ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့

မိဿရာသီဖွား

---

ပစ္စည်းအပျောက်အရှများနေတတ်သည်။ သို့သော်လည်း အရေးကြီးတဲ့ ပစ္စည်းတွေမဖြစ်နိုင်ပါ။ ငွေကြေးကိစ္စများမှာ ဝင်ငွေ၊ထွက်ငွေငြိမ်သက်နေမည်။ ဒီတစ်ပတ်အတွင်းမှာတော့ စိတ်ချမ်းသာစရာတွေများနေလိမ့်မည်။


ပြိဿရာသီဖွား

----

အခြားသူများကို ဝန်ဆောင်မှုပေးသော လုပ်ငန်းများနဲ့ အကျိုးပေးနေမည်။ ထိုကဲ့သို့သော လုပ်ငန်းများမှ အကျိုးအမြတ်များစွာ ရရှိမည်။ အချစ်ရေးမှာတော့ စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေ ကြုံတွေ့ရတတ်သည်။


မေထုန်ရာသီဖွား

----

ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ထားတဲ့ လုပ်ငန်းတွေမှ အကျိုးဖြစ်ထွန်းမှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရပေလိမ့်မည်။ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူများအနေနဲ့ နေရာပြောင်းရွှေ့ရတတ်သည်။ စိတ်ပူပန်စရာလေးတွေ ကြုံတွေ့ရတတ်သည်။


ကရကဋ်ရာသီဖွား

----

ဖြစ်ချင်တာနဲ့ဖြစ်သင့်တာတွေကြား တွေဝေနေရတတ်သည်။ မိမိစိတ်ကိုအလိုမလိုက်မိအောင် ကရုစိုက်ပါ။ စိတ်နောက်လိုက်၍ ပြဿနာတွေကြား စိတ်ညစ်နေရတတ်သည်။ လူမှုရေးကိစ္စတွေမှာလည်း ကိုယ်ကမရုှုပ်ပဲ သူများအရှုပ်တွေကြားထဲ ညှပ်နေတတ်သည်။


သိဟ်ရာသီဖွား

----

စိတ်ချမ်းသာစရာ သတင်းကောင်းကြားရလိမ့်မည်။ ဉာဏ်ကိုယှဉ်၍ လုပ်ကိုင်ရသော လုပ်ငန်းတွေနဲ့ အကျိုးပေးကောင်းနေမည်။ ဒီလိုလုပ်ငန်းတွေအတွက် အင်တာဗျူးဖြေထားသူတွေအဖို့ သတင်းကောင်းကြားရတတ်သည်။

ကန်ရာသီဖွား

----------

မိမိကြိုးစားမှုတွေ အရာမထင်ဖြစ်တတ်သည်။ မိမိပေးလိုက်သော အကူအညီတွေ အလကားဖြစ်တတ်သည်။

မမျှော်လင့်ထားတဲ့ ကိစ္စမျိုးတွေ ဖြစ်နေတတ်သည်။ သို့သော်လည်း စိတ်ပျက်အားငယ်မနေပါနဲ့ ရှေ့ဆက်လျှောက်လှမ်းပါ။ အရှေ့မှာ တောက်ပလာမယ့်နေ့ရက်တွေ စောင့်ကြိုနေပါတယ်။


တူရာသီဖွား

----

ငွေချေးခြင်း ၊ အာမခံခြင်း ကိစ္စတွေမှာ ပြဿနာတွေများနေတတ်သည်။ လူတွေကို မယုံပါနဲ့ သင့်အပေါ် ခေါင်းပုံဖြတ်၍ အမြတ်ထုတ်ဖို့ချောင်းနေသူတွေနဲ့ တွေ့ဆုံရတတ်သည်။ ငွေရေးကြေးရေးမဟုတ်သော်လည်း သင့်နာမည်ဂုဏ်သတင်း ထိခိုက်နိုင်သည်။ 


ဗြိစ္ဆာရာသီဖွား

-----

အထင်အမြင်လွဲခံရတတ်သည်။ မိမိမပြုလုပ်ပဲ မိမိအပေါ် အထင်လွဲတာတွေကို လိုက်ပြီဖြေရှင်းနေရမည်။ မိမိချစ်ခင်ရသူတွေမှ မိမိအပေါ် အထင်လွဲနေတတ်သည်။ ပြဿနာတွေကို ရှောင်မထွက်ပါနဲ့ ပြန်လည်ဖြေရှင်းပါ။


ဓနုရာသီဖွား

----

ဆွေမျိုးတွေထဲမှာ မင်္ဂလာသတင်းကြားရတတ်သည်။ အချစ်ရေးမှာတော့ အချေအတင်စကားများရန်ဖြစ်တာတွေ ကြုံနေရလိမ့်မည်။ ချစ်သူမရှိသေးသူများမှာတော့ အချစ်ရေးမှာ တဝဲလည်လည်ဖြစ်နေရတတ်သည်။ အိမ်ထောင်ရှိသူများအနေနဲ့ အိမ်ထောင်ဖက်နဲ့ စကားများနေရလိမ့်မည်။


မကာရ ရာသီဖွား

----

ခေါင်းအုံခြင်း ၊ နာမကျန်းဖြစ်ခြင်း ၊ ကိုယ်လက်မအီမသာဖြစ်ခြင်း တွေနဲ့ ဒီတပတ်ကို ဖြတ်သန်းနေရတတ်သည်။ ကျန်းမာရေး ကရုစိုက်ပါ။ ကိုယ့်ကိုကိုယ် စိတ်ပျော်ရွှင်ချမ်းသာအောင် နေထိုင်ပါ။ သူတစ်ပါးထက် ကိုယ့်ကိုကိုယ် အချိန်ပေးနိုင်အောင်နေပါ။


ကုမ်ရာသီဖွား

------

ကုမ်ရာသီဖွားတွေမှာ ဒီတစ်ပတ်အတွင်း အိမ်ထောင်ကျကိန်းရှိသည်။ မိမိ မနှစ်သက်သူတစ်ဦးဦးနဲ့ အမှတ်မထင်ဘဲ တွေ့ဆုံရတတ်သည်။ မိသားစုနဲ့ စကားများနေရတတ်သည်။ သူငယ်ချင်းတွေနဲ့ အဆင်မပြေဖြစ်နေတတ်သည်။






မိန်ရာသီဖွား


----

လိုတာထက်ပိုပြီး စိတ်ပူပန်နေရတတ်သည်။ မဖြစ်သေးတဲ့ ပြဿနာတွေအတွက် စဉ်းစားပြီးတွေးပူနေရတတ်သည်။ လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အစီအစဉ်တကျ လုပ်ဆောင်ပါ။ ဟိုကျော်ဒီကျော်လုပ်၍ ပြဿနာတွေ တပုံတပင်ကြီးနဲ့ ကြုံကြိုက်နေရလိမ့်မည်။

Share

Loading Next Article...
က္က