ဇူလိုင်လ (၄) ရက်နေ့
Thinzar Win

မိဿရာသီဖွား  >>   အဆင်မပြေဖြစ်နေတဲ့ ကိစ္စများကို ကောင်းမွန်စွာဖြေရှင်းဆောင်ရွက်နိုင်လိမ့်မည်။ 

ပြိဿရာသီဖွား  >>  စိတ်ပျက်အားငယ်စရာတွေ ကျော်လွန်ပြီး ခိုင်မာတဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်လိမ့်မည်။

မေထုန်ရာသီဖွား >>   ကောင်းတာတွေးရင် ကောင်းတာတွေဖြစ်လာပြီး မကောင်းတာတွေတွေးရင် အတွေးနောက်ကိုလိုက်ပြီး ဖြစ်ပျက်တတ်သည်ကို ဂရုပြုပါ။

ကရကဋ်ရာသီဖွား >>  လမ်းပျောက်နေသကဲ့သို့ ခံစားနေရသူတွေ မိမိနဲ့ အသင့်တော်ဆုံးသော အနာဂတ်ခရီးလမ်းကို ချစ်ခင်ရသူတစ်ဦးဦးရဲ့ အကူအညီနဲ့ ရှာတွေ့နိုင်လိမ့်မည်။

သိဟ်ရာသီဖွား   >> လုပ်ငန်းနဲ့ မိသားစုတွေကြားက စိတ်ညစ်စရာတွေကို စိတ်ကိုတင်းပြီး ကျော်ဖြတ်ပါ။   

ကန်ရာသီဖွား  >>   အာမခံခြင်း ကိစ္စတွေကို ရှောင်ရှားပါ။ ထိုသို့ရှောင်ရှားခြင်းမှ အခြားတစ်ဖက်တွင် သင့်အတွက် ငွေကြေးကိစ္စတွေ ၊ သင်မျှော်လင့်ထားတဲ့ လုပ်ငန်းတစ်ခုခုမှ သတင်းကောင်းကြားရတတ်သည်။

တူရာသီဖွား  >>   ဆုံးဖြတ်ချက်တွေကို မိမိကိုယ်ကို ယုံကြည်မှုရှိစွာ ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ။ ထိုသို့ ဆုံးဖြတ်ခြင်းက သင့်အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေလိမ့်မည်။ 

ဗြိစ္ဆာရာသီဖွား  >> သင့်အတွက် စိတ်ချမ်းမြေ့စရာ အချိန်အခါလေးတွေ တည်မြဲနိုင်လိမ့်မည်။

ဓနုရာသီဖွား >>  ဇွဲကိုအရင်းခံပြီး အောင်မြင်မှုတွေ ရရှိနိုင်လိမ့်မည်။ သင်ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှုတွေ ရရှိနိုင်အောင် သင့်ကံက ပံ့ပိုးပေးလိမ့်မည်။ 

မကာရ ရာသီဖွား  >>   ရင်းနှီးပြီး လုပ်ကိုင်ထားသော လုပ်ငန်းများမှ အကျိုးအမြတ်များစွာ ရရှိနိုင်သည်။ 

ကုမ်ရာသီဖွား  >>  အချစ်ရေး အချစ်ရာမှာ ကံအလွန်ကောင်းနေမည်။ ငယ်ရည်စားနဲ့ ပြန်အဆင်ပြေခြင်း ၊ ချစ်သူဟောင်းနဲ့ ပြန်ဆုံခြင်း စတဲ့ ကိုယ်လက်လျော့လိုက်ရပြီးမှ ပြန်ရတတ်တဲ့ သဘောဆောင်နေသည်.။

မိန်ရာသီဖွား   >>   အပြောင်းအလဲကြီးနဲ့ ကြုံတွေ့ရလိမ့်မည်။ အရင်က မိမိပြုလုပ်ခဲ့တဲ့ ကောင်းမှု၊မကောင်းမှု နှစ်ခုစလုံးနဲ့ သက်ဆိုင်တဲ့ ပြောင်းလဲမှုမျိုး ဖြစ်လာလိမ့်မည်။



Author


က္က