Thinzar Win

မိဿရာသီဖွား

---

စိတ်ပျက်အားငယ်စရာတွေ ကျော်လွန်ပြီး ခိုင်မာတဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်လိမ့်မည်။ ချစ်သူရှိသူများအတွက်တော့ မိမိချစ်သူနဲ့ နားလည်မှုတွေ တည်ဆောက်ပြီး စိတ်ချမ်းသာနေရလိမ့်မည်။ ငွေရေးကြေးရေ ကိစ္စတွေမှာလည်း အဆင်ပြေနေလိမ့်မည်။

ပြိဿရာသီဖွား

----

အဆင်မပြေဖြစ်နေတဲ့ ကိစ္စများကို ကောင်းမွန်စွာဖြေရှင်းဆောင်ရွက်နိုင်လိမ့်မည်။ ကျန်းမာရေးအတွက် ပူပန်ရသူတွေအဖို့တော့ အမြန်ဆုံးပြန်လည်ကောင်းမွန်လာလိမ့်မည်။ နိုင်ငံရပ်ခြားသို့ လုပ်ငန်းအရ ခရီးထွက်ရကိန်း ကြုံမည်။ အချစ်ရေးမှာတော့ အရင်ထက်တော့ ကောင်းမွန်လာလိမ့်မည်။


မေထုန်ရာသီဖွား

----

လမ်းပျောက်နေသကဲ့သို့ ခံစားနေရသူတွေ မိမိနဲ့ အသင့်တော်ဆုံးသော အနာဂတ်ခရီးလမ်းကို ချစ်ခင်ရသူတစ်ဦးဦးရဲ့ အကူအညီနဲ့ ရှာတွေ့နိုင်လိမ့်မည်။ သင့်အတွက် သေချာရေရာတဲ့ အနာဂတ်ကို သင်ကိုယ်တိုင် မြင်တွေ့နိုင်လိမ့်မည်။ ငွေကြေးကိစ္စမှာတော့ မမျှော်လင့်ထားတဲ့ နေရာမှ ဝင်ငွေများစွာရရှိ နိုင်သည်။

ကရကဋ်ရာသီဖွား

----

အာမခံခြင်း ကိစ္စတွေကို ရှောင်ရှားပါ။ ထိုသို့ရှောင်ရှားခြင်းမှ အခြားတစ်ဖက်တွင် သင့်အတွက် ငွေကြေးကိစ္စတွေ ၊ သင်မျှော်လင့်ထားတဲ့ လုပ်ငန်းတစ်ခုခုမှ သတင်းကောင်းကြားရတတ်သည်။ မိသားစုနဲ့ ပျော်ရွှင်စရာတွေ များစွာ ဖန်တီးနိုင်လိမ့်မည်။


သိဟ်ရာသီဖွား

----

ဇွဲကိုအရင်းခံပြီး အောင်မြင်မှုတွေ ရရှိနိုင်လိမ့်မည်။ သင်ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှုတွေ ရရှိနိုင်အောင် သင့်ကံက ပံ့ပိုးပေးလိမ့်မည်။ လူတွေအပေါ် ယုံကြည်မှုတွေ မလွန်ကဲပါစေနဲ့ ။ ကိုယ်လုပ်ရမယ့် အလုပ်တွေကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ပါ။ အောင်မြင်မှုဆိုတာ သင့်အတွက်တော့ လက်တကမ်းအကွာမှာပါ။


ကန်ရာသီဖွား

----------

လုပ်ငန်းနဲ့ မိသားစုတွေကြားက စိတ်ညစ်စရာတွေကို စိတ်ကိုတင်းပြီး ကျော်ဖြတ်ပါ။ အချိန်တန်ရင်တော့ သင့်အတွက် အာရုံဦး နေထွက်ချိန်လေးကို မြင်ခွင့်ရမှာပါ။ အချစ်ရေးမှာတော့ နားလည်ပေးတတ်တဲ့ ချစ်သူမျိုးကို ရှာတွေ့နိုင်လိမ့်မည်။

တူရာသီဖွား

----

အပြောင်းအလဲကြီးနဲ့ ကြုံတွေ့ရလိမ့်မည်။ အရင်က မိမိပြုလုပ်ခဲ့တဲ့ ကောင်းမှု၊မကောင်းမှု နှစ်ခုစလုံးနဲ့ သက်ဆိုင်တဲ့ ပြောင်းလဲမှုမျိုး ဖြစ်လာလိမ့်မည်။ ထိုပြောင်းလဲမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ မိမိလိုချင်သော ပန်းတိုင်သို့ ရောက်ရှိလိမ့်မည်။


ဗြိစ္ဆာရာသီဖွား

-----

ကောင်းတာတွေးရင် ကောင်းတာတွေဖြစ်လာပြီး မကောင်းတာတွေတွေးရင် အတွေးနောက်ကိုလိုက်ပြီး ဖြစ်ပျက်တတ်သည်ကို ဂရုပြုပါ။ တစ်ခုခု လုပ်ကိုင် ဆောင်ရွက်ခါနီးတွင် ကောင်းသာအရာများ ဖြစ်လာစေရန် ကောင်းမွန်မှန်ကန်တဲ့ အတွေးတွေကိုသာ တွေးပြီး လုပ်ကိုင်ဆောင်ရွက်ပါ။

ဓနုရာသီဖွား

----

စိတ်နှစ်ခုဖြစ်ပြီး စိတ်မတင်မကျဖြစ်ကာ မမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာနိုင်သည်ကို ဂရုပြုပါ။ ဆုံးဖြတ်ချက်တွေကို မိမိကိုယ်ကိုု ယုံကြည်မှုရှိစွာ ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ။ ထိုသို့ ဆုံးဖြတ်ခြင်းက သင့်အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေလိမ့်မည်။

မကာရ ရာသီဖွား

----

အချစ်ရေး အချစ်ရာမှာ ကံအလွန်ကောင်းနေမည်။ ငယ်ရည်စားနဲ့ ပြန်အဆင်ပြေခြင်း ၊ ချစ်သူဟောင်းနဲ့ ပြန်ဆုံခြင်း စတဲ့ ကိုယ်လက်လျော့လိုက်ရပြီးမှ ပြန်ရတတ်တဲ့ သဘောဆောင်နေသည်.။ ထိုအချိန်ခါမျိုးမှာ မိမိချစ်ရသူနဲ့ ထီထိုးခြင်းစတဲ့ ကံစမ်းသောလုပ်ငန်းများကို ဆောင်ရွက်ကြည့်ပါ။

ကုမ်ရာသီဖွား

------

ငွေရေးကြေးရေးမှာ ကံလိုက်နေတတ်သည်။ ရင်းနှီးပြီး လုပ်ကိုင်ထားသော လုပ်ငန်းများမှ အကျိုးအမြတ်များစွာ ရရှိနိုင်သည်။ လခစားဝန်ထမ်းတွေ အတွက်ကတော့ ဘောက်ဆူးရခြင်း ၊ လခတိုးခြင်း စတဲ့ကိစ္စမျိုးတွေ ရှိလာနိုင်သည်။

မိန်ရာသီဖွား

----

ပျော်ရွှင်စရာတွေ ဆက်တိုက်ဖြစ်လာလိမ့်မည်။ ကိုယ်ကိုတိုင်တောင် မယုံကြည်နိုင်လောက်အောင် ပျော်ရွှင်နေရတတ်သည်။ ဘုရား၊တရားကို မမေ့ဘဲ ပွားများအားထုတ်ပါ။ သင့်အတွက် စိတ်ချမ်းမြေ့စရာ အချိန်အခါလေးတွေ တည်မြဲနိုင်လိမ့်မည်။



Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က