မတ်လ(၂၀)ရက်နေ့မှမှ မတ်လ(၂၆)ရက်နေ့
Thinzar Win

မိဿရာသီဖွား

---

စိတ်ချမ်းသာစရာတွေ ရရှိမည်။ အရင်ကပြုခဲ့ဖူးသော ကောင်းမှုတွေအတွက် အကျိုးကျေးဇူးတွေ ခံစားရရှိမည်။ ငွေဝင်ကိန်းရှိသည်။ များများဝင်၍မြန်မြန်ပြန်ထွက်နေတတ်သည်။ အကူအညီလိုနေသူများအပေါ် ကူညီမှုပေးပါ။


ပြိဿရာသီဖွား

----

စိတ်ပင်ပန်းစရာတွေ ကြုံတွေ့ရတတ်သည်။ မမျှော်လင့်ထားတဲ့ အကြောင်းတရားတွေကြောင့် စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်နေရလိမ့်မည်။ ဒီတစ်ပတ်ကျော်ရင်တော့ ပြန်အဆင်ပြေသွားနိုင်ပါတယ်။


မေထုန်ရာသီဖွား

----

သူငယ်ချင်းအပေါင်းအသင်း ၊ မိတ်ဆွေတွေနဲ့ ပျော်ရွှင်နေရလိမ့်မည်။ မိတ်ဆွေကောင်း၊သူငယ်ချင်းကောင်းဖြစ်လာမယ့် သူတွေနဲ့ ဆုံတွေ့ရလိမ့်မည်။ လူတွေအပေါ် စိတ်ကိုဖွင့်၍ပြောဆို ဆက်ဆံပါ။


ကရကဋ်ရာသီဖွား

----

သင်မျှော်လင့်ထားသည်များ ဖြစ်လာဖို့ စောင့်ဆိုင်းနေရတတ်သည်။ ပစ္စည်းတစ်ခုခု ဝယ်ခါနီး ၊ လုပ်ငန်းတစ်ခုခုလုပ်ခါနီး အချိန်တွေမှာ အနှောင့်အယှက်တွေနဲ့ ကြုံတွေ့ရတတ်သည်။ တစ်ခုခုကို စောင့်ဆိုင်းပြီး အချိန်တွေ ကုန်ဆုံးနေရတတ်သည်။


သိဟ်ရာသီဖွား

----

ပြဿနာတွေကြားမှာ ရှင်သန်နေရမည်။ သို့သော်လည်း ကူညီပေးသူတစ်ဦးဦးကြောင့် ပြဿနာတွေထဲမှ ရုန်းထွက်နိုင်လိမ့်မည်။ ကိုယ့်အပေါ် ကူညီဖူးသူကို ပြန်ကူညီပေးရန်လည်း မမေ့လျော့နေပါနဲ့။




ကန်ရာသီဖွား

----------

ကံဇာတာတွေကောင်းနေမည်။ မဲပေါက်ခြင်း စတဲ့ ကံဇာတာကို စမ်းတဲ့ ကိစ္စတွေမှာ ကံကောင်းနေတတ်သည်။ သို့သော်လည်း မိမိကြိုးစားမှုကသာ အဓိကကျနေပေမည်။ အကောင်းဆုံးကြိုးစားပါ သင့်ကြိုးစားမှုတွေကို သင့်ကံက အထောက်အကူပေးနေမည်။


တူရာသီဖွား

----

ငွေရေးကြေးရေးအတွက် စိတ်ပူပန်နေရမည်။ ပြတ်သုံးလက်သုံး ၂၃ စကားက သင့်အတွက်တော့ နောက်ကျတောင်နေဦးမည်။ စိတ်အလိုလိုက်မိ၍ ငွေကြေးများအကုန်မြန်နေတတ်သည်။



ဗြိစ္ဆာရာသီဖွား

-----

သင့်အပေါ် အထင်လွဲနေတဲ့ ကိစ္စတွေမှာ သင်မဖြေရှင်းပဲ အဖြစ်မှန်တွေ ပေါ်လာလိမ့်မည်။ အချိန်ကိုစောင့်လိုက်ပါ အချိန်က သင့်အတွက်တော့ စကားပြောလာပါလိမ့်မယ်။


ဓနုရာသီဖွား

----

ကြိုတင်ပြင်ဆင်တတ်တဲ့ စိတ်ကို အမြဲမွေးမြူပါ။ ကြိုတင်ပြင်ဆင်ခြင်းက သင့်နဲ့အကိုက်ညီဆုံး သင်္ကေတပါပဲ။ ဒါပေမယ့် ကြိုတင်တွေးပူတတ်တာကိုတော့ လုံးဝရှောင်ကြဉ်လိုက်ပါ။


မကာရ ရာသီဖွား

----

အသွားအလာ အနေအထိုင် ဂရုစိုက်ပါ။ မတော်တဆ ထိခိုက်ဒါဏ်ရာဖြစ်တတ်သည်။ ခါး ၊ ဝမ်းဗိုက်စတဲ့ ခန္ဓာကိုယ်အလယ်ပိုင်းနေရာတွေမှာ ထိခိုက်ဒါဏ်ရာရတတ်သည်။ အသွားအလာဆင်ခြင်နေထိုင်ပါ။


ကုမ်ရာသီဖွား

------

ကျန်းမာရေး ဂရုပြုပါ။ အထူးသဖြင့် ခန္ဓာကိုယ်တွင်း အင်္ဂါများနဲ့ပတ်သက်သောရောဂါကြောင့် စိတ်ပူပန်နေရတတ်သည်။ မိမိနဲ့နီးစပ်သောသူတွေ အတွက်လည်း ကျန်းမာရေးအတွက် စိတ်ပူပန်နေရတတ်သည်။


မိန်ရာသီဖွား

----

ကြိုးစားခြင်းခြင့် အနိုင်ယူခြင်းဆိုတာတော့ သင်နဲ့အသင့်လျော်ဆုံးပါပဲ။ အလွယ်တကူရမယ့် ကိစ္စမျိုးတွေမှာတောင် သင့်အတွက်ကတော့ ခက်ခက်ခဲခဲကြိုးစားယူနေရလိမ့်မည်။ ဒါပေမယ့် စိတ်မလျော့လိုက်ပါနဲ့ အကောင်းဆုံးဖြစ်အောင်သာ ကြိုးစားလိုက်ပါ။ ဖြစ်ချင်တာတွေနဲ့ အနီးစပ်ဆုံး သင်ပိုင်ဆိုင်နိုင်ပါတယ်။






က္က