ဧပြီလ(၂၄)ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့

မိဿရာသီဖွား

---

စိတ်ထဲတွင် ဖြစ်ချင်နေသော အရာများ အမှန်တကယ်ဖြစ်လာနိုင်သည်။ ကိုယ်ရည်မှန်းထားတဲ့ ကိစ္စလေးတွေအပေါ် အာရုံစူးစိုက်ပြီး လုပ်ကိုင်ပါ။ အောင်မြင်မှုတွေ အမှန်တကယ် ရရှိနိုင်လိမ့်မည်။ အရေးကြီးသော လုပ်ငန်းများဆောင်ရွက်ခန်နီးတွင် မုန့်လုံးရေပေါ် ဝေပါ။


ပြိဿရာသီဖွား

----

စိတ်မတင်မကျ ဖြစ်စရာတွေ ကြုံရတတ်သည်။ မိမိအတွက် ကောင်းမွန်သော အရာတွေ စုံပြီးဝင်လာကာ ရွေးချယ်မှုတွေ ပြုလုပ်ရတတ်သည်။ အချစ်ရေးတွင် ချစ်သူရဲ့ အထင်လွဲမှားမှုကို ခံရတတ်သည်။ မိမိဘက်မှ အချိန်ယူပြီး ဖြေရှင်းရတာတွေဖြစ်လာတတ်သည်။


မေထုန်ရာသီဖွား

----

လျှပ်စစ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ပြသနာတွေများနေရတတ်သည်။ မီးအသုံးပြုမှုသတိထားပါ။  မိမိပတ်ဝန်းကျင်မှာလည်း လျှပ်စစ်တဲ့ပတ်သက်တဲ့ အန္တရာယ်ကြုံတွေ့ရတတ်သည်။ ငွေရေးကြေးရေးမှာတော့ ထွက်ငွေက ပိုများနေတတ်သည်။


ကရကဋ်ရာသီဖွား

----

အဘက်ဘက်မှ အဆင်ပြေတာတွေနဲ့ ကြုံတွေ့နေလိမ့်မည်။ အရင်က အဆင်မပြေတာတွေကို မမှတ်မိလောက်အောင် အဆင်ပြေနေမည်။ သို့သော် မိမိရှိမှ အဆင်ပြေတာတွေ ကြာရှည်တည်တံ့စေဖို့ စိတ်ကောင်းစေတနာကောင်းဖြင့် မိတ်ဆွေတွေအပေါ် ကူညီပါ။


သိဟ်ရာသီဖွား

----

ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူတွေအတွက် အထူးကံလိုက်နေမယ့် အချိန်ဖြစ်သည်။ ရင်းနှီးစရာတွေ ၊ ကံစမ်းပြီး လုပ်ရမယ့် လုပ်ငန်းတွေမှာ စွန့်စားလိုက်ပါ အကျိုးအမြတ်များစွာရရှိလိမ့်မည်။ မိသားစု တွေနဲ့ အတိုက်အခံလုပ်ပြီး စွန့်စားမှုတွေကိုတော့ လုပ်ကိုင်ရလိမ့်မည်။


ကန်ရာသီဖွား

----------

ပညာရေးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေနဲ့ ကံစပ်နေလိမ့်မည်။ ပညာရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေ ပျော်ရွှင်ရမယ့် ကာလပဲဖြစ်တယ်။ အချစ်ရေးမှာတော့ မျှော်လင့်ချက်တွေ ခေတ္တပျောက်ဆုံးရတတ်သည်။ သို့သော် တာရှည်မည်တော့ မဟုတ်ပါ။


တူရာသီဖွား

----

အတိုက်အခိုက်တွေ များနေလိမ့်မည်။ မိမိဘက်မှ ဘာမှမလုပ်ဘဲ အမြင်ကတ်ခံရတတ်သည်။ နောက်ကျောဓားနဲ့ထိုးသကဲ့သို့ ခံစားရတတ်သည်။ သို့သော် ကူညီပေးမယ့်သူလည်း အဆင်သင့်ရှိနေလိမ့်မည်။


ဗြိစ္ဆာရာသီဖွား

-----

နာမည်ဂုဏ်သတင်းကျော်ဇောလိမ့်မည်။ နည်းပညာနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ အကျိုးပေးနေမည်။ ကျန်းမာရေးတွင်တော့ အညံ့ရှိသည်။ ဘုရားမှာ နံနက်တိုင်း ဆွမ်း ၊ ဆီမီး ၊ ရေချမ်း ကပ်လှူပူဇော်ပါ။ အိမ်နားမှ ခွေးလေးတွေကို အဆာကျွေးပါ။


ဓနုရာသီဖွား

----

စကားမှားတတ်သည်။ မိမိပြောလိုက်သော စကားတစ်ခုကြောင့် မိမိအတွက် အဆင်မပြေတာတွေ ဆက်တိုင်ကြုံရတတ်သည်။ စကားကို အထူးသတိထားပြောဆိုပါ။ စတဲ့နောက်တဲ့ စကားတွေကိုလည်း ချင့်ချိန်ပြီးမှ ပြောဆိုပါ။


မကာရ ရာသီဖွား

----

မထင်မှတ်ပဲ အိမ်ထောင်ကျကိန်းရှိသည်။ မထင်မှတ်ပဲ လုပ်ငန်းထဲတွင် ရာထူးတိုးကိန်းရှိသည်။ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ အနေနဲ့ မထင်မှတ်ပဲ လုပ်ငန်းတိုးချဲ့နိုင်ခွင့်တွေ ရရှိလိမ့်မည်။ အိမ်အနီးမှ သက်ကြီးရွယ်အိုတစ်ဦးအား မျက်နှာသုတ်ပဝါ လက်ဆောင်ပေးပါ။


ကုမ်ရာသီဖွား

------

အပြစ်တင်ပြောစကား ဆိုသူနဲ့ ကြုံတွေ့ရတတ်သည်။ သို့သော် မိမိဘက်မှ မေတ္တာမပျက်ဘဲ နေထိုင်ပါ။ မိမိကိုလက်ခံနိုင်သူတွေ များလာလိမ့်မည်။ ချစ်ခင်သူတွေ တိုးပွားလာလိမ့်မည်။ ချစ်သူထံမှ အချစ်တွေတိုးပြီး ပျော်ရွှင်နေရလိမ့်မည်။


မိန်ရာသီဖွား

----

အဆာမှားတတ်သည်။ ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေ ခံစားနေရတတ်သည်။ အရင်က ဖြစ်ခဲ့ဖူးတဲ့ ဝေဒနာမျိုးခံစားရတတ်သည်။ အစားကို ချင့်ချိန်စားပါ။ သူများကျွေးတိုင်း မစားပါနဲ့။ အချစ်ရေးမှာတော့ ချစ်သူရဲ့ပြုစုယုယမှုတွေ ရရှိလိမ့်မည်။




Share

Loading Next Article...
က္က