ဇွန်လ(၆)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့

မိဿရာသီဖွား

---

အချစ်ရေးမှာ စိတ်ချမ်းသာနေရမည်။ လူကြီးသူမ တွေရဲ့ ချစ်ခင်ခြင်းကို များစွာရရှိမည်။ ငွေကြေးကိစ္စတွေမှာတော့ ပိုက်ဆံပျောက်ခြင်း၊ ခါးပိုက်နှိုက်ခံရခြင်းတွေ ဖြစ်တတ်သည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် သစ်ကြားစေ့ကို ဘုရားကပ်လှူပါ။

ပြိဿရာသီဖွား

----

နှလုံးသားရေး ကိစ္စများအဆင်ပြေနေမည်။ ငွေကြေးကိစ္စများမှာတော့ မမှျှော်လင့်ထားတာတွေဖြစ်တတ်သည်။ မမျှော်လင့်ထားတဲ့နေရာမှ ဥစ္စာပစ္စည်းများတိုးပွားလာလိမ့်မည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် ဘုရားမှာ ရွှေပန်းငွေပန်းကပ်လှူပါ။


မေထုန်ရာသီဖွား

----

အချစ်ရေးမှာ စိတ်ထိခိုက်နေရတတ်သည်။ လှုမှုရေး၊စီးပွားရေးတွေမှာလည်း စိတ်ပင်ပန်းစရာများနဲ့ ကြူံတွေ့နေရလိမ့်မည်။ လမ်းပျောက်နေတတ်သည်။ ကိုယ့်အတွက် အကောင်းဆုံးဖြစ်လာဖို့ကိုသာ စိတ်ထဲတွေးပြီး ကြိုးစားနေထိုင်ပါ။ ဆောက်ရွက်သမျှအဆင်ပြေစေရန် ဘုရားမှာ မုန့်လုံးရေပေါ် ကပ်လှူပါ။


ကရကဋ်ရာသီဖွား

----

စိတ်နှစ်ခွဖြစ်နေတတ်သည်။ အလုပ်ပြောင်းရမလို မပြောင်းရလို ၊ ပစ္စည်းဆိုရင်လည်း ဝယ်ရမလို မဝယ်ရမလို စတဲ့ ကိစ္စတိုင်းမှာ စိတ်နှစ်ခွဖြစ်နေတတ်သည်။ အချစ်ရေးမှာလည်း စိတ် တွေဝေနေရတတ်သည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် ဘုရားမှာ အောင်သပြေကပ်လှူပါ။


သိဟ်ရာသီဖွား

----

ငွေရေးကြေးရေးကြောင့် အလုပ်များနေရတတ်သည်။ ငွေရေးကြေးရေးကြောင့်ပဲ စိတ်ပင်ပန်းနေရတတ်သည် ။ မိသားစုရဲ့ အကူအညီယူပါ အဆင်ပြေသွားပါလိမ့်မည်။ အချစ်ရေးမှာ အချစ်သစ်တွေ့လိမ့်မည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် အဝါရောင်ပါတဲ့ အသုံးအဆောင်တွေကို သုံးစွဲပါ။

ကန်ရာသီဖွား

----------

အချစ်ရေးမှာတော့ နားလည်မှုတွေ တည်ဆောက်နိုင်လိမ့်မည်။ ဖြစ်ချင်တဲ့ဆန္ဒနဲ့ဖြစ်နေတာတွေ ထပ်တူကျနေပါမယ်။ အရင်ကရည်မှန်းခဲ့သော ရည်မှန်းချက်များပြည့်ဝလာလိမ့်မည်။ ကျန်းမာရေးမှာ အထိအခိုက်ရှိသည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် နံနက်တိုင်းမှာ တရားထိုင်ပါ။


တူရာသီဖွား

----

ပြောင်းလဲမှုတွေ များစွာဖြစ်လာလိမ့်မည်။ ချစ်ရသူနဲ့ရန်ဖြစ်တာ ၊ သူငယ်ချင်းတွေနဲ့ စကားများတာ ၊ မိသားစုတွေနဲ့စကားများတာတွေ ဖြစ်တတ်သည်။ စိတ်ကိုဦးစားပေးပြီး ဆုံးဖြတ်ချက်တွေ မချပါနဲ့။ တစ်လောကလုံးနဲ့ တစ်ယောက်ဖြစ်နေလိမ်မည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် ပေါက်ပေါက်ဆုပ်ကို ဘုရားမှာ ကပ်လှူပါ။

ဗြိစ္ဆာရာသီဖွား

-----

အချစ်ရေးမှာ ဒုတိယလူပေါ်လာလိမ့်မည်။ စာရွက်စာတမ်း ကိစ္စတွေနဲ့ပတ်သက်ပြီး ပြဿနာတွေဖြေရှင်းနေရတတ်သည်။ အာမခံခြင်း၊ နာမည်ခံပေးခြင်း၊သက်သေလုပ်ပေးခြင်းစတဲ့ ကိစ္စမျိုးတွေမှာ အထူးဂရုပြုဆင်ခြင်ပါ။ ဆောင်ရွက်သမျှအဆင်ပြေစေရန် ခေါက်ဆွဲကြော်ကို ဘုရားကပ်လှူပါ။

ဓနုရာသီဖွား

----

သူငယ်ချင်းနဲ့ချစ်သူကြား ဗျာများနေရတတ်သည်။ ချစ်သူနဲ့ပဲအချိန်ကုန်ရမလို ၊ သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်ရမလို ဖြစ်နေတတ်သည်။ တစ်ဦးဦးမှငွေကြေး အကူအညီများစွာပေးလိမ့်မည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် ထန်းလျက်ပါတဲ့မုန့်ကို ဘုရားကပ်လှူပါ။


မကာရ ရာသီဖွား

----

ပျော်စရာများ ရောက်ရှိလာလိမ့်မည်။ ကိုယ်ချစ်နေရသူထံမှ ကိုယ့်အပေါ် ယုံကြည်မှုတွေ ရရှိလိမ့်မည်။ ငွေကြေးများစွာ ရရှိလိမ့်မည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် ဘုရားမှာ ပန်း(၇)မျိုးနေ့စဉ် ကပ်လှူပါ။

ကုမ်ရာသီဖွား

------

ချစ်သူထံမှ သစ္စာဖောက်ခြင်းခံရတတ်သလို နားလည်မှုတွေ ရရှိနိုင်သည်။ အချစ်ရေးမှာ ကောင်းခြင်း၊ဆိုးခြင်း ဒွန်တွဲနေလိမ့်မည်။ လူမှုရေးမှာတော့ အဆင်မပြေတာတွေ နည်းနည်းပါးပါးရှိလိမ့်မည်။ ဆောင်ရွင်သမျှ အဆင်ပြေစေရန် အငံမုန့်ကို ဘုရားမှာကပ်လှူပါ။

မိန်ရာသီဖွား

----

စွန့်စားမှုတွေ ပြုလုပ်ရပြီးမှ အောင်မြင်လိမ့်မည်။ စာမေးပွဲအတွက် စာမကျက်မိဘဲ ဖြေဆိုရခြင်း၊ လုပ်ငန်းများမှ အတိုက်အခံများကို ရင်ဆိုင်ရခြင်း စတဲ့အခက်အခဲလေးတွေနဲ့ ရင်ဆိုင်ရနိုင်သည်။ အချစ်ရေးမှာ အချစ်သစ်ရရှိလိမ့်မည်။ ဆောင်ရွက်သမျှအဆင်ပြေစေရန် ပေါက်စီကို ဘုရားမှာကပ်လှူပါ။  

Share

Loading Next Article...
က္က