မတ်လ(၅)ရက်နေ့မှ မှ မတ်လ(၁၁)ရက်နေ့

မိဿရာသီဖွား

---

အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာမယ့် ကာလလေးပဲဖြစ်ပါတယ်။ မိမိလျှောက်ထားသော (သို့) မိမိအင်တာဗျူးဖြေဆိုထားသော နေရာများမှ သတင်းကောင်းကြားရတတ်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများအနေနဲ့ လုပ်ငန်းချဲ့ထွင်နိုင်မယ့် အခွင့်အရေးတွေ ပေါ်ပေါက်လာနိုင်သည်။

ပြိဿရာသီဖွား

----

ငွေကြေး အကုန်အကျများနေတတ်သည်။ မိမိမသုံးလိုက်ရဘဲ အခြားသူတွေအတွက် ငွေကုန်ကြေးကျ ပိုများနေတတ်သည်။ စုဆောင်းထားသော ငွေကြေးများ ထုတ်ယူသုံးစွဲရသည်အထိ ဖြစ်တတ်လို့ သေချာစီစစ်ပြီး သုံးစွဲပါ။



မေထုန်ရာသီဖွား

----

အခက်အခဲတွေကြားထဲ ကြိုးစားရှင်သန်နေရမည်။ မိမိလိုချင်သော ရလဒ်ကောင်းများရရှိဖို့ အပူတပြင်း ကြိုးစားလုပ်ဆောင်နေရတတ်သည်။ သို့သော်လည်း မိမိအားစိုက်ထုတ်ထားသော ဝီရိယ ကြောင့် အကျိုးကျေးဇူးကောင်းများ ရရှိနိုင်သည်။


ကရကဋ်ရာသီဖွား

----

စိတ်ထိခိုက်စရာတွေ ကြုံတွေ့ရတတ်သည်။ မိမိမထင်မှတ်ထားတဲ့ နေရာမှ စိတ်ထိခိုက်စရာတွေ ရရှိနိုင်သည်။ ဒီကာလကို အကောင်းဆုံးဖြတ်ကျော်နိုင်ရန် စိတ်ကိုတည်ငြိမ်အေးဆေးစွာထား၍ ဘုရား၊တရား ကိုမပြတ်ရှုမှတ်နေထိုင်ပါ။


သိဟ်ရာသီဖွား

----

ချစ်သူစုံတွဲတွေအတွက် ပျော်ရွှင်စရာတွေနဲ့အပြည့်ရှိနေမယ့် အချိန်ကာလလေးပါပဲ။ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့ ချစ်သူလေးကြောင့် စိတ်ချမ်းမြေ့နေရမည်။ ဖွင့်ပြောထားသူတွေအတွက်ကတော့ အချိန်အနည်းငယ် စောင့်ဆိုင်းနေရဦးမည်။


ကန်ရာသီဖွား

----------

ရန်များနေမည့် အချိန်ကာလလေးပဲဖြစ်ပါတယ်။ မိမိပြောလိုက်သောစကားတစ်ခွန်း၊ မိမိပြုမူလိုက်သော အပြုအမူတစ်ခုကြောင့် အမုန်းခံရတတ်၊ စကားများရတတ်သည်။ ထို့ကြောင့် ဒီတစ်ပတ်အတွင်းမှာ စကားအပြောဆို ၊ အသွားအလာ၊အနေအထိုင် ဂရုပြုဆင်ခြင်ပါ။

တူရာသီဖွား

----

ကံကောင်းနေမည့် အချိန်ကာလလေးပါပဲ။ လုပ်ဆောင်သမျှ ကိစ္စတိုင်းမှာ အဆင်ပြေချောမွေ့နေတတ်သည်။ သို့သော်လည်း မိမိအပေါ် မကောင်းကြံသူများနဲ့ ဆုံတွေ့ရနိုင်သည်။ 


ဗြိစ္ဆာရာသီဖွား

-----

ဟိုဟာလုပ်ရမလို ၊ ဒီဟာ လုပ်ရမလိုဖြစ်နေတတ်သည်။ ရွေးချယ်စရာ တွေများနေပြီး ရွေးချယ်မှုမှားယွင်းတတ်သည်။ ဒါကြောင့် တစ်ခုခုဆုံးဖြတ်ခါနီးတွင် သေသေချာချာစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချပါ။

ဓနုရာသီဖွား

----

အကောင်းအဆိုးဒွန်တွဲနေတတ်သည်။ တချို့နေရာများတွင် ပျော်ရွှင်နေရပြီး အခြားနေရာတွင် စိတ်ပင်ပန်းစရာများ ကြုံတွေ့နေရတတ်သည်။ သို့သော်လည်း ငွေကြေးကိစ္စများအတွက်မှာတော့ အဆင်ပြေတာတွေပဲ ကြုံတွေ့နေရပါမည်။

မကာရ ရာသီဖွား

----

ကျန်းမာရေး ချူချာနေတတ်သည်။ အရင်ကဖြစ်ခဲ့ဖူးတဲ့ ဝေဒနာတွေပြန်ဖြစ်လာနိုင်သည်။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျ များနေရတတ်သည်။

ကုမ်ရာသီဖွား

------

မိသားစုနဲ့ စိတ်အခန့်မသင့်စရာ ကိစ္စတွေဖြစ်နိုင်သည်။ ဝမ်းနည်းစရာတွေ ကြုံတွေ့ရတတ်သည်။ ကိုယ့်ဘက်မှ အနိုင်ယူချင်စိတ်ကြောင့် စိတ်ပင်ပန်းနေရတတ်သည်။ မိသားစုအပေါ် နားလည်မှုအပြည့်အဝပေးပြီး ပြောဆိုဆက်ဆံပါ။

မိန်ရာသီဖွား

----

တက်တက်ကြွကြွနဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုးတွေနဲ့ အကျိုးပေးမည်။ ကုန်သည် ၊ အိမ်ပွဲစား ၊ ခြံပွဲစား လုပ်ငန်းတွေနဲ့ အကျိုးပေးနေမည်။ ထိုလုပ်ငန်းမျိုးတွေမှာ အလုပ်အရမ်းများနေတတ်သည်။ ထိုလုပ်ငန်းတွေမှ အကျိုးအမြတ်များစွာရရှိမည်။

Share

Loading Next Article...
က္က