ဇွန်လ(၁၉)ရက်နေ့မှ ဇွန်လ(၂၅)ရက်နေ့

မိဿရာသီဖွား

----

စိတ်ခံစားချက်တွေကို ထိန်းချုပ်လာနိုင်လိမ့်မယ်။ အနီးမှာနေတဲ့ အမျိုးတစ်ဦးနဲ့ စကားများရတတ်သည်။ အချစ်ရေးမှာ စိတ်ချမ်းသာနေရမည်။ ငွေရေးကြေးရေးအတွက်လည်း အပူအပင်မရှိဖြစ်နေလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ကံ့ကော်ပန်းကပ်လှူပါ။




ပြိဿရာသီဖွား

----

ခရီးထွက်ရကိန်းကြုံမည်။ အနားမှ လူတွေရဲ့ သစ္စာဖောက်ခြင်း ခံရတတ်သည်။ အချစ်ရေးမှာလည်း သစ္စာဖောက်ခြင်း ခံရတတ်သည်။ သစ္စာမဖောက်သည့်တိုင် တတိယလူကြောင့် စိတ်ညစ်နေရတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ မီးပူဇော်ပါ။


မေထုန်ရာသီဖွား

----

ကျန်းမာရေး ချူချာနေလိမ့်မည်။ ခန္ဓာကိုယ်နောက်ကျောနဲ့ဆိုင်တဲ့ နေရာတွေမှာ နာကျင်မှုခံစားရတတ်သည်။ အချစ်ရေးမှာ အချစ်သစ်တွေ့တတ်သည်။ကျန်းမာရေးအတွက် ဘုရားမှာ နံနက်တိုင်း သောက်တော်ရေ ကပ်လှူပါ။


ကရကဋ်ရာသီဖွား

----

မိသားစုထဲမှာ အဝေးသို့ခေတ္တ ပြောင်းရွေ့ရသူရှိတတ်သည်။ တစ်ယောက်တည်းသမားတွေမှာတော့ ခင်မင်ရသူတစ်ဦးနဲ့ ဝေးကွာနေတတ်သည်။ အချစ်ရေးမှာတော့ ရှိမြဲရှိဆဲအတိုင်း ထူးခြားမှုမရှိနိုင်ပါ။ ဆောက်ရွက်သမျှ အဆင်ပြေစေရန် သူငယ်ချင်းကို ဒံပေါက်ဝယ်ကျွေးပါ။



သိဟ်ရာသီဖွား

----

နေ့နံတူတစ်ဦးနဲ့ ကံအကျိုးပေးကောင်းနေမည်။ နေ့နံတူသူ တစ်ဦးနဲ့ ထီးထိုးခြင်း ၊ အလှူအတန်းပြုလုပ်ခြင်းတွေ လုပ်ကိုင်ပါ။ အချစ်ရေးမှာ ငယ်ကျွမ်းဆွေနဲ့ နီးစပ်သွားတတ်သည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ညနေဘက်မှာ ငါးစာကျွေးပါ။




ကန်ရာသီဖွား

----------

ငွေကြေးအတွက် စကားတွေအများကြီး ပြောနေရတတ်သည်။ ဖြေရှင်းစရာတွေ များနေတတ်သည်။ ချစ်သူနဲ့ စကားများရန်ဖြစ်ရတတ်သည်။ တိတ်တခိုးချစ်နေရသူရဲ့ အထင်လွဲခြင်း ခံရတတ်သည်။ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ ဆွမ်းကပ်လှူပါ။

 



တူရာသီဖွား

----

သတင်းကောင်းကြားရမည်။ မျှော်လင့်စောင့်ဆိုင်းနေသော သတင်းကောင်းဖြစ်လိမ့်မည်။ သွားလေရာမှာ ဂရုစိုက်ပါ၊ အထိအခိုက် ဖြစ်တတ်သည်။ သွေးလေရာမှာ ဘေးမသီရန်မခစေရန် နံနက်တိုင်းမှာ ဘုရားရှိခိုးပြီးမှ အိမ်ကထွက်ပါ။


ဗြိစ္ဆာရာသီဖွား

-----

အောင်မြင်တဲ့ လမ်းကြောင်းပေါ်သို့ ရောက်ရှိလိမ့်မည်။ လူကြီးတစ်ဦးရဲ့ အကူအညီတစ်ခုကြောင့် ဘ၀ တဆစ်ချိုးအပြောင်းအလဲတွေ ဖြစ်လာလိမ့်မည်။ အချစ်ရေးမှာ တည်ငြိမ်နေမည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် ဘုရားမှာ မုန့်လုံးရေပေါ် ကပ်လှူပါ။



ဓနုရာသီဖွား

----

မိသားစုအတွင်း စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်တတ်သည်။ တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲစရာတွေ ဖြစ်လာတတ်သည်။ အချစ်ရေးမှာလည်း အဆင်မပြေမှုလေးတွေ ရင်ဆိုင်နေရလိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် လူကြီးတစ်ဦးကို မုန့်ချိုဝယ်ကျွေးပါ။





မကာရ ရာသီဖွား

----

လိုချင်တာနဲ့ ဖြစ်ချင်တာတွေ လွဲနေတတ်သည်။ ရတာမလို လိုတာမရ ဖြစ်နေတတ်သည်။ အချစ်ရေးလည်း ဇဝေဇဝါနဲ့ ပြဿနာတွေကြားရောက်နေတတ်သည်။ စိတ်ညစ်စရာတွေ ကင်းဝေးနိုင်အောင် နံနက်တိုင်းမှာ ပုံမှန် တရားထိုင်ပေးပါ။

ကုမ်ရာသီဖွား

------

ငွေကြေးကိစ္စတွေမှာ အဆင်ပြေနေလိမ့်မည်။ မထင်မှတ်ထားတဲ့ နေရာမှ ငွေကြေးများရရှိနိုင်သည်။ ချစ်သူနဲ့ နားလည်မှုတွေ တည်ဆောက်နိုင်လိမ့်မည်။ ဆောင်ရွက်သမျှ အဆင်ပြေစေရန် အိမ်နားက ဘုရားမှာ ဆီမီးကပ်လှူပါ။


မိန်ရာသီဖွား

----

မထင်မှတ်ထားတဲ့နေရာမှ စိတ်ချမ်းသာစေမယ့် စကားတွေ ကြားရလိမ့်မည်။ ကိုယ့်အတွက် အမြဲတမ်းပျော်ရွှင်မှုတွေ ဖန်တီးပေးချင်တဲ့ သူတစ်ဦးနဲ့ ဆုံတွေ့လာရလိမ့်မည်။ ဆောင်ရွက်တာတွေ အဆင်ပြေစေရန် သူငယ်ချင်းတစ်ဦးနဲ့ ခိုစာသွားကျွေးပါ။




Share

Loading Next Article...
က္က