မတ်လ(၁၃)ရက်နေ့မှ မှ မတ်လ(၁၉)ရက်နေ့

မိဿရာသီဖွား

---

ငွေကြေးကိစ္စများတွင် ကံအလွန်ကောင်းနေတတ်သည်။ အလောင်းအစားကိစ္စများတွင်တောင် ကံအကျိုးပေးကောင်းနေမည်။ သို့သော်လည်း အလွန်အကျွံမလုပ်ပါနှင့် သင့်အတွက် အန္တရာယ်အလွန်များနေနိုင်သည်။

ပြိဿရာသီဖွား

----

မကောင်းတဲ့ အတွေးတွေကြောင့် သင့်စိတ်ကိုအမှောင်ထဲ ဆွဲချသလိုဖြစ်နေတတ်သည်။ ဒီလိုအတွေးတွေကြောင့် သင့်ရဲ့လုပ်ပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ သူများလက်ထဲရောက်တဲ့အထိ ဖြစ်စေနိုင်တာမို့ သတိထားပါ။

မေထုန်ရာသီဖွား

----

ဆုံးရှုံးဖူးသော ငွေကြေးများပြန်လည်ရရှိနိုင်သည်။ ပြန်မရနိုင်တော့ဘူး ထင်မှတ်ထားတဲ့ အကြွေးတွေပင် ပြန်လည်ရရှိနိုင်သည်။ သို့သော်လည်း ကိုယ်မှပြန်လည်ပေးကမ်းစွန့်ကြဲခြင်းကို မမေ့လျော့ နေပါနဲ့။

ကရကဋ်ရာသီဖွား

----

စွန့််စားစရာများ ကြုံလာမည်။ အနီးနားမှ သင်တန်ဖိုးထားရသူတွေကို ဆုံးရှုံးရသကဲ့သို့ စိတ်ပင်ပန်းမှုတွေဖြစ်လာနိုင်သည်။ သို့သော်လည်း သင့်ဘက်က မေတ္တာတရားတွေသာ မပျက်ကွက်ပါနဲ့ အားလုံးပြန်လည်အဆင်ပြေသွားနိုင်သည်။

သိဟ်ရာသီဖွား

----


မိမိသော်လည်းကောင်း မိသားစုများသော်လည်းကောင်း ကျန်းမာရေချူချာနေတတ်သည်။ မိမိရဲ့ကြိုးစားမှုကြောင့်ရတဲ့ အကျိုးရလဒ်တွေအပေါ်အထင်လွဲခံနေရတတ်သည်။ သို့သော်လည်း အချစ်ရေးတွင် ပျော်ရွှင်နေရမည်။

ကန်ရာသီဖွား

----------

အမြင်နဲ့ချမှတ်မယ့် ဆုံးဖြတ်ချက်တွေအပေါ်သတိထားပါ။ ဆုံးဖြတ်ချက်တွေမှားတတ်သည်။ တစ်ခုခုကိုသင်ယူဖို့ စိတ်ထဲမှာအမြဲအဆင်သင့်ပြင်ထားပါ။ သင်ယူခြင်းမှ သင့်အနာဂတ်ကို အမြင့်ဆုံးထိရောက်အောင် ပံ့ပိုးပေနိုင်လိမ့်မည်။ အချစ်ရေးမှာတော့ စောင့်ဆိုင်းခြင်းက သင့်အတွက် အသင့်တော်ဆုံးပါပဲ။

တူရာသီဖွား

----

စိတ်ရှုပ်စရာများကို ဖြတ်ကျော်နိုင်လိမ့်မည်။ အယုံလွယ်တတ်သောစိတ်ကို ထိန်းနိုင်မှ စိတ်ညစ်စရာများကင်းဝေနိုင်မည်။ သူငယ်ချင်းများနဲ့အချိန်ပေးကာ ပျော်ရွှင်စရာတွေဖန်တီးလိုက်ပါ။

ဗြိစ္ဆာရာသီဖွား

-----

ခန္ဓာကိုယ်မှာ ထိခိုက်နာကျင်မှုတွေဖြစ်နိုင်သည်။ ကုန်းလမ်းခရီးသွားသူများအတွက် အထူးသတိထားသွားလာပါ။ အစုအဖွဲ့နဲ့လုပ်ကိုင်ရတဲ့ ကုမ္ပဏီတွေမှာ လုပ်ကိုင်နေသူများအဖို့တော့ နေရာကောင်းတွေရရှိဖို့ အခွင့်အရေးတွေ ရောက်ရှိလာနိုင်ပါတယ်။

ဓနုရာသီဖွား

----

ကြီးမားသော အပြောင်းအလဲများဖြစ်လာနိုင်သည်။ဘယ်လို အပြောင်းအလဲမဆို အကောင်းမြင်စိတ်ဖြင့်သာ ကြည့်နိုင်မှ သင့်ဘဝမှာအပြုံးတွေဖြင့်သာ ဖြတ်သန်းနိုင်လိမ့်မည်။ သန်းခေါင်ကုန်ရင် အာရုံတက်ချိန်ရောက်လာမှာပါ။

မကာရ ရာသီဖွား

----

ရိုးရှင်းခြင်းက သင့်ရဲ့အလှတရားပါပဲ။ ဘယ်အရာကိုမှ အများကြီးမမျှော်လင့်သလို ဘယ်အရာကိုမှလည်း မကောင်းတဲ့ဘက်မှ မချဉ်းကပ်ပါနဲ့ ။ဒါမှသာ သင့်ရဲ့ အရည်းအချင်းတွေ ဖော်ထုတ်ခွင့်ရရှိလာလိမ့်မည်။

ကုမ်ရာသီဖွား

------

ကိုယ်ပြုလုပ်လိုက်တဲ့ အပြုအမူတွေကြောင့် လူချစ်လူခင်ပေါလာနိုင်သလို လူမုန်းများလာနိုင်သည်ကို အထူးဂရုပြုပါ။ မိတ်ဆွေတစ်ဦးထံမှ မမျှော်လင့်ထားတဲ့ အကူအညီတွေရရှိနိုင်သလို လက်ဆောင်ပစ္စည်းကောင်းတွေလည်း ရရှိနိုင်ပါတယ်။


မိန်ရာသီဖွား

----

သင်မမျှော်လင့်ထားတဲ့ သူများထံမှ အကူအညီတွေရရှိမည်။ အခုချိန်မှာ မှန်ကန်တဲ့စကားတွေကို ပြောဆိုခြင်းကသာ သင့်ကိုပြဿနာတွေထဲကနေ ဖယ်ထုတ်နိုင်လိမ့်မည်။ 

Share

Loading Next Article...
က္က