loading...

loading...

loading...

ဖုန်းဘေလ်နဲ့ ဒေတာအပိုတွေရနိုင်မယ့်အခွင့်အရေး တစ်ခုကို လက်တို့ပေးချင်ပါတယ်။
Phyo Min Thant

ဒီနေ့ခေတ်မှာ ဖုန်းဘေလ်နဲ့ ဒေတာအပိုတွေရချင်ရင်လက်ညှိုးထောင်လို့ ပြောလိုက်ရင်... လူတိုင်း လက်ညှိုး မထောင်ရင်တောင် ခေါင်းတော့ထောင်ပြီးစိတ်ဝင်စားကြမှာ အသေအချာပါပဲ။ ဒါကြောင့် Duwun ပရိသတ်ကြီးအတွက် ဖုန်းဘေလ်နဲ့ ဒေတာအပိုတွေရနိုင်မယ့်အခွင့်အရေး တစ်ခုကို လက်တို့ပေးချင်ပါတယ်။

အဲဒါကတော့ အူရီဒူးရဲ့ ခုဖြည့်၊ ခုပေါက် ဆိုတဲ့အစီအစဉ်ပါ။ ဒီအစီအစဉ်က အူရီဒူးအသုံးပြုသူတွေအနေနဲ့ ဖုန်းဘေလ် ၂၀၀၀ ကျပ်နဲ့အထက်ဖြည့်သွင်းရုံနဲ့ နေ့စဉ် ၅၀၀ GB အထိဒေတာ၊ ၁၀၀၀၀၀ ကျပ်အထိဖုန်းငွေလက်ဆောင်တွေနဲ့ အခြားဆုတွေ အများကြီးကံထူးနိုင်မယ့်အစီအစဉ်ပဲ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကနေ ချီးမြှင့်ပေးမယ့်ဆုလက်တွေကတော့ ၅၀၀ GB အထိဒေတာ၊ ၁၀၀၀၀၀ ကျပ်အထိဖုန်းငွေလက်ဆောင်၊ ဂိမ်းနဲ့ ဂိမ်း item တွေဝယ်ယူနိုင်မယ့် Gaming Credit၊ အူရီဒူးအချင်းချင်းပေးပို့နိုင်တဲ့ SMS တို့ပဲဖြစ်ပါတယ်။

ဒီအစီအစဉ်မှာပါဝင်ကံစမ်းနိုင်ဖို့လုပ်ရမှာကလည်း လွယ်ပါတယ်။ တစ်ရက်အတွင်း ဖုန်းဘေလ် ၂၀၀၀ ကျပ်ဖြည့်သွင်းရုံပါပဲ။ တစ်ခါတည်းနဲ့ ဖုန်းဘေလ် ၂၀၀၀ မဖြည့်ဘဲ တစ်ရက်အတွင်း ၁၀၀၀ နှစ်ခါခွဲထည့်လည်းရပါတယ်။ ဒါပေမဲ့ တစ်ရက်အတွင်း ပထမဆုံးအကြိမ် ဖုန်းငွေ ၂၀၀၀ ကျပ်ဖြည့်သွင်းတဲ့အတွက်သာ ကံစမ်းခွင့်ရမှာဖြစ်ပြီး အဲဒီနေ့မှာ နောက်ထပ်ဖုန်းဘေလ်ဖြည့်သွင်းမှုတွေအတွက်တော့ ကံစမ်းခွင့်ရမှာမဟုတ်ပါဘူး။

ဖုန်းငွေဖြည့်တဲ့နေရာမှာ ကိုယ်စားလှယ်ကပဲဖြည့်ဖြည့်၊ ဖုန်းငွေဖြည့်ကဒ်ကပဲဖြည့်ဖြည့်၊ online payment ၊ m-pitesan ၊wave money အစရှိတဲ့ mobile wallet တွေကနေပဲဖြည့်ဖြည့်၊ ဘဏ် ဒါမှမဟုတ် My Ooredoo App တို့ကနေပဲ ဖြည့်ဖြည့် ဒီအစီအစဉ်မှာအားလုံးအကျုံးဝင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ welcom bonus ဒါမှမဟုတ် first recharge bonus တို့တော့ ဒီပရိုမိုးရှင်းအစီအစဉ်မှာမပါဝင်ပါဘူး။

ဒီအစီအစဉ်ကနေရရှိတဲ့ ဆုလက်ဆောင်တွေရဲ့သက်တမ်းကတော့ ၇ ရက်ဖြစ်ပြီး B2B သုံးစွဲသူတွေလည်း ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရှိပါတယ်။

အူရီဒူးရဲ့ ခုဖြည့်၊ ခုပေါက် အကြောင်းအသေးစိတ်အချက်အလက်တွေကို ဒီလင့်ခ် => https://ooredoo.com.mm/portal/mm/khuphyaekhupauk မှာသွားရောက်လေ့လာနိုင်ပါတယ်။

(ဒီဆောင်းပါးကို Ooredoo မှပံ့ပိုးကူညီထားပါတယ်)


loading...

က္က