ဇွန်လ(၁၂)ရက်နေ့မှ ဇွန်လ(၁၈)ရက်နေ့
Thinzar Win

မိဿရာသီဖွား

----

အချစ်ရေးမှာ သာယာပျော်ရွှင်နေမည်။ ချစ်သူရဲ့ကရုစိုက်မှုတွေအောက်မှာ ကြည်နူးမှုတွေ ခံစားနေရမည်။ လူမှုရေးကိစ္စတွေမှာတော့ အနည်းငယ် အားနည်းနေတတ်သည်။ ငွေရေးကြေးရေးအတွက် စိုးရိမ်မှုတွေ ကင်းကွာနေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် အုန်းနို့ခေါက်ဆွဲအလှူပေးပါ။


ပြိဿရာသီဖွား

----

ငွေကြေးကိစ္စတွေအတွက် စိုးရိမ်ပူပန်နေရတတ်သည်။ ငွေကြေးအတွက် ပြဿနာတွေရင်ဆိုင်နေရတတ်သည်။ အချစ်ရေးမှာ ချစ်ရသူနဲ့ ဝေးကွာနေရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ရွှေပန်း၊ငွေပန်း ကပ်လှူပါ။


မေထုန်ရာသီဖွား

----

သင့်ရဲ့ကြိုးစားမှုတွေအတွက် ကံတရားက အထောက်အကူပေးနေမည်။ ကြိုးစားမှုတွေကို မလျော့လိုက်ပါနဲ့။

အချစ်ရေးကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် နံနက်ပိုင်းမှာ အချိုစားပါ။  


ကရကဋ်ရာသီဖွား

----

အချစ်ရေးမှာ တွေဝေနေရတတ်သည်။ ဆုံးဖြတ်ရခက်ခဲနေတတ်သည်။ သူငယ်ချင်းနဲ့ အိမ်ထောင်ကျသွားတတ်သည်။ ငွေကြေးကိစ္စတွေမှာတော့ ဝင်ငွေကောင်းနေလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ခေါက်ဆွဲကြော်အလှူပေးပါ။


သိဟ်ရာသီဖွား

----

ခရီးသွားရလိမ့်မည်။ မိသားစုနဲ့အတူ ခရီးထွက်ရကိန်းရှိသည်။ ခရီးမှာ သင့်အတွက် အဆင်ပြေစေမည့် လူတစ်ဦးနဲ့ ဆုံတွေ့ရနိုင်သည်။ ငွေကြေးကိစ္စမှာတော့ တည်ငြိမ်နေလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် လမ်းထိပ်မှာ အလှူတစ်ခုလုပ်ပါ။




ကန်ရာသီဖွား

----------

နာမည်တူ လူတစ်ဦးကြောင့် စိတ်အနှောင့်အယှက်ကြုံတွေ့ရနိုင်သည်။ ပြဿနာတွေ ဖြေရှင်းနေရတတ်သည်။ ကိုယ်မလုပ်ဘဲ အမှားစွပ်စွဲ ခံရတတ်သည်။ အချစ်ရေးနဲ့ လူမှုရေး ရှုပ်ထွေးနေလိမ့်မည်။ စိတ်အနှောင့်အယှက်တွေ ကင်းဝေအောင် ဘုရားမှာ ပဲကပ်ကြော် ကပ်လှူပါ။    




တူရာသီဖွား

----

ပျော်ရွှင်မှုတွေ ခံစားနေရလိမ့်မည်။ မထင်မှတ်ထားတဲ့နေရာမှ စိတ်ချမ်းသာစေမယ့် စကားတွေ ကြားရလိမ့်မည်။ ကိုယ့်အတွက် အမြဲတမ်းပျော်ရွှင်မှုတွေ ဖန်တီးပေးချင်တဲ့ သူတစ်ဦးနဲ့ ဆုံတွေ့လာရလိမ့်မည်။ ပျော်ရွှင်မှုတွေ ကြာရှည်အောင် လူတစ်ဦးကို ချိုတဲ့အရသာရှိသော မုန့်တစ်မျိုးကို ဝယ်ကျွေးပါ။





ဗြိစ္ဆာရာသီဖွား


-----

ချစ်သူနဲ့ နားလည်မှုတွေ တည်ဆောက်နိုင်လိမ့်မည်။ ငွေကြေးကိစ္စတွေမှာ အဆင်ပြေနေလိမ့်မည်။ မထင်မှတ်ထားတဲ့ နေရာမှ ငွေကြေးများရရှိနိုင်သည်။ အဆင်ပြေတာတွေ တည်တံ့နိုင်ဖို့ နံနက်တိုင်း ဘုရားမှာ သောက်တော်ရေ ကပ်ပါ။

ဓနုရာသီဖွား

----

သတင်းကောင်းကြားရမည်။ မျှော်လင့်စောင့်ဆိုင်းနေသော သတင်းကောင်းဖြစ်လိမ့်မည်။ သွားလေရာမှာ ကရုစိုက်ပါ၊ အထိအခိုက် ဖြစ်တတ်သည်။ သွေးလေရာမှာ ဘေးမသီရန်မခစေရန် နံနက်တိုင်းမှာ ဘုရားရှိခိုးပြီးမှ အိမ်ကထွက်ပါ။

မကာရ ရာသီဖွား

----

ဘဝအတွက် တွေးပူနေရတတ်သည်။ မထင်မှတ်ထားတဲ့ ဘဝအချိုးအကွေ့နဲ့ ရင်ဆိုင်ရလိမ့်မည်။ ကူညီမယ့်သူကို လိုက်ရှာနေရတတ်သည်။ ကိုယ်စွမ်းကိုယ်စကိုသာ အားကိုးပါ။ ကံအထောက်အပံ့ရရှိစေရန် ဘုရားမှာ ဆီးမီးပူဇော်ပါ။

ကုမ်ရာသီဖွား

------

မိသားစုအတွင်း စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်တတ်သည်။ တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲစရာတွေ ဖြစ်လာတတ်သည်။ အချစ်ရေးမှာလည်း အဆင်မပြေမှုလေးတွေ ရင်ဆိုင်နေရလိမ့်မည်။ အဆင်မပြေတာတွေအတွက် အကောင်းဆုံးဖြေရှင်းနိုင်အောင် စိတ်လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပါ။





မိန်ရာသီဖွား


----

ကိုယ့်အကြောင်း မကောင်းပြောသူများကြောင့် စိတ်တိုနေရတတ်သည်။ ကိုယ်နဲ့အရင်းနှီးဆုံးသော သူတွေမှ ကိုယ့်အပေါ် သစ္စာဖောက်တတ်သည်။ အချစ်ရေးမှာလည်း သစ္စာဖောက်ခြင်းခံရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် သနပ်ခါးတုံးလက်ဆောင်ပေးပါ။




က္က