မတ်လ(၂၇)ရက်နေ့မှ ဧပြီလ(၂)ရက်နေ့

မိဿရာသီဖွား

---

မေတ္တာတရားပွားများရမယ့် အချိန်ဖြစ်သည်။ ကိုယ့်အပေါ် မကောင်းကြံသူများအား  မေတ္တာတရားဖြင့်သာ ပြောဆိုဆက်ဆံပါ။ သူပြုသည့်အမှု သူ့ထံသာ ပြန်ရောက်လိမ့်မည်။ ကိုယ့်ဘက်က မေတ္တာမပျက်ပါနဲ့။

ပြိဿရာသီဖွား

----

အလုပ်ကိစ္စတွေနဲ့ အတွေးတွေများနေတတ်သည်။ အရင်က မပြီးပြတ်သေးသော အလုပ်တွေထဲ ပိတ်မိနေတတ်သည်။ အာရုံစူးစိုက်မှု မရှိခြင်းက သင့်အပေါ် ပြဿနာများစေနိုင်သည်။ တစ်ခုဆိုတစ်ခု အာရုံစူးစိုက်ပြီး လုပ်ဆောင်ပါ။

မေထုန်ရာသီဖွား

----

မိတ်ဆွေသူငယ်ချင်းတွေနဲ့ စိတ်ဆိုးစိတ်ကောက်ဖြစ်နေတတ်သည်။ အထင်လွဲစရာတွေ ကြုံရတတ်သည်။ အချစ်ရေးမှာတော့ အချစ်သစ်တွေ့တတ်သည်။ ဝမ်းသာစရာသတင်းကောင်း ကြားရမည်။


ကရကဋ်ရာသီဖွား

----

အသစ်အသစ်သောအရာတွေနဲ့ တွေ့ကြုံနေရမည်။ အသစ်အဆန်းတွေနဲ့ အသားကျအောင် ကြိုးစားနေထိုင်ပါ။ ဒါတွေက သင့်ဘ၀ တိုးတက်ပြောင်းလဲနိုင်ဖို့ အထောက်အကူ များစွာပေးနိုင်လိမ့်မည်။

သိဟ်ရာသီဖွား

----

မိသားစုအရေးမှာ စိတ်ညစ်နေရတတ်သည်။ မိမိချစ်ခင်သူတွေအပေါ် အနိုင်မယူပါနဲ့ ၊ မကြာမီမှာ ပြန်အဆင်ပြေသွားနိုင်ပါသည်။ ငွေရေးကြေးရေးကိစ္စတွေမှာတော့ အဆင်ပြေတာတွေ များနေလိမ့်မည်။

ကန်ရာသီဖွား

----------

အလုပ်ဌာနပြောင်းလဲခြင်း ၊ နေရာရွေ့ပြောင်းခြင်း စတဲ့ အပြောင်းအရွေ့တွေ သင့်ဆီရောက်ရှိလာလိမ့်မည်။ ကောင်းသော ပြောင်းလဲခြင်းဖြစ်စေရန် သင့်ဘက်မှ သေချာစဉ်းစားပြီး ဆုံးဖြတ်ချက် ချပါ။ မိတ်ဆွေတွေနဲ့လည်း တိုင်ပင်ဆုံးဖြတ်ပါ။

တူရာသီဖွား

----

စိတ်မတည်မငြိမ်ဖြစ်နေတတ်သည်။ စိတ်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တတ်သည်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်တတ်သည်။ စိတ်ကိုလွှတ်မထားဘဲ နေထိုင်ပါ။ ဖြစ်ချင်တာဖြစ်ဆိုတဲ့ စိတ်ကိုလုံး၀ မမွေးမြူပါနဲ့။

ဗြိစ္ဆာရာသီဖွား

-----

အချစ်ရေးမှာ ပျော်ရွှင်နေရမည်။ ဝေးကွားနေသော ချစ်သူတွေ ပြန်လည်ဆုံစည်းနိုင်မယ့် နေ့ရက်တွေ ရောက်ရှိလာတော့မည်။ အမှတ်မထင်ဘဲ ရည်စားရတတ်သည်။ ချစ်ခွင့်ပန်ထားသောသူများ စောင့်ဆိုင်းနေသော အဖြေရရှိလိမ့်မည်။

ဓနုရာသီဖွား

----

ငွေဝင် ငွေရွှင်နေမည်။ မထင်မှတ်ထားသော နေရာမှ ငွေကြေးများရရှိတတ်သည်။ ထီဆုကြီးပေါက်သကဲ့သို့ ပျော်ရွှင်နေရမယ့် အချိန်ကာလကောင်းလေးဖြစ်ပါတယ်။

မကာရ ရာသီဖွား

----

ဆရာသမားကောင်းတွေနဲ့ ဆုံတွေ့ရမည်။ မိမိကြိုးစားခဲ့သော အရာများအတွက် အကျိုးကျေးဇူးခံစားရမည်။ ဆရာသမားကောင်းတွေရဲ့ လမ်းညွှန်မှုအောက်မှာ အောင်မြင်မှုများ ရရှိခံစားရပေမည်။


ကုမ်ရာသီဖွား

------

မမျှော်လင့်ဘဲ ခရီးထွက်ရကိန်းရှိသည်။ မမျှော်လင့်ထားတဲ့ အရာတွေမှ ရရှိတဲ့ အပျော်တွေမှ သင့်ဘဝမှာ အပျော်ရွှင်ရဆုံး အချိန်ကာလလေးတွေ ပိုင်ဆိုင်ရရှိမည်။ စိတ်ကို လွတ်လပ်ပေါ့ပါးစွာ နေထိုင်ပါ။


မိန်ရာသီဖွား

----

ဘဝရဲ့ အတက်အကျ အနိမ့်အမြင့်တွေကို ကောင်းကောင်းကြီး ကြုံတွေ့ရပေလိမ့်မည်။ သို့သော်လည်း မိမိလုပ်ဆောင်ရမယ့် ကိစ္စရပ်တွေအပေါ် မေတ္တာ၊စေတနာ မပြတ်ဘဲ လုပ်ဆောင်ပါ။ ဒီလိုခါးသီးတဲ့ အချိန်တွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်လိမ့်မည်။ 

Share

Loading Next Article...
က္က