသီဖွား

----

ဘာမဆို အကောင်းဆုံးရင်ဆိုင် နိုင်အောင် စိတ်ကိုမွေးမြူ ပြင်ဆင်ထားပါ။ ကိုယ်ပေးသလောက် ပြန်မရနိုင်တာတွေလည်းများနေတတ်သည်။ အချစ်ရေးလည်း ဒီလိုပါပဲ ပေးသလိုပြန်မရဖြစ်နေလိမ့်မည်။ လုပ်ကိုင်သမျှအဆင်ပြေစေရန် စနေထောင့်မှာ ရေသပ္ပာယ်ပါ။

ကုမ်ရာသီဖွား

------

လူမှုဆက်ဆံရေးမှာ အဆင်ပြေသည်မဟုတ် မပြေသည်လည်းမဟုတ် ဖြစ်နေတတ်သည်။ အထီးကျန်နေသည်ဟု ခံစားရသည်မှစကာ တွေဝေစိတ်တွေဝင်ရောက်ပြီး စိတ်ဓာတ်ကျနေရတတ်သည်။ အချစ်ရေးမှာ ဒုတိယလူပေါ်လာလိမ့်မည်။ လုပ်ကိုင်သမျှအဆင်ပြေစေရန် သူငယ်ချင်းနဲ့ ဘုရားသွားပါ။

မိန်ရာသီဖွား

----

အကောင်းမြင်စိတ်မွေးမြူပါ။ အပြုသဘောဆောင်တဲ့ အတွေးတွေက သင့်ထံ အခွင့်အရေးကောင်းတွေ သယ်ဆောင်လာနိုင်လိမ့်မည်။ ချစ်ရသူကြောင့် သင်ပျော်ရွှင်ရလိမ့်မည်။ လုပ်ကိုင်သမျှအဆင်ပြေစေရန် ဘုရားကို သောကြာသား၊သမီး တစ်ဦးနဲ့ အတူသွားပြီး ခိုစာကျွေးပါ။



Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က