တစ်နှစ်စာ ဗေဒင်ဟောစာတမ်း
Thinzar Win

မိဿရာသီဖွား

---

ပျော်ရွှင်စရာများစွာ ရောက်ရှိလာလိမ့်မည်။ ပျော်ရွှင်စရာများက စီးပွားရေး၊ အလုပ်အကိုင် စတဲ့နေရာတွေမှ ရရှိလိမ့်မည်။ အလုပ်နေရာများမှာဆိုလည်း ရာထူးတိုး၊လစာတိုးခြင်းများဖြစ်နိုင်သည်။ နေရာပြောင်းလဲ လုပ်ကိုင်ခြင်းမှ အကျိုးကျေးဇူးများစွာ ရရှိမည်။ ကိုယ်ပိုင်စီးပွားရေး လုပ်သူများအနေနဲ့ကတော့ စီးပွားတိုးချဲ့နိုင်တာ၊ စီးပွားပါတနာကောင်းများ ရရှိခြင်းတွေ ဖြစ်လာနိုင်သည်။ အချစ်ရေး၊မိသားစုအရေးတွေမှာတော့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အတိုင်းပဲဖြစ်နေမည်။ ရေလမ်းခရီးတွေ သွားရကိန်းများမည်။ နိုင်ငံရပ်ခြားတွင် ကာလအတန်ကြာနေထိုင်ရနိုင်သည်။ မိမိတွက်ဆထားသလို ဖြစ်မလာပါက စိတ်ထိခိုက်စရာများဖြစ်လာနိုင်သောကြောင့် ဖြစ်လာသမျှ ကိစ္စရပ်တိုင်းတွင်သာ အကောင်းဆုံးပြုမူနေထိုင်သွားနိုင်အောင် လေ့ကျင့်ထားပါ။ 


ပြိဿရာသီဖွား

----

မိမိလိုအပ်သော အရာများအတွက် အတိုက်အခိုက်များကြားမှ ရယူနေရမည်။ အတားအဆီးတွေ များနေမည်။ မိမိချစ်ခင်ရသူ သို့မဟုတ် မိမိနဲ့ရင်းနှီးကျွမ်းဝင်သူများကို မိမိအနားမှာ ရှိနေစေဖို့ တွေးပူနေရမည်။ ပညာရေးအားကောင်းနေမည်။ငယ်ရွယ်သူများအနေနဲ့ မိမိရည်မှန်းချက်လမ်းကြောင်းပေါ်ရောက်နေမည်။ အသစ်အဆန်းများ ရှာဖွေခြင်း စွန့်စားရသော အလုပ်တွေနဲ့ အကျိုးပေးနေမည်။ ကျန်းမာရေးအတွက်ကတော့ ကြီးကြီးမားမား ရောဂါများမဖြစ်သော်လည်း ခဏခဏဆိုသလို ဆေးရုံဆေးခန်းများနဲ့ ပတ်သက်နေရလိမ့်မည်။ ဆုံးဖြတ်ချက်တွေ မပြတ်မသားဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်းတွေ ဖြစ်ပြီး ကိုယ့်ဘဝကို ပျောက်ဆုံးမှုတွေလည်း ဖြစ်ပေါ်တတ်တာကြောင့် ကိုယ့်ဘဝကို ရပ်တည်နိုင်အောင် ကြိုးစားပါ။


မေထုန်ရာသီဖွား

----

ပညာရေးမှာ အဟန့်အတားတွေ ဖြစ်လာနိုင်သည်။ ကျောင်းအပ်ဖို့ အချိန်ကျော်သွားခြင်း ၊စာမေးပွဲအတွက် စာကြည့်ချိန် မလောက်ခြင်း၊ စာအပေါ်စိတ်မရောက်ပဲ အတွေးတွေများနေခြင်း စတဲ့ ပညာရေးအတွက် အဟန့်အတားများနဲ့ မကြာခဏဆိုသလို တွေ့ဆုံနေရတတ်သည်။ စီးပွားရေးမှာတော့ ငွေအဝင်ကြမ်းနေမည်။ မိမိမျှော်လင့်သလို မိမိရည်မှန်းသလိုတွေဖြစ်လာနိုင်သည်။ လူမျိုးခြားနဲ့ စပ်တူလုပ်ကိုင်ရတဲ့ အလုပ်တွေမှာ အဆင်ပြေနေမည်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျကိန်းရှိသည်။ မိမိချစ်ခင်ရသူ မဟုတ်သူနဲ့ ဖူးစာဆုံနိုင်သည်။ မိသားစုထဲမှ တစ်ဦးဦးက လအတန်ကြာခရီးထွက်ရခြင်း၊မိမိတစ်ယောက်တည်း အခြားနေရာမှာ သွားနေရခြင်းမျိုးတွေ ကြုံလာရနိုင်သည်။ 




ကရကဋ်ရာသီဖွား

----

လူမှုရေးတွေမှာ စကားအောင်မည်။ မိမိရွေးပေးလိုက်သော ထီမှ ထီဆုကြီးပေါက်ခြင်း၊ မိမိအကျိုးဆောင်ပေးလိုက်သော အိမ်ခြံမြေများအရောင်းသွက်ခြင်း ၊ မိမိချိတ်ဆက်ပေးလိုက်သူများ အဆင်ပြေသွားခြင်း စတဲ့မိမိနှုတ်မှပြောလိုက်သောစကားကြောင့် သူတစ်ပါးမှာ အကျိုးဖြစ်ထွန်းလိမ့်မည်။ သွားလေရာနေရာတိုင်းမှာ နှုတ်ကြောင့်မျက်နှာပွင့်ပြီး လူအများရဲ့ အားပေးချီးမြှောက်ခြင်းကို ခံရနိုင်သည်။ စီးပွားရေးမှာတော့ အရွေးမှားတတ်သည်။ လက်မှတ်ထိုး၍ ချိတ်ဆက်ရသောလုပ်ငန်းများ အထူးသတိထားပါ။ ငွေယိုပေါက်တွေ ဖြစ်လာနိုင်သည်။ နှလုံးသားရေးမှာတော့ စိတ်ကစားမှုများကြောင့် ပြဿနာတွေ ရှင်းနေရတတ်သည်။ မိမိစိတ်ကို နိုင်အောင် ထိန်းသိမ်းထားနိုင်ပါက မိမိအပေါ်နားလည်ပေးနိုင်သူနဲ့ တွေ့ဆုံလာရလိမ့်မည်။ 


သိဟ်ရာသီဖွား

----

ကျန်းမာရေး ချူချာနေမည်။ ကျန်းမာရေးအတွက် ဆေးပေါင်းစုံအောင် ကုသပြီးမှ ဝေဒနာနဲ့ ဆေးနဲ့တွေ့လိမ့်မည်။ ကျန်းမာရေးကြောင့် စိတ်အနှောင့်အယှက်များနေခြင်းကြောင့် လူမှုရေးတွေ ပျက်ကွက်ကာ အဆင်မပြေမှုတွေ ကြုံတွေ့ရနိုင်သည်။ သို့သော်လည်း အချစ်ရေးမှာတော့ စိတ်ပျော်ရွှင်ရမည်။ ကိုယ့်ကို ဂရုတစိုက်ရှိကာ ဖေးမတတ်သူနဲ့ ဆုံတွေ့ရလိမ့်မည်။ ပညာရေးမှာတော့ ပုံမှန်အတိုင်းသာ လည်ပတ်နေဦးမည်။ စာမေးပွဲဖြေခြင်း၊ ဝင်ခွင့်စာမေးပွဲ စတဲ့အကြောင်းအရာမျိုးတွေနဲ့ အကျိုးပေးနေမည်။ ကိုယ့်ကိုမကောင်းကြံသူများနဲ့ ဆုံတွေ့ရတတ်သည်။ အာမခံပေးခြင်း၊ ငွေကြေးကိစ္စများမှာ ခင်မင်ရသူတွေနဲ့ စိတ်ဝမ်းကွဲတတ်သည်။



ကန်ရာသီဖွား

----------

ဘာအလုပ်ပဲ လုပ်လုပ် အဆင်ပြေနေမည်။ သို့သော်လည်း မိမိရရှိထားတဲ့ အကျိုးအမြတ်တွေကို တပါးသူတွေထံ ပေးကမ်းမှသာ မိမိရရှိထားသော စီးပွားဥစ္စာများ ရည်ရှည်တည်တံ့ခိုင်မြဲမည်။ ဘုရားတည်ခြင်း၊ သာသနာပြုခြင်း စတဲ့ အလှူအတန်းတွေအတွက် ရည်မှန်းပြီး လုပ်ကိုင်တဲ့ လုပ်ငန်းမျိုးတွေမှာ အပျက်များဝင်လာတတ်သည်။ သို့သော်လည်း မိမိဘက်မှ မေတ္တာထား၍သာ တုံ့ပြန်ပါ မိမိဘက်မှရပ်တည်၍ ကူညီပေးမယ့်သူများ ပေါ်ပေါက်လာလိမ့်မည်။ အိမ်ထောင်ရေး အလွန်ကောင်းနေသည်။ အိမ်ထောင်ရှိပြီးသား သူတွေမှာတော့ စိတ်ချမ်းသာစွာ နေထိုင်ရလိမ့်မည်။ အိမ်ထောင်မရှိသူများအတွက်တော့ အိမ်ထောင်ကျကိန်းများနေမည်။ ကျန်းမာရေးမှာတော့ ထွေထွေထူးထူး ဖြစ်မည်မဟုတ်နိုင်ပါ။


တူရာသီဖွား

----

အပျော်အပါးထဲ အာရုံတွေ ထွေပြားနေတတ်သည်။ အပျော်လွန်ပြီး ဘဝအတွက် ရည်မှန်းချက်တွေပါ ပျောက်ဆုံးသွားနိုင်သည်။ မမျှော်လင့်ထားတဲ့ အခြေအနေမျိုးတွေဖြင့် ကြုံရလိမ့်မည်။ မိသားစုအတွက် ဝန်ပိုစေသူဖြစ်လာနိုင်သည်။ သို့သော်လည်း မိမိအာရုံကို ကောင်းစွာထိန်းချုပ်ထားနိုင်ပါက အောင်မြင်မှုအထွဋ်အထိပ်သို့ ရောက်ရှိနိုင်သည်။ အိမ်ပြောင်းရွှေ့ခြင်း၊အလုပ်နေရာပြောင်းရွှေ့ခြင်း စတဲ့ အပြောင်းအရွှေ့များ ဖြစ်ပြီးပါက အဆင်ပြေစရာများ ဆက်တိုက်ကြုံတွေလာရနိုင်သည်။ ဘုရား၊တရားကို မမေ့ဘဲ စိတ်အာရုံကို ကောင်းစွာ ချုပ်ထိန်းခြင်းဖြင့် မိမိလျှောက်လိုသော ဘဝခရီးလမ်းကို ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်လိမ့်မည်။


ဗြိစ္ဆာရာသီဖွား

-----

အိမ်၊ခြံ၊မြေ စတဲ့ အဆောက်အဦနဲ့ပတ်သက်တဲ့ ကိစ္စမျိုးတွေနဲ့ ကံအကျိုးပေးကောင်းနေမည်။ အိမ်ခြံမြေ အကျိုးဆောင်ခြင်း ရောင်းခြင်း ဝယ်ခြင်းတွေမှာ အကျိုးဖြစ်ထွန်းမှုများမည်။ သို့သော်လည်းစက်ပစ္စည်း ကိရိယာမျိုးတွေမှာ စိတ်တိုင်းမကျစရာတွေ ကြုံတွေ့ရတတ်သည်။လူမှုရေး ဘာသာရေးကိစ္စရပ်တွေမှာ အင်တိုက်အားတိုက်ပါဝင်ရတာတွေ၊ ဦးဆောင်မှုပြုရတာတွေ၊ အသိအမှတ်ပြုခြင်းခံရတာတွေ ဆက်တိုက်ဖြစ်လာတတ်သည်။ မေတ္တာဓာတ်များ လွှမ်းမိုးပြီး မိမိရဲ့ရန်သူကတောင် မိမိနှင့် သင့်မြတ်မှုတွေ ရရှိလာလိမ့်မည်။ ပညာရေးမှာတော့ မိမိရည်မှန်းချက်များ ပြည့်ဝအောင် အားသွန်ခွန်စိုက် ကြိုးစားကာ ရယူနေရမည်။






ဓနုရာသီဖွား

----

စွန့်စားလုပ်ကိုင်ရသော အလုပ်များနဲ့ အကျိုးပေးနေမည်။ စီးပွားရေးတွင် ဆုံးဖြတ်ချက်မှားယွင်းကာ၊ ငွေကိစ္စမှားယွင်းမှုတွေ ဖြစ်နိုင်သည်။ ဝန်ထမ်းများအနေနဲ့ကတော့ လုပ်ငန်းများပြောင်းရွှေ့ပြီး ခေတ္တလောက်လုပ်ငန်းမတည်မငြိမ်ဖြစ်နေတတ်သည်။ စပ်တူရှယ်ယာ လုပ်ငန်းမျိုးတွေနဲ့ အကျိုးမပေးဘဲ သီးသန့်လုပ်ကိုင်ရသော လုပ်ငန်းများနဲ့သာ အဆင်ပြေနေလိမ့်မည်။ လုပ်ငန်းအဆင်ပြေစေဖို့ အခြားရပ်ဝေးဒေသတွေမှာ အခြေချနေထိုင်ရတတ်သည်။ အချစ်ရေးမှာတော့ချစ်ခင်ရသူနဲ့ အထင်လွဲစရာတွေ မကြာခဏဖြစ်နေရလိမ့်မည်။ မိသားစုအရေးတွေမှာတော့ မိမိက ဦးဆောင်ဦးရွက်ပြုပြီး နေထိုင်ရလိမ့်မည်။ 



မကာရ ရာသီဖွား

----

ကံနှင့်ဉာဏ်ကို အားကိုးကာ အောင်မြင်မှုများ ရရှိနိုင်သည်။ အရင်နှစ်က အဆိုးများ ဘယ်ပျောက်သွားသလဲ ထင်မှတ်ရလောက်အောင် ကံအလွန်ကောင်းနေမည်၊ သို့သော်လည်း မိမိရဲ့ ဝီရိယကိုတော့ လိုအပ်ပေမည်။ မိမိထက်ရာထူးကြီးသူ ၊ ငွေကြေးချမ်းသာသူများမှ မိမိအား ကူညီစောင့်ရှောက်ပေးလိမ့်မည်။ ကံကောင်းခြင်းများ ကြာရှည်စေရန် တရားအားထုတ်ခြင်းနဲ့ အလှူအတန်းဒါနပြုပါ။ သို့သော်လည်း လူလိမ်ခံရခြင်း၊ ရောင်းမှားဝယ်မှားဖြစ်ခြင်း များ ကြုံတွေ့ရတတ်သည်။မောင်နှမ၊ ဆွေမျိုးများနဲ့လည်း အမွေကိစ္စမျိုးတွေမှာ အချင်းများစရာများ ကြုံတွေ့ရနိုင်သည်။ အချစ်ရေးမှာတော့ စိတ်ချမ်းသာခြင်း၊ စိတ်အားငယ်ရခြင်းတွေက အကောင်းအဆိုးဒွန်တွဲနေလိမ့်မည်။



ကုမ်ရာသီဖွား

------

သိကျွမ်းခဲ့ဘူးသော မိတ်ဆွေဟောင်းများနဲ့ စပ်တူလုပ်ကိုင်ရသော လုပ်ငန်းမျိုးတွေမှာ အဆင်ပြေနေမည်။ မိမိလုပ်ကိုင်သော လုပ်ငန်းပေါ်တွင် ယုံကြည်စိတ်ထားကာ ရဲရဲဝံ့ဝံ့ လုပ်ကိုင်ပါ။ ဝန်ထမ်းများအတွက်ကတော့ မိမိထက်ငယ်ရွယ်သူများနဲ့ အတူတူတာဝန်ယူ လုပ်ကိုင်ခြင်းတွေမှာ ပိုမိုအဆင်ပြေလိမ့်မည်။ မိမိအကျိုး သူတစ်ပါးအကျိုးကို ကြည့်ပြီး လုပ်ကိုင်ခြင်းက မိမိအတွက် ပိုမိုအကျိုးဖြစ်ထွန်းလာလိမ့်မည်။ အချစ်ရေးက ကံဇာတာတက်နေပေမည်။ တစ်ဖတ်သက်ချစ်ခြင်း ခံရတတ်သည်။ ချစ်သူရည်စား ရှိသူများအနေနဲ့ကတော့ မိမိချစ်သူနဲ့ လက်တွဲမဖြုတ်ပဲ ရှေ့ဆက်လျှောက်လှမ်းရလိမ့်မည်။ ပညာရေးမှာတော့ အနှောင့်အယှက် အနည်းငယ်ကြုံတွေ့ရတတ်သည်။


မိန်ရာသီဖွား

----

လောင်းကစား အလုပ်တွေနဲ့ အကျိုးပေးနေမည်။ မိမိတစ်ခါမှ မလုပ်ဖူးသော လုပ်ငန်းမျိုး ၊ အသစ်အဆန်းတစ်ခုခုကို စတင်ခြင်းဖြင့် အဆင်ပြေနိုင်သည်။ လောင်ကစားများမှ များများဝင်ပြီး မြန်မြန်ပြန်ထွက်နိုင်တာကြောင့် မိမိနဲ့သင့်တော်မှန်ကန်တဲ့ အလုပ်မျိုးကိုသာ ရွေးချယ်လုပ်ကိုင်ပါ။ အချစ်ရေးမှာတော့ ကံကောင်းလှသည်မဟုတ်ပါ၊ သို့သော်လည်း ကံဆိုးသည်တော့လည်း မဟုတ်ပါ။ အဆိုးအကောာင်း ဒွန်တွဲနေလိမ့်မည်။ မိသားစုထဲတွင် မိသားစုဝင်တစ်ဦးဦးမှ သင့်အနားကနေ ထွက်ခွာသွားနိုင်သည်။




က္က