ဧပြီလ(၁၀)ရက်နေ့မှ ဧပြီလ(၁၆)ရက်နေ့

မိဿရာသီဖွား

---

စိတ်ခံစားချက်တွေ ပြင်းထန်နေတတ်သည်။ ငွေကြေးပိုင်းမှာ ကံကောင်းနေပြီး လက်ထဲတွင် ငွေရွှင်နေလိမ့်မည်။ အချစ်ရေးမှာတော့ နားလည်ပေးတတ်တဲ့ ချစ်သူကြောင့် ပျော်ရွှင်နေရမည်။ သူငယ်ချင်းမိတ်ဆွေတွေအပေါ် စေတနာထားကာ အကောင်းဆုံးကူညီပေးပါ။


ပြိဿရာသီဖွား

----

အနှောင့်အယှက်ပေးသူတွေနဲ့ ကြုံတွေ့ရတတ်သည်။ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်သူတွေနဲ့ ပိုကြုံတွေ့ရနိုင်သည်။ လျစ်လျူရှုသင့်တာတွေကို လျစ်လျူရှုနိုင်အောင် ကြိုးစားပါ။ အချစ်ရေးမှာတော့ တည်ငြိမ်နေလိမ့်မည်။


မေထုန်ရာသီဖွား

----

အထီးကျန်နေရတတ်သည်။ တစ်ယောက်တည်းဆိုတဲ့ ခံစားချက်ကြောင့် စိတ်ပင်ပန်းနေရတတ်သည်။ ငွေကြေးကိစ္စတွေမှာတော့ ဝင်ငွေထက် ထွက်ငွေက ပိုများနေလိမ့်မည်။ အချစ်ရေးမှာတော့ အချစ်စစ်ကိုရှာတွေ့လိမ့်မည်။



ကရကဋ်ရာသီဖွား

----

စိတ်ပျော်ရွှင်နေရလိမ့်မည်။ ချစ်ခင်သူတွေနဲ့ အချိန်တွေဖြုန်းပြီး ပျော်ရွှင်နေရမည်။ တစ်ကိုယ်တည်း သမားတွေအဖို့တော့ မိသားစုတွေ ၊ သူငယ်ချင်းတွေနဲ့ အချိန်ကုန်များနေပြီး စုံတွဲတွေမှာတော့ ချစ်သူနဲ့ အချိန်ကုန်များနေလိမ့်မည်။


သိဟ်ရာသီဖွား

----

လူလိမ်ခံရတတ်သည်။ ကိုယ့်ဘက်မှ သတိထားပြီးနေထိုင်သော်လည်း ငွေကြေးဖြစ်စေ (သို့) အခြားသော ကိစ္စတွေမှာ လူလိမ်လူကောက်များနဲ့ ကြုံတွေ့ရတတ်သည်။ ယတြာ အနေနဲ့ ကလေးငယ်တစ်ဦးကို ဦးထုပ်တစ်လုံးဝယ်ပေးလိုက်ပါ။



ကန်ရာသီဖွား


----------

ရင်းနှီးမြှုပ်နှံမှုတွေမှာ အဆင်ပြေနေမည်။ ရင်းနှီးမြှုပ်နှံမှု မဟုတ်သော်လည်း ငွေစိုက်ထုတ်၍လုပ်ကိုင်ထားသော လုပ်ငန်းတွေမှာ အောင်မြင်နေမည်။စဉ်းစားပြီးလုပ်သော လုပ်ငန်းတွေထက် ဖြစ်သင့်ဖြစ်ထိုက်တာကို အမြန်ဆုံးဖြတ်၍ ဆောင်ရွက်ရသော လုပ်ငန်းတွေမှာ ပိုပြီး အဆင်ပြေနေလိမ့်မည်။


တူရာသီဖွား

----

မိမိမမျှော်လင့်ထားသော ကိစ္စတွေဖြစ်လာနိုင်သည်။ မမျှော်လင့်ဘဲ ကံစမ်းမဲပေါက်ခြင်း ၊ မမျှော်မှန်းထားတဲ့နေရာမှ ငွေများအလုံးအရင်းနဲ့ဝင်လာခြင်း ၊ မမျှော်လင့်ဘဲ အိမ်ထောင်ကျခြင်း ၊ ရည်းစားရခြင်း တွေဖြစ်တတ်သည်။


ဗြိစ္ဆာရာသီဖွား

-----

မင်္ဂလာရှိတဲ့ သတင်းကောင်းတွေ ကြားရမယ်။ သတင်းကောင်းတွေက ကိုယ်တိုင်အတွက်လည်း ဖြစ်လာနိုင်သည်။ အခက်အခဲတွေရှိလာရင်လည်း ကောင်းမွန်စွာ ဖြတ်ကျော်နိုင်လိမ့်မည်။ သင်္ကြန်တွင်းမှာ ပျော်ရွှင်စရာနေ့ရက်လေးတွေ ပိုင်ဆိုင်ရလိမ့်မည်။


ဓနုရာသီဖွား

----

စိတ်ပူပန်စရာတွေ ကြုံတွေ့ရတတ်သည်။ ကိုယ်ထင်နေသော အရာများက လက်တွေ့မှာဖြစ်လာနိုင်သည်။ ဖြစ်လာသမျှကို အကောင်းဆုံးကျော်ဖြတ်နိုင်အောင် စိတ်ကို ပြင်ဆင်ထားပါ။ ယတြာအနေနဲ့ ဘုရားမှာ မုန့်လုံးရေပေါ် ကပ်လှူပူဇော်ပါ။


မကာရ ရာသီဖွား

----

စိတ်ချမ်းသာစရာတွေ ရောက်ရှိလာလိမ့်မည်။ အရင်အပတ်က ဖြစ်ပေါ်ခဲ့တဲ့ စိတ်ညစ်စရာတွေက ဘာလဲဆိုတာတောင် မသိနိုင်လောက်အောင် ပျော်ရွှင်နေရလိမ့်မည်။ အချစ်ရေးမှာတော့ ပုံမှန်အတိုင်းပဲ ဖြစ်နေလိမ့်မည်။


ကုမ်ရာသီဖွား

------

ခက်ခဲသော အခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်သည်။ အလည်အပတ်သွားရောက်ခြင်း ၊ အပြင်သွားခြင်း တွေမှာ အထူးဂရုစိုက်ပါ။ မတော်တဆဖြစ်တတ်သည်။ သို့သော်လည်း အရမ်းမပြင်းထန်နိုင်ပါ။ သင်္ကြန်တွင်းမှာ သွားရေးလာရေး အထူးဂရုစိုက်ပါ။


မိန်ရာသီဖွား

----

အခက်အခဲတွေကို စိတ်ရှည်ရှည်နဲ့ ကျော်ဖြတ်ရလိမ့်မည်။ လူတစ်ယောက်ပြောင်းလဲသွားတယ် ထင်ရအောင် စိတ်ကို ပြောင်းလဲရလိမ့်မည်။ စုံတွဲတွေ အဖို့တော့ မိသားစုနဲ့ ချစ်သူကြားမှာ စိတ်ဆင်းရဲနေရတတ်သည်။ ယတြာအနေနဲ့ ချိုတဲ့ မုန့်တစ်မျိုးမျိုးကို သူငယ်ချင်းတစ်ဦးကို ဝယ်ကျွေးလိုက်ပါ။

Share

Loading Next Article...
က္က